Posts

Showing posts from December, 2018

"ဟန်ချက်ကြားမှ နဘုလယ်ဒေသ"

Image
  အစီရင်ခံစာအကျဉ်းချုပ် ကမ္ဘာ့အကြီးဆုံးသော စီမံကိန်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော စီမံကိန်းတစ်ခုသည် ရပ်တန့်လျက်ရှိသည်။ ထိုစီမံကိန်းကား မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပင်ဖြစ်သည်။ အချိန်ဘယ်လောက်ကြာကြာ ရပ်ဆိုင်းနေမည်လဲ။ မြန်မာအစိုးရအနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့ထားလိုက်သည်။ ဒေသနေလူထု ဆန့်ကျင် ကန့်ကွက်မှုနှင့် ရင်းနှီးမြှပ်နှံမှု အခက်အခဲတို့ကြောင့်ဖြစ်သည်။ သို့သော် မကြာသေးမီက အစိုးရနှင့်စီမံကိန်း အကောင်အထည်ဖော် သူများဆီမှ ထွက်ပေါ်လာသော ထုတ်ပြန်ချက်များအရ စီမံကိန်းပြန်လည်စတင်မည့် အရိပ်အယောင်များထွက်ပေါ်လျက်ရှိသည်။ ဒေသနေလူထု၏ စီမံကိန်းအပေါ် ထင်မြင်ယူဆချက်များအား ယခင်က သုတေသနများ ပြုလုပ်ခဲ့ဖူးသော်လည်း စီမံကိန်းဆိုင်းငံ့ခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ထိုကဲ့သို့သော လေ့လာ ဆန်းစစ်မှု ထပ်မံပြုလုပ်ခဲ့ခြင်းမရှိပေ။ ယခုအစီရင်ခံစာတွင် စီမံကိန်းကြောင့် တိုက်ရိုက်အကျိုး သက်ရောက်သူများ၏ မျှော်လင့်ချက်များနှင့် ပူပန်သောကများ၊ စိတ်ကူး စိတ်သန်းများနှင့် အမြင် သဘောထားများကို တင်ပြထားသည်။ အထူ...