"ဟန်ချက်ကြားမှ နဘုလယ်ဒေသ"






 
အစီရင်ခံစာအကျဉ်းချုပ်
ကမ္ဘာ့အကြီးဆုံးသော စီမံကိန်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော စီမံကိန်းတစ်ခုသည်
ရပ်တန့်လျက်ရှိသည်။ ထိုစီမံကိန်းကား မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း
ပင်ဖြစ်သည်။ အချိန်ဘယ်လောက်ကြာကြာ ရပ်ဆိုင်းနေမည်လဲ။ မြန်မာအစိုးရအနေဖြင့် ထားဝယ်
အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့ထားလိုက်သည်။ ဒေသနေလူထု ဆန့်ကျင်
ကန့်ကွက်မှုနှင့် ရင်းနှီးမြှပ်နှံမှု အခက်အခဲတို့ကြောင့်ဖြစ်သည်။ သို့သော် မကြာသေးမီက အစိုးရနှင့်စီမံကိန်း
အကောင်အထည်ဖော် သူများဆီမှ ထွက်ပေါ်လာသော ထုတ်ပြန်ချက်များအရ စီမံကိန်းပြန်လည်စတင်မည့်
အရိပ်အယောင်များထွက်ပေါ်လျက်ရှိသည်။
ဒေသနေလူထု၏ စီမံကိန်းအပေါ် ထင်မြင်ယူဆချက်များအား ယခင်က သုတေသနများ
ပြုလုပ်ခဲ့ဖူးသော်လည်း စီမံကိန်းဆိုင်းငံ့ခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ထိုကဲ့သို့သော လေ့လာ
ဆန်းစစ်မှု ထပ်မံပြုလုပ်ခဲ့ခြင်းမရှိပေ။ ယခုအစီရင်ခံစာတွင် စီမံကိန်းကြောင့် တိုက်ရိုက်အကျိုး
သက်ရောက်သူများ၏ မျှော်လင့်ချက်များနှင့် ပူပန်သောကများ၊ စိတ်ကူး စိတ်သန်းများနှင့် အမြင်
သဘောထားများကို တင်ပြထားသည်။ အထူးစီးပွားရေးဇုန်စီမံကိန်း ဧရိယာအတွင်းမှ ရွာသူ ရွာသား
များ၏ အထူးစီးပွားရေးဇုန် အပေါ်နားလည် သဘောပေါက်မှုအား မှတ်တမ်းတင်ထားသလို ၄င်းတို့၏
လူနေမှုဘ၀နှင့် အသက်မွေးမှုများအပေါ် မည်သို့သက်ရောက်နိုင်မည်ကိုလည်း တစေ့တစောင်း
လေ့လာထားသည်။
ဒေသနေလူထုတို့ရဲ့ အမြင်၊ စိတ်ကူးစိတ်သန်း အယူအဆ သဘောထားတွေနဲ့ မျှော်လင့်
ချက်တွေက ဘာတွေလဲ။ စီမံကိန်းအပေါ် လုံးလုံးလျားလျား ရာနှုန်းပြည့် မထောက်ခံကြသလို
စီမံကိန်းအား အကြွင်းမဲ့ ကန့်ကွက်တာမျိုးလည်း ရှားပါးကြောင်း အစီရင်ခံစာက ဖော်ညွှန်းနေသည်။
၎င်းတို့၏ အမြင်များမှာ ရှုပ်ထွေးကြသည်။ မှတ်ချက်များမှာ ထွေပြားနေပြီး တခါတရံ ရှေ့နောက်
မညီဖြစ်နေတတ်သည်။ ရွာသူရွာသားများအကြား အမြင်မတူမှုများကို မကြာခဏတွေ့ရပြီး အခြား
ရွာသူရွာသားတွေရဲ့ အမြင်သဘောထားကို နားလည်သည်ဟု ပြောဆိုကြသော်လည်း တခါတရံ
အငြင်းအခုံဆီသို့ ရောက်သွားတတ်သည်။ နဘုလယ်ရွာတွေမှာ မည်ကဲ့သို့သော အုပ်စုများ တည်ရှိပြီး
ထိုအုပ်စုများတွင် စီမံကိန်းအပေါ် မည်သို့သော မတူကွဲပြားသော အမြင်များနှင့် အယူအဆများရှိကြောင်း
စသည်ဖြင့် အစီရင်ခံစာတွင် အချို့သောတွေ့ရှိချက်များကို လှစ်ဟပြထားသည်။
မည်သို့ပင်ဆိုစေကာမူ ရွာသူရွာသားတို့ဆီမှ သတင်းစကားမှာ ရှင်းလင်းသည်။ အလုံးစုံ
ခြုံငုံကြည့်လျှင် ပါဝင်ဖြေဆိုကြသော ရွာသူရွာသားတို့၏ အလုပ်အကိုင်၊ အခြေခံအဆောက်အအုံ
နှင့်ငွေကြေး လျော်ကြေး တို့အပေါ်ရှိသော အာသီသကို မြင်ရသည်။ ထိုအရာများကိုလည်း စီမံကိန်းက
ဆောင်ကျဉ်းလာမည် ဟု ယုံကြည်ကြသည်။ ထိုကဲ့သို့သော အကျိုးကျေးဇူးများ အမှန်တကယ်ဆောင်ကျဉ်း
လာနိုင်ခြင်းရှိမရှိ ဆိုတာမေးခွန်းထုတ်ကြသလို ဘယ်လောက်အထိ ဆောင်ကျဉ်းလာနိုင်ချေရှိသလဲ
ဆိုသည့်အချက်ကို သံသယ၀င်ကြမည်ဆိုလျှင်လည်း ထိုသို့ သံသယ၀င်စရာ အကြောင်းပြချက်များ
ရှိပါသည်။ ဒေသနေလူထုအနေဖြင့် အထူးစီးပွားရေးဇုန်ဆိုတာထက် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်
လျက်ရှိသော အလုပ်အကိုင်၊ ရုပ်ဝတ္တု ဖွံ့ဖြိုးမှုနှင့် စီးပွားရေးဖူလုံမှုစသော အကြောင်းအရာများ
အပေါ်တွင်သာ ဆွေးနွေးငြင်းခုံရန် ဆန္ဒရှိကြသည်။ အထူးစီးပွားရေုးဇုန်သည် ထိုအရာများကို
အမှန်တကယ် ဆောင်ကျဉ်းလာခြင်းမရှိသည့်အပြင် ရွာသူရွာသားတို့၏ လူမှုဘ၀နှင့်အသက်မွေးကျောင်း
တို့ကို ပိုမိုဆိုးရွားလာစေသလို အထူးစီးပွားရေးဇုန် လုံးဝမရှိဘဲ အလုပ်အကိုင်၊ ရုပ်ဝတ္ထုဖွံ့ဖြိုးမှုနှင့်
စီးပွားရေးဖူလုံမှုတို့ကို ရရှိနိုင်ကြောင်းလည်း အထောက်အထားများ ရှိသည်။
တနည်းဆိုရသော် သုတေသနလုပ်ငန်းစဉ်၏ အဓိကအကြောင်းအရာ လေးချက်ဖြစ်သော
သတင်းအချက်အလက်ရရှိမှု ၊ အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင်နှင့် လူမှုလိင် သို့မဟုတ်
ကျားမကဏ္ဍတို့နှင့် ဆက်နွယ်လျက် အောက်ပါအချက်များကို ရွာသူရွာသားများအနေဖြင့် တောင်းဆိုထား
သည်။ (နောက်ပိုင်းတွင် လူမှုလိင် (သို့မဟုတ်) ကျားမကဏ္ဍကို ကျားမကဏ္ဍဟုသာ ဆက်လက်သုံးစွဲ
သွားမည်ဖြစ်သည်။
ရှင်းလင်းသော စနစ်ကျသော တန်းတူညီမျှဖြစ်သော သတင်းအချက်အလက်များ
ပွင့်လင်းသော သာတူညီမျှ မျှတသော လျော်ကြေးလုပ်ငန်းစဉ်များ
နဂိုမူလအခြေအနေ ထက်ပိုမိုကောင်းမွန်မှ ပြောင်းရွှေ့ရန် (သို့မဟုတ်) နဂိုလူမှုဘ၀ အရည်
အသွေးမရလျှင် မပြောင်းရွှေ့ရန်
ဒေသနေလူထုအား အကျိုးဖြစ်ထွန်းစေမည့် အလုပ်အကိုင်ကဏ္ဍ နှင့် အခြေခံ အဆောက်အဦ
များတွင် ရင်းနှီးမြှပ်နှံရန်
ထားဝယ်၏ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ရာထူးကြီးငယ်၊ လူတန်းစား၊ အသက်
အရွယ် လူမှုလိင် သို့မဟုတ် ကျားမကဏ္ဍ မရွေး အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရန်
ရွာသူရွာသားများ၏ ယေဘုယျ အမြင်သဘောထား နှင့် မျှော်လင့်ချက်များကို ဖော်ထုတ်ရန်၊
ရပ်ရွာအတွင်းရှိ မတူညီသော အုပ်စုများအကြား ကွဲပြားသော ဆက်ဆံရေးနှင့် အထူးစီးပွားရေးဇုန် အပေါ်
အမြင်များကို ပိုမို သိရှိစေရန် ဤသုတေသနက ရည်ရွယ်သည်။ အကြောင်းအချက်လေးခုနှင့်ဆက်နွယ်ေ
သာ တွေ့ရှိချက်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
သတင်းအချက်အလက်ရရှိမှု
ဒေသနေရွာသူရွာသားများ ဦးစွာပြောဆိုသည်ကား ပွင့်လင်းမြင်သာမှုမရှိသော အခြေအနေ
ဖြစ်သည်။ သူတို့အနေဖြင့် စီမံကိန်းနှင့်ပတ်သက်သော အခြေခံအချက်အလက်များကိုပင် ရှင်းရှင်း
လင်းလင်း မသိရှိကြရပေ။ အထူးစီးပွားရေးဇုန်အတွင်း မည်သို့သောစက်ရုံများ တည်ရှိမှာလဲ၊ ပြန်လည်
နေရာချထားရေးကို မည်သို့ ဆောင်ရွက်ထားသလဲ စသည့်အချက်အလက်များမှာ ခုချိန်ထိ မပီဝိုးတ၀ါး၊
အာဏာပိုင်များနှင့်ရပ်ရွာအတွင်း ပေါက်ရောက်သူများအနေဖြင့် သတင်းအချက်အလက် ပိုမိုရရှိကြပြီး
အများစုမှာ အမျိုးသားများဖြစ်ကြောင်းတွေ့ရသည်။
အစီရင်ခံစာအကျဉ်းချုပ် 
အထူးသဖြင့်မြေယာ အရောင်းအ၀ယ်များနှင့်ဆက်စပ်ပြီး ရှုပ်ထွေးမှုများက ကြီးစိုးလျက်
ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြေယာသိမ်းဆည်းခြင်းအတွက် လျော်ကြေးရမှာလား၊ ဘယ်လောက်
ရမှာလဲ စသည့် မြေသိမ်းလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း
ရွာသူရွာသားများက ပြောကြသည်။ စီမံကိန်းနှင့်ပတ်သက်သော အခြေခံအချက်အလက်များ၊ စီမံကိန်းမှ
ဒေသနေလူထုအပေါ်သက်ရောက်နိုင်ချေများ စသည်တို့ကို မသိရှိခြင်းတို့ကြောင့် ၄င်းတို့အနေဖြင့်
ရှင်းလင်းပြတ်သားသော အမြင်သဘောထားနှင့် မျှော်လင့်ချက်များ ထားရှိရန် အခက်အခဲ ကြုံနေရသည်။
ဒေသနေလူထုအနေဖြင့် ရှင်းလင်းသော စနစ်ကျသော တန်းတူညီမျှဖြစ်သော အချက်အလက်ရရှိရန်
ဆန္ဒရှိကြသည်။
အသက်မွေးဝမ်းကြောင်း
စီမံကိန်း အကောင်အထည်ဖော်သည့် ကနဦးအဆင့်မှစ၍ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊
ကျောက်ထုတ်လုပ်ငန်းကြောင့် လယ်မြေများ ပျက်စီးမှု၊ မြေယာသိမ်းဆည်းမှုများနှင့် အခြားထိခိုက်မှုများ
စသည်ဖြင့် အသက်မွေးဝမ်းကြောင်းအပေါ် ထိခိုက်မှုများမှာ တစ်ရွာနှင့်တစ်ရွာ မတူကြချေ။ လျော်ကြေး
သည် ဒေသနေလူထုအတွက် မရှိမဖြစ်လိုအပ်သော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြဿနာကို
ကုစားမည့် အဖြေတစ်ခုအဖြစ် ယူဆကြသည်။ လူနည်းစုမှာ လျော်ကြေးရရှိထားကြသည်။ ပွဲစားများ၏
ခြေရှုပ်မှုများ၊ မြေသိမ်းမှုနှင့် မြေ၀ယ်ဈေးကစားမှုတို့အကြား မရှင်းလင်းမှုများရှိနေသလို ရပ်ရွာအတွင်း
ပေါက်ရောက်သူများက လျော်ကြေးပိုရရှိနေမှုများအပေါ် မကျေနပ်မှုများ တိုးပွားလျက် ရှိသည်။
သြဇာပါဝါ ရှိသူများက လျော်ကြေးကို မိမိတို့၏ ပုဂ္ဂလအမြတ်အစွန်းရရှိရန် အခွင့်အလန်းအဖြစ်
မြင်ကြသည်။ အချို့မှာ စီမံကိန်းလုပ်ငန်းများကြောင့် အသက်မွေးဝမ်းကြောင်းအပေါ် အကြီးအကျယ်
ထိခိုက်ခဲ့ကြသည်။ ရလာဒ်အနေဖြင့် အခက်အခဲကို အမြန်ဆုံးဖြေရှင်းနိုင်ရန် လျော်ကြေးသည်သာ
အားကိုရာအဖြစ်မြင်ကြသည်။ အချို့သော ရွာသူရွာသားများအကြားတွင် လျော်ကြေးလိုချင်သည့်
အာသီသမှာ ပျံ့နှံ့လျက်ရှိသည်။ သုတေသနအတွင်း တွေ့ဆုံမေးမြန်းခဲ့သူအားလုံးနီးပါးက ပွင့်လင်းသော၊
သာတူညီမျှ မျှတသော လျော်ကြေးပေးအပ်သည့် လုပ်ငန်းစဉ်များ ဖြစ်ပေါ်ရန် တောင်းဆိုကြသည်။
လူနည်းစုသာ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ သိရှိကြသည်။ ပြန်လည်နေရာချထားသည့်
နေရာကို လက်ရှိအသက်မွေးဝမ်းကြောင်းနှင့် လူနေမှုအဆင့်အတန်းအတိုင်း မဖန်တီးနိုင်လျှင် ပြောင်းရွှေ့
မည်မဟုတ်ကြောင်း ထပ်ခါထပ်ခါ ပြောဆိုကြသည်။ လောလောဆယ်အထိ ပြောင်းရွှေ့ရေး အပေါ်
အမြင်များသည် သြဇာပါဝါ၊ ၀င်ငွေ၊ အသက်အရွယ် အပေါ်မူတည်နေသလို လူမှုရေး၊ယဉ်ကျေးမှုနှင့်
စိတ်ဝိညာဉ်ရေးရာ စသော ဓလေ့ထုံးတမ်းနှင့် သမိုင်းအပေါ် စိတ်ဝင်စားမှုများတွင်လည်း မူတည်နေသည်။
အလုပ်အကိုင်
အထူးစီးပွားရေးဇုန်တည်ဆောက်ရေးအတွက် အစိုးရ၏ အဓိကအကြောင်းပြချက်သည်
အလုပ်အကိုင် အခွင့်အလန်း ဖန်တီးပေးရေးဖြစ်သည်။ အထူးစီးပွားရေးဇုန်ကြောင့် ထားဝယ်သူ
ထားဝယ်သားများ အလုပ်အကိုင် အခွင့်အလန်းများ ရရှိလာမည်ဟု ပြောဆိုထားသည်။ အဆိုပါအချက်
သည် အထူးစီးပွားရေးဇုန် ဧရိယာအတွင်း နေထိုင်သူများအား အကြီးအကျယ်ရိုက်ခတ်မှုရှိသည်။ 
ထိုဒေသအတွင်း အများစုသည် အလုပ်အကိုင်အခွင့်အလန်းအတွက် ရွှေ့ပြောင်းလုပ်သားများအနေဖြင့်
ပြည်ပတွင် သွာရောက်လုပ်ကိုင် နေကြသောကြောင့်ဖြစ်သည်။ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားများကို
အလုပ်အကိုင်ဖန်တီးပေးခြင်းဖြင့် အိမ်ပြန်ခေါ်ရေးသည် အားကောင်းသော မျှော်လင့်ချက် (၀ါ)
အကြောင်းပြချက်ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံရှိ မတ်တဖွတ် အထူးစီးပွားရေးဇုန်၊ ရန်ကုန်အနီး သီလ၀ါ
အထူးစီးပွားရေးဇုန်နှင့် ဒေသတွင်းရှိ သာဓကများအရ နည်းပညာရှင်များ၊ မန်နေဂျာများ နှင့်အခြားဒေသမှ
လာရောက်လုပ်ကိုင်သူများဆီသို့သာ အလုပ်အကိုင်အခွင့်အလန်းများ ရောက်ရှိသွားပြီး ဒေသနေလူထု
အတွက် အလုပ်အကိုင်များ ထင်သလောက် ဖန်တီးပေးနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ အလုပ်အကိုင်
များတွင် ဒေသခံများကို ဦးစားပေး မည်လား။ ထိုင်းအလုပ်သမားနှင့် မြန်မာအလုပ်သမားများ အကြား
တူညီသော အလုပ်တာဝန်များအတွက် လုပ်ခလစာများကို တန်းတူညီမျှခံစားခွင့်ရှိ မည်လား။ ကျယ်ဝန်း
လှသော အထူးစီးပွားရေးဇုန် ကြီးကိုကျော်ဖြတ်ပြီး အလုပ်ခွင်သို့ မည်သို့သွားရောက်ကြမည်နည်း။
အလုပ်အကိုင်များသည် လူငယ်တွေအတွက်ပဲလား၊ လူကြီးတွေ အမျိုးသမီးတွေအတွက်ရော အလုပ်
ရမည်လား။ ပညာတတ်တွေပဲအလုပ်ရသွားမလား၊ အတန်းပညာ နိမ့်သူတွေအတွက်ရော အလုပ်ရှိပါ့
မလား စသည့် မေးခွန်းပေါင်း များစွာဖြင့် သူတို့၏ စိုးရိမ်ပူပန်မှုနှင့်သောကများကို စီမံကိန်းဧရိယာအတွင်းမှ
ရွာသူရွာသားများက ဖွင့်ဟကြသည်။ စိုက်ပျိုးရေးအပေါ် ဘ၀တလျှောက်လုံး လုပ်ကိုင်စားသောက်
လာသော အသက်အရွယ်ကြီးရင့် သူတို့အတွက် မြေယာမရှိလျှင် သူတို့၏ အသက်မွေးဝမ်းကြောင်းကို
ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မသေချာကြောင်း စိုးရိမ်သောကကို ထုတ်ဖော်ကြသည်။
ကျားမကဏ္ဍ
ကျားမကဏ္ဍကား သုတေသန၏ အခြားသော ဧရိယာများဖြစ်သော သတင်းအချက်
အလက်ရရှိမှု၊ အလုပ်အကိုင်၊ ပြောင်းရွှေ့နေရာချထားမှုတို့နှင့်အပြန်အလှန် ဆက်စပ်လျက်ရှိသည်။
အထူးစီးပွားရေးဇုန်အတွင်းရှိ အမျိုးသမီးများ၏ မှတ်ချက်စကားအရ စီမံကိန်းအချက်အလက်ကို
အမျိုးသားများက အမျိုးသမီးများထက် ပိုမိုရရှိနိုင်ချေရှိကြောင်း ဖော်ပြနေသည်။ ထို့အပြင်
အထူးစီးပွားရေးဇုန် ပြန်လည်စတင်မည်ဆိုလျှင် ရှပ်၊ခရုတို့ ကောက်ယူရောင်းချခြင်းဖြင့် အသက်မွေးသော
အမျိုးသမီးများမှာ အားကိုးရာမဲ့ဖြစ်နိုင်ကြောင်း ပြောဆိုကြသလို ယောင်္ကျားလေးများမှာ မိန်းကလေး
များထက် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူခွင့်ရနိုင်ချေရှိကြောင်း ၊ ဤသို့ဖြင့် အမျိုးသားများက
အမျိုးသမီးများထက် အသက်မွေးဝမ်းကြောင်း အပြောင်းအလဲအတွက် အခွင့်အလန်းပိုရှိနေကြောင်း နှင့်
နည်းပညာနှင့်စွမ်းရည်အပေါ် အလေးပေးသော အလုပ်အကိုင်များအတွက် အမျိုးသားများက အခွင့်အ
လန်းပိုနေကြောင်းစိတ်ဝင်စားဖွယ်တွေ့ရသည်။ ထို့အပြင် အမျိုးသားများမှာ အမျိုးသမီးများထက်
မြေသိမ်း ယာသိမ်းနှင့် ငွေကြေးလျော်ကြေးများအပေါ် သြဇာနှင့်လွှမ်းမိုးမှု ပိုရှိနေကြောင်း မှတ်ချက်ပြု
ပြောဆိုကြသည်။ သုတေသနပြုလုပ်ခဲ့သော ရွာများတွင် ကုန်သွယ်ရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး နှင့်
ဘာသာရေး လုပ်ငန်းများများတွင် အမျိုးသားများသာ ကြီးစိုးထားကြောင်းတွေ့ရသည်။ အထူးစီးပွားရေးဇုန်
စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများအကြား ကျားမကဏ္ဍအကြား အနိမ့်အမြင့် ကွာခြားမှုသည်
အထူးစီးပွားရေးဇုန်ကြောင့် ပိုမိုဆိုးဝါးလာနိုင်သည်။
အစီရင်ခံစာအတွက် အချက်အလက်ကောက်ယူခြင်းကို၂၀၁၇ ခုနှစ် သြဂုတ်လ မှ ၂၀၁၈
ခုနှစ် ဖေဖော်ဝါရီလအတွင်း နဘုလယ်ဒေသအတွင်း ပရဒတ်၊ထိန်ကြီး၊ မူဒူး ၊၀က်ချောင်း၊ ခမောင်း 

နိဒါန်း
မထွေးသည် အထူးစီးပွားရေးဇုန် အတွင်း အဓိကနေရာဖြစ်သော နဘုလယ်မှ လယ်သမား
တစ်ဦးဖြစ်သည်။1 သူမ၏ ကျေးရွာအတွင်းရှိ အခြားသော လယ်သမား ၄၀ ကျော်ကဲ့သို့ သူမ၏
လယ်မြေမှာ ကျောက်မိုင်းလုပ်သည့် တောင်ခြေတွင် တည်ရှိသည်။ အထူးစီးပွားရေးဇုန် စီမံကိန်း
တည်ဆောက်ရေးအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရန် အဆိုပါတောင်ကို ကျောက်
ထုတ်လုပ်ငန်း လုပ်ကိုင်လာသောအခါ သူတို့၏ လယ်မြေများ အပေါ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မိုးရာသီတွင် ကျောက်မိုင်းဆီမှ မြေစာများ သူတို့လယ်များအပေါ် ကျရောက်ပြီး လယ်မြေများ
ထိခိုက်ပျက်စီးသွားသည်။ ၂၀၁၃ ခုနှစ်ကတည်းက စီမံကိန်း ဆိုင်းငံ့သွားသော်လည်း လယ်မြေများ
ထိခိုက်ပျက်စီးသွားသော သူတို့၏ ဒုက္ခကား အတောမသတ်နိုင်သေး။ မြေပေါ်ဆက်လက်ထွန်ယက်စိုက်
ပျိုးရန် မဖြစ်နိုင်တော့သဖြင့် မထွေးနှင့် လယ်သမားမိသားစုများမှာ အသည်းအသန် ရုန်းကန်ခဲ့ကြရသည်။
“လယ်မထွန်ရတာ အခုဆိုရင် ခြောက်နှစ်ရှိနေပြီ။ ဒီခြောက်နှစ်က ငတ်တလှည့်ပြတ်တစ်လှည့်ပဲ” ဟု
မထွေးက မနက်ခင်းတစ်ခုမှာ ဆိုသည်။2 သူမကဲ့သို့ ထိခိုက်နစ်နာခဲ့သူများကို လျော်ကြေးတစ်စုံတစ်ရာ
မပေးဘဲ စီမံကိန်း မစသင့်ကြောင်း သူမအနေဖြင့် ယူဆသည်။ “ဒီနည်းနဲ့ပဲ ကျွန်မတို့ရဲ့ ဆုံးရှုံးခဲ့ရတာတွေ
ဒုက္ခတွေကို ပြန်ပြီး အဖတ်ဆယ်နိုင်မယ်။”
ရွာအတွင်း မညီမညာလမ်းလေးတစ်ဖက်တစ်ချက်ရှိ မထွေး၏ အိမ်နီးချင်းတစ်ဦးဖြစ်သူ
ဦးဖြိုးကတော့ ပြည်ပနိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်နေကြသည့်
ရွာနီးခြောက်စပ်က လူတွေကို နေရပ်ပြန်ခေါ်ဖို့အတွက် တစ်ခုခု လုပ်ဖို့လိုပြီဟု ဆိုသည်။ ဦးဖြိုးလည်း
မထွေးကဲ့သို့ပင် မြေအနည်းငယ်ပိုင်သော လယ်သမားတစ်ဦးဖြစ်သည်။ အဓိကအားဖြင့် သီဟိုဠ် နှင့်
ကွမ်းပင် စိုက်သည်။ သူ့မိသားစု ပြန်လည်ပေါင်းစည်းကြလျှင် မည်သို့နေမည်ကို တွေးပြီးဦးဖြိုးက
ပြုံးသည်။ ခေါင်းတငြိမ့် ငြိမ့်နှင့်အပြုံး။ အန္တရာယ်မရှိတဲ့ စက်မှုဇုန်အသေးလေးဆိုရင် မဆိုးပါဘူးဟု
သူကအကြံပြုသည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လက်ရှိအစိုးရလက်ထက်
ဒီလိုဖြစ်လာမည်ဟု သူက ယုံကြည်သည်။ တဆက်တည်း ရွာအတွင်းက ဒေသနေရပ်ရွာလူထုအနေဖြင့်
ပြောင်းရွှေ့ဖို့ လက်ခံမည်မဟုတ်ဟု ဆိုသည်။ “စက်မှုဇုန် ဆောက်ချင်ရင်ရွာအပြင်မှာ ဆောက်လို့ရတာပဲ”
ဟု သူကအဆို ပြုသည်။ “ငါတို့က အလုပ်ပဲ လိုချင်တာ”။3
အထူးစီးပွားရေးဇုန်ကို နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်မှာ ဆယ်နှစ်နီးပါး
ကြာပြီဖြစ်သည်။ စီမံကိန်းလုပ်ငန်းများ စတင်နိုင်ရန် စီမံကိန်းအတွက် မူဘောင်သဘောတူညီမှု ရေးထိုးပြီး
သည်မှာ ရှစ်နှစ်ရှိပြီဖြစ်သည်။ ရင်းနှီးမြှပ်နှံမှုအခက်အခဲကြောင့်ဟု အကြောင်းပြကာ မြန်မာအစိုးရအနေဖြင့်
စီမံကိန်းကို ဆိုင်းငံ့ခဲ့သည်မှာလည်း ငါးနှစ်နီးပါး ရှိပြီဖြစ်သည်။ မထွေးနှင့်ဦးဖြိုးကဲ့သို့သော ရွာသူ
ရွာသားများမှာ အထူးစီးပွားရေးဇုန်အပေါ် အရင်က အသည်းအသန်ဆန့်ကျင်ကောင်း ဆန့်ကျင်ခဲ့ကြမည်။
အချို့ဆို အမျက်ဒေါသ ပေါက်ကွဲခဲ့ကြသည်။ သို့သော်လည်း ယနေ့အချိန်တွင်မူ နဘုလယ်ဒေသအတွင်းရှိ
လူထုတွင် ၀ိရောဓိဖြစ်နေသူ ဝေခွဲမရ ဖြစ်နေသူများ ပိုများလာသည်။ ယခု အစီရင်ခံစာသည်
အဆိုပါအခြေအနေများကို မှတ်တမ်းတင်ထားသည်။ အထူးစီးပွားရေးဇုန်နှင့် သက်ဆိုင်သည့်
နဘုလယ်ဒေသနေလူထု၏ ထွေပြားခြားနားသော ၀ိရောဓိ အမြင်များကို စူးစမ်းဖွေရှာထားသည်။
1 အစီရင်ခံစာအတွင်းအသုံးပြုထားသော အမည်များမှာ အမည်ရင်းများမဟုတ်ပါ။
2 IDI, Nabule, female. Anonymity precaution.
3 IDI, Nabule, male. Anonymity precaution.
နိဒါန်း
နောက်ခံအကြောင်းရင်းနှင့် ကျိုးကြောင်းဆက်နွယ်မှု
မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ
ရပ်ဆိုင်းလျက်ရှိသည်။ ဒေသနေလူထု ဆန့်ကျင်ကန့်ကွက်မှု နှင့် ရင်းနှီးမြှပ်နှံမှု အခက်အခဲတို့ကြောင့်
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင်မြန်မာအစိုးရမှ ဆိုင်းငံ့ထားလိုက်သည်။
ထိုစဉ်ကတည်းက စီမံကိန်းပြန်လည် စတင်မည်ဆိုသော သတင်းသည်ကား အမြဲကြားနေရသော
ကောလဟာလ တစ်ခုဖြစ်သည်။ ၂၀၁၇ခုနှစ် တွင် အစိုးရနှင့် ကုမ္မဏီတာဝန်ရှိသူများထံမှ စီမံကိန်း
ပြန်လည်စတင်မည့် ကြေညာချက်များ ခပ်စိပ်စိပ်ထွက်လာပြီး စီမံကိန်းတကျော့ပြန်စတင်ရန် အားယူ
လျက်ရှိသည်။ စီမံကိန်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်အတွင်း ပြန်လည်
စတင်နိုင်ချေရှိသော်လည်း စီမံကိန်းကိုမည်သည့်အချိန်တွင် ပြန်လည်စတင်မည် သို့မဟုတ် စီမံကိန်း
ပြန်လည်စတင်ခြင်းသည် စီမံကိန်းဧရိယာနှင့် အနီးအနားရှိ ဒေသနေလူထုအပေါ် မည်သို့သက်ရောက်မှု
ရှိမည် စသည်တို့က မရှင်းလင်းသေး။ စီမံကိန်း စတင်စဉ်ကတည်းက အထူးစီးပွားရေးဇုန် အတွင်းရှိ
ဒေသနေလူထု၏ အမြင်များကို စနစ်တကျသုတေသနများပြုလုပ်ခဲ့ကြသော်လည်း စီမံကိန်း ဆိုင်းငံ့ပြီး
နောက် ထိုကဲ့သို့သော သုတေသနလေ့လာမှုများလည်း ပြုလုပ်ခဲ့ခြင်းမရှိပါ။ ဤအစီရင်ခံစာသည်
ထိုကွက်လပ်ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးရန် မျှော်လင့်သည်။ အထူးစီးပွားရေးဇုန်
ဧရိယာအတွင်းမှ ဒေသနေလူထု၏ အမြင်သဘောထားနှင့်မျှော်လင့်ချက်များကို မှတ်တမ်းတင်ထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ကမ္ဘာ့အကြီးဆုံး အခြေခံအဆောက်အဦ စီမံကိန်း
များတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ စီမံကိန်းစတင်စဉ် မျှော်မှန်းချက်ဖြစ်သော အမေရိကန်ဒေါ်လာ ၅၈
ဘီလျံရှိ စီမံကိန်းတန်ဖိုးနှင့် စတုရန်းကီလိုမီတာ ၂၀၀ ကျော်ရှိ အကျယ်အ၀န်းတို့ကို ကြည့်လျှင်
စီမံကိန်း၏ အတိုင်းအဆကို သဘောပေါက်မည်ဖြစ်သည်။ လက်ရှိအချိန်အထိ အရှေ့တောင်အာရှတွင်
အရွယ်အစားနှင့် တန်ဖိုးအကြီးဆုံး စီမံကိန်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံရှိ အကြီးဆုံး
စက်မှုဇုန်တစ်ခုဖြစ်သော မတ်တဖွတ် (Map Ta Phut ) ထက် ခုနစ်ဆကြီးသည်။ ၂၀၁၀ ခုနှစ်တွင်
စီမံကိန်း၏ တရားဝင်ထုတ်ပြန်သော ပင်မစီမံကိန်း အစီအစဉ် (Master Plan) တွင် ရေနက်ဆိပ်ကမ်း
တစ်ခု ၊ ကျယ်ဝန်းလှသော ရေနံဓါတုစက်ရုံ ဇုန်တစ်ခု၊ အသေးစားစက်မှုလုပ်ငန်းများ နှင့်အလုပ်သမားအ
များအပြားလိုအပ်သော စက်ရုံများပါဝင်သော စက်မှုဇုန် တစ်ခု၊ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ၊
ရေလှောင်ကန် နှင့် ဆည် ၊ အလုပ်သမားများနေထိုင်ရန် မြို့သစ်၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ၊
ထိုင်းနိုင်ငံသို့ရထားလမ်းနှင့် ကားလမ်းများ ပါဝင်သည်။ စစ်အစိုးရခေတ် နှောင်းပိုင်းအချိန်တွင် စတင်
သော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ရည်မှန်းချက်ကြီးလွန်းသည်။ တရုတ်နိုင်ငံ၏ ပုလဲမြစ်ဝ
ကျွန်းပေါ်ဒေသတွင် တည်ဆောက်ထားသည့် ရှင်ကျင်း (Shenzhen) အထူးစီးပွားရေးဇုန် ပုံစံထက်မနိမ့်
ဟု ထိုစဉ်က ပြောဆိုခဲ့ကြသည်။4
4 Aung Min and Toshihiro Kudo (2012), “Newly Emerging Industrial Development Nodes in Myanmar:
Ports, Roads, Industrial Zones along Economic Corridors,” in Masami Ishida (ed.), Emerging Economic
Corridors in the Mekong Region, Bangkok Research Centre Research Report No. 8, IDE-JETRO,
Bangkok; Dawei Development Association (DDA) (2014), Voices from the Ground: Concerns over
the Dawei Special Economic Zone and Related Projects, Dawei, Myanmar, DDA; International Herald
Tribune (11/26/10), “An Industrial Project That Could Change Myanmar,” available at https://www.
nytimes.com/2010/11/27/world/asia/27iht-myanmar.html (last accessed 4/23/18). 
အဆိုပါ မျှော်မှန်းချက် လက်တွေ့ဖြစ်လာမလာတော့ စောင့်ကြည့်ရအုံးမည်ဖြစ်သည်။ ၂၀၁၂
ခုနှစ် အစောပိုင်းက ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအပေါ် ဆန့်ကျင်ကန့်ကွက်မှုများနှင့်
အတူ စီမံကိန်းကို မြန်မာအစိုးရမှ ဖျက်သိမ်းခဲ့သည်။ စီမံကိန်းအဓိက အကောင်အထည်
ဖော်သည့် အီတာလျံထိုင်း Italian-Thai Development (ITD) ကုမ္မဏီအနေဖြင့် လျှပ်စစ်
စွမ်းအင် အရင်းအမြစ် မရှိသော စီမံကိန်းအတွက် ရင်းနှီးမြှပ်နှံမှုများ ရရှိရန် ရုန်းကန်ခဲ့ရသည်။
အီတာလျံထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ(အိုင်တီဒီ)သည် ထိုင်းနိုင်ငံအခြေစိုက်
ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုဖြစ်သည်။ ၂၀၁၃ခုနှစ် တွင် မြန်မာအစိုးရမှ အထူးစီးပွားရေးဇုန်
စီမံကိန်း တစ်ခုလုံးအား ဆိုင်းငံ့ထားခဲ့သည်။ ထို့နောက် စီမံကိန်းအကောင်အထည်ဖော်
သူများ ဖြစ်သည့် ITD နှင့်အခြားကုမ္မဏီများ အပါဝင် မြန်မာအစိုးရ နှင့် ထိုင်းအစိုးရ တို့သည်
စီမံကိန်း၏ ငွေကြေးထောက်ပံမှု၊ စီမံခန့်ခွဲမှု ပုံစံနှင့် စီမံကိန်းအစီအစဉ် တစ်ခုလုံးကို
  1. ပြန်လည်ဖွဲ့စည်းခဲ့သည်။5

အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သော government-to-government
စီမံကိန်း တစ်ခုဖြစ်လာသည်။ အစိုးရ၏ ပူးတွဲကော်မတီများက စီမံကိန်းအား ကြီးကြပ်
ဆောင်ရွက်လျက်ရှိသော်လည်း စီမံကိန်းနှင့်ပတ်သက်၍ ရေတိုမျှော်မှန်းချက်ကား မရှင်း
မလင်းဖြစ်နေဆဲဖြစ်သည်။ စီမံကိန်းပုံစံနှင့် စီမံခန့်ခွဲ့မှုများကို ပြန်လည်ဖွဲ့စည်းပြီး စီမံကိန်း
အကောင်အထည်ဖော်သူများသည် စီမံကိန်းကနဦးအဆင့်အား အာရုံစိုက်လုပ်ဆောင်ကြရန်
သဘောတူညီကြသည်။6
ကနဦးအဆင့်တွင် သဘာဝဓါတ်ငွေ့ သယ်ယူပို့ဆောင်ရေး နေရာ၊ ဓါတ်အားပေး
စက်ရုံ ၊ အသေးစားနှင့် အလတ်စားစက်ရုံများ ပါဝင်သည့်စက်မှုဇုန်တစ်ခု၊ အလုပ်သမား
များနေထိုင်ရန် မြို့သစ်စီမံကိန်းနှင့် ထိုင်းနိုင်ငံသို့သွယ်တန်းဖောက်လုပ်မည့် အဝေးပြေး
လမ်းမကြီး တို့ပါဝင်သည်။ စီမံကိန်း ကနဦးအဆင့်၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ
၁.၈ ဘီလျံဖြစ်ပြီး အရွယ်အစားမှာ ၂၇ စတုရန်းကီလိုမီတာ ဖြစ်သည်။ မူလစီမံကိန်း
တစ်ခုလုံးအား အပိုင်းလိုက်လျှော့ချလိုက်ပုံရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ၏ မကြာသေးမီက ထုတ်ပြန်ချက်များအရ စီမံကိန်း နှောင့်နှေးနေခြင်း
5 See Mekong Watch (2016), “Dawei SEZ Fact Sheet,” available at https://
mekongwatch.wordpress.com/2016/12/23/dawei-sez-factsheet/ (last accessed
23/4/18).
6 Htoo Thant (29/8/17), “Further Delays Hindering Initial Phase of Dawei SEZ Kick
Off,” Myanmar Times, available at https://www.mmtimes.com/news/further-delayshindering-initial-phase-dawei-sez-kick.html
(last accessed 23/4/18); The Nation
(31/1/15), “Initial Phase of Dawei SEZ to Begin This Year,” The Nation, available at
http://www.nationmultimedia.com/business/Initial-phase-of-Dawei-SEZ-to-beginthis-year-30253050.html
(last accessed 23/4/18).
နိဒါန်း
ကြောင့် စီမံကိန်းအပြည့်အ၀ အကောင်အထည်ဖော်ရေးအား ပြောင်းလဲကောင်းပြောင်းလဲနိုင်
သည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (JICA)မှ လေ့လာမှု ပြုလုပ် လျက်ရှိပြီး
ထိုလေ့လာမှုသည် စီမံကိန်းတစ်ခုလုံးအား မည်သို့မည်ပုံ အကောင်အထည် ဖော်မည်ကို
အဆုံးအဖြတ် ပေးမည်ဟု မီဒီယာများတွင် ဖော်ပြနေကြသည်။7
၂၀၁၂ ခုနှစ်တွင် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ အပါအ၀င် ထားဝယ်ရှိ ပြည်သူ့လူ့အဖွဲ့
အစည်းများသည် ကျောက်မီးသွေးဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အဓိက ပါဝင်ခဲ့ကြ
သည်။“ထားဝယ်တွင် ကျောက်မီးသွေး အလိုမရှိ” ဆိုသော ကြွေးကြော်သံများ စုပေါင်းဆန့်
ကျင်ကန့်ကွက်မှုများကို ထိုစဉ်က အများပြည်သူနှင့် ဆိုင်သော အခမ်းအနားများတွင်
ကျယ်ကျယ် လောင်လောင်ကြားရပြီး လက်ကမ်းစာစောင်များ၊ စတစ်ကာများနှင့်
စာနယ်ဇင်းများတွင် အများအပြားဖော်ပြခဲ့ကြသည်။ လေ့လာစောင့်ကြည့်သူများက ၂၀၁၀
အလွန် စစ်တပ်အုပ်ချုပ် မှုမှ အရပ်သားတစ်ပိုင်း စစ်အစိုးရသို့ အကူးအပြောင်းကာလဖြစ်သော
ပြုပြင်ပြောင်းလဲရေး ကာလတွင် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံရပ်တန့်ရေး
လူထုလှုပ်ရှားမှုကို အရပ်ဘက် အဖွဲ့အစည်းများ၏ ဒုတိယအောင်ပွဲအဖြစ် ရှုမြင်ကြသည်။8
ပထမအောင်ပွဲကား မြန်မာ ပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှ မြစ်ဆုံရေအားလျှပ်စစ်စီမံကိ
န်းအား ဆိုင်းငံ့နိုင်ခြင်းဖြစ် သည်။
ကျောက်မီးသွေးဆန့်ကျင်ရေး လှုပ်ရှားမှုများ ဒေသအလိုက်နှင့်တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် စာနယ်ဇင်း ခေါင်းကြီးပိုင်းတွေမှာ နေရာယူထားစဉ် လူသိသိပ်မများသော
လှုပ်ရှားမှုများလည်း ဖြစ်ပေါ်လျက်ရှိခဲ့သည်။ ရေလှောင်တမံဆောက်လုပ်ရန် အဆိုပြုထား
သော ကလုံးထာရွာမှ ရွာသူရွာသား များသည် ရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် တွေ့ဆုံ
ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ မပြောင်းရွှေ့ရရေးအတွက် အပြင်းအထန်
တောင်းဆိုပြီး အီတာလျံ ထိုင်းကုမ္မဏီမှ ကမ်းလှမ်းသော လျော်ကြေးနှင့် ပြန်လည်
နေရာချထားရေး အစီအစဉ်များကို ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့ကြသည်။ စီမံကိန်းလမ်း
ကြောင်းတလျှောက်ရှိ ကရင်ကျေးရွာများတွင်လည်း ကျေးရွာကော်မတီကွန်ယက်များ
ဖွဲ့စည်းပြီး လျော်ကြေးပမာဏ သတ်မှတ်ရေး အပါအ၀င် မြေယာလျော်ကြေးအတွက်
ညှိနှိုင်းရန် ဗျူဟာများ နည်းလမ်းများချမှတ်နိုင်ရန် တွေ့ဆုံပွဲများ ပြုလုပ်ကြသည်။
အထူးစီးပွားရေးဇုန်အတွက် အဓိကနေရာဖြစ်သည့် နဘုလယ်ဒေသအတွင်း ကျေးရွာများ
တွင် ကော်မတီများဖွဲ့စည်းခဲ့ကြပြီး ပြန်လည် နေရာချထားရေးဆိုင်ရာ သတ်မှတ်ချက်များ
ကို ငြင်းပယ်ခြင်း၊ လျော်ကြေးနှုန်းထားများကို တွန်းတွန်းတိုက်တိုက် တောင်းဆိုကြခြင်း၊
7 Su Phyo Win (1/24/18), “Dawei SEZ to Be Developed in Full,” Myanmar Times,
available at https://www.mmtimes.com/news/dawei-sez-be-developed-full.html (last
accessed 23/4/18).
8 Soe Lin Aung (2013), Towards Advocacy from Below: Democratizing Advocacy
on Responsible Investment in Transitional Myanmar: Case Studies from Dawei and
Kyaukphyu, internal discussion paper for Paung Ku, unpublished. 
ပြန်လည်နေရာချထားသည့်နေရာမှ နေအိမ်များကို ငြင်းဆန်ကြခြင်း၊ ပြောင်းရွှေ့နေရာချထားမှုဖြစ်စဉ်
တွင် အဆင့်လိုက်ဝင်ရောက် ခုခံငြင်းဆန်ကြခြင်းဖြင့် စုပေါင်းလုပ်ဆောင် ခဲ့ကြသည်။ 9
ထားဝယ်ရှိ ပြည်သူ့လူ့အဖွဲ့အစည်းများသည် အထက်ပါ ဖြစ်စဉ်များ လှုပ်ရှားမှုများတွင်
နည်းလမ်းပေါင်းစုံဖြင့် အချိန်အတော်ကြာကြာ ပါဝင်ကူညီ ပံ့ပိုးခဲ့ကြသည်။ လှုပ်ရှားမှုအားလုံးသည်
အထူးစီးပွားရေးဇုန်အတွင်း နေထိုင်သူတို့၏ အသံများကို တသမတ်တည်း စဉ်ဆက်မပြတ် အာရုံစိုက်
ခဲ့သည်။ အထူးသဖြင့် နဘုလယ်၊ ကလုံးထာနှင့် အထူးစီးပွားရေးဇုန်နှင့်ထိုင်းနိုင်ငံသို့ ဖောက်လုပ်ရာ
လမ်းကြောင်းတလျှောက်ရှိ ဒေသနေလူထု၏ အသံသဘော ဆန္ဒများကို တစိုက်စိုက်မတ်မတ် အလေး
ထားခဲ့သည်။ အထူးစီးပွားရေးဇုန်နှင့် သက်ဆိုင်သော အစီရင်ခံစာ နှစ်စောင်ဖြစ်သော ထားဝယ်အထူး
စီးပွားရေးဇုန်အပေါ် ဒေသခံများ၏ နားလည်သဘောပေါက်မှု အစီရင်ခံစာနှင့် လူထုကြားမှ အသံများ
သုတေသနအစီရင်ခံစာတို့သည် ထားဝယ်ဒေသရှိ ပြည်သူ့လူ့အဖွဲ့အစည်းများ၏ အဆိုပါ သန္နိဌာန်ကို
သက်သေခံလျက်ရှိသည်။ ပထမအစီရင်ခံစာကို ၂၀၁၂ ခုနှစ်တွင် ထားဝယ်ဒေသမှ ပြည်သူ့လူ့အဖွဲ့
အစည်းများမှ စုပေါင်းထုတ်ဝေခဲ့ခြင်းဖြစ်ပြီး လူထုကြားမှ အသံများ သုတေသနအစီရင်ခံစာကိုမူ ၂၀၁၄
တွင် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ဦးဆောင်ထုတ်ဝေခဲ့သည်။10
လက်ရှိအခြေအနေသည် ထိုစဉ်ကအခြေအနေများနှင့် မတူကွဲပြားကောင်းကွဲပြားမည်ဖြစ်
သော်လည်း ဒေသနေလူထု၏ အသံများကို တစိုက်မတ်မတ်အလေးထားလာခဲ့သည့်မူအတိုင်း ထားဝယ်
အထူးစီးပွား ရေးဇုန်ကြောင့် ထိခိုက်ခံစားရမည့် ဒေသနေလူထု၏ အမြင်သဘောထားနှင့်အတွေ့အကြုံတို့
ကို မှတ်တမ်းတင်ထားသည်။ အထူးသဖြင့် နဘုလယ်ဒေသရှိ ရွာ(၆) ရွာမှ ဒေသနေလူထု၏ အမြင်နှင့်
မျှော်လင့်ချက် တို့ကို အစီရင်ခံစာတွင် တစေ့တစောင်း လှစ်ဟပြထားသည်။
ရည်ရွယ်ချက် ၊ သုတေသန နည်းစနစ်နှင့် နယ်ပယ်အတိုင်းအတာ
သုတေသနအစီရင်ခံစာ၏ ရည်ရွယ်ချက်များမှာ အထူးစီးပွားရေးဇုန် ဧရိယာအတွင်းမှ
ဒေသနေလူထု၏ စီမံကိန်းပြန်လည်စတင်နိုင်ချေ ရှိသည့်အပေါ် အမြင်သဘောထားနှင့် မျှော်လင့်
ချက်များကို မှတ်တမ်းတင်ရန်၊ စီမံကိန်းဧရိယာအတွင်း အစုအဖွဲ့များ၏ အခြေအနေကို နားလည်
သဘောပေါက်ရန်၊ မြန်မာနှင့် ဒေသတွင်းရှိ စီမံကိန်းများမှ အတွေ့အကြုံများကို နှိုင်းယှဉ်ကာ အစိုးရနှင့်စီ
မံကိန်းတည်ဆောက်သူများ၏ ပြောဆိုချက်များနှင့် ဒေသနေလူထု၏ မျှော်လင့်ချက်များအား
နှိုင်းယှဉ်ချပြရန်၊ ဒေသနေလူထု၊ အစိုးရ ၊ စီမံကိန်းတည်ဆောက်သူများ၏ အမြင်သဘောထားနှင့်
မျှော်လင့်ချက်များ အကြား ကွာခြားမှုများကို ဖော်ထုတ်ရန် ရည်ရွယ်သည်။
အစီရင်ခံစာအတွက် အချက်အလက်ကောက်ယူခြင်းကို၂၀၁၇ ခုနှစ် သြဂုတ်လ မှ ၂၀၁၈
ခုနှစ် ဖေဖော်ဝါရီလအတွင်း နဘုလယ်ဒေသအတွင်း ပရဒတ်၊ ထိန်ကြီး၊ မူဒူး၊ ၀က်ချောင်း၊
9 Ibid.
10 Southern Society Development Network (SSDN), DDA, and Loka Ahlinn (2012), Local People’s
Understandings of the Dawei Special Economic Zone, Dawei, Myanmar, SSDN; DDA (2014).
ရည်ရွယ်ချက် ၊ သုတေသန နည်းစနစ်နှင့် နယ်ပယ်အတိုင်းအတာ
ခမောင်းချောင်းနှင့် ငပိဒတ် ကျေးရွာ (၆) ရွာတွင် ပြုလုပ်ခဲ့သည်။ အထူးစီးပွားရေးဇုန် ပြန်လည်စတင်ပါက
ရွှေ့ပြောင်းရနိုင်ချေရှိသည့် ရွာများဖြစ်သည်။ ထားဝယ်နှင့်ရန်ကုန်မြို့များတွင်လည်း သုတေသန
လုပ်ငန်းများကို လုပ်ဆောင်ခဲ့သေးသည်။ သုတေသနအဖွဲ့သည် သုတေသနကာလအတွင်း စုစုပေါင်း
၁၃၁ ဦးအား တွေ့ဆုံခဲ့ပြီး အသေးစိတ်မေးမြန်းမှု (၁၇)ခု၊ ဦးတည်အုပ်စုဖွဲ့ ဆွေးနွေးမှု (၁၇) ခု၊
အချက်အလက်ကောက်မေးမြန်းမှု (၁၅) ခုနှင့် အလွတ်သဘော ဆွေးနွေးမှု (၅) ခုတို့အား ပြုလုပ်ခဲ့သည်။
ကိုယ်တိုင်အချက်အလက် ကောက်ယူမှုများအပြင် အခြားအရင်းအမြစ်များမှ အချက်အလက်ရယူ
စုဆောင်းခြင်း (desk-based) သုတေသနနည်းစနစ်အားလည်း အသုံးပြုထားသေးသည်။ သုတေ
သနအဖွဲ့၏ သုတေသနပြုလုပ်သည့် ပုံစံမှာ ဖြစ်တန်ချေအပေါ် အခြေမပြုသည့် (non-probability
sampling) ပုံစံဖြစ်သည်။ ဆင့်ပွားကောက်ယူခြင်း နည်းစနစ်နှင့် ရည်ရွယ်ကောက်ယူခြင်း စနစ် တို့ကို
အသုံးပြုပြီး (ကျားမ၊ ၀င်ငွေ၊ အသက်၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုစသည့်) မတူကွဲပြားခြားနားမှု များအား
ချိန်ခွင်လျှာညှိယူရန်လည်း ရည်ရွယ်ထားသည်။
အချိန်အပိုင်းအခြားနှင့် အရင်းအမြစ်များအရ အချက်အလက် ကိန်းဂဏန်းအခြေပြုသည့်
သုတေသန နည်းလမ်းအား မပြုလုပ်နိုင်ခဲ့ပါ။ ကောက်ယူရရှိသော အချက်အလက်တို့သည် အထူး
စီးပွားရေးဇုန်အတွင်းရှိ နေထိုင်သူအားလုံးထံမှ ပြည့်ပြည့်စုံစုံ ကောက်ယူထားခြင်းမဟုတ်ကြောင်း
စာဖတ်သူတို့ အနေဖြင့် သတိချပ်စေလိုပါသည်။
နဘုလယ်ဒေသရှိ ရွာ(၆) ရွာအား အဓိက သုတေသနပြုလုပ်ရခြင်းမှာ အဆိုပါရွာများသည်
အထူးစီးပွားရေးဇုန်၏ အဓိကအစိတ်အပိုင်းအနေဖြင့် ပါဝင်ပြီး စီမံကိန်းပြန်လည်စတင်ပါက စီမံကိန်း
ကြောင့် ပုံစံအမျိုးမျိုးဖြင့်တိုက်ရိုက်ထိခိုက်ခံစားရသူများဖြစ်သည်။လယ်သမားများ၊ ဥယျာဉ်သမားများ
၊တံငါသည်များ၊ ကျပန်းလုပ်သားများ၊ သစ်တောထွက်ပစ္စည်းများအပေါ် အမှီပြုသူများနှင့် ရှပ်ခရုကောက်
သူများ၊ ကုန်သည်၊ ဈေးသည်၊ ရဟန်းသံဃာအပါအ၀င် လူပေါင်း သောင်းချီ ထိခိုက်ခံစားကြရ
မည်ဖြစ်သည်။ မြေယာနှင့်သဘာဝအရင်းအမြစ်များကို လက်လွှတ်လိုက်ရခြင်း၊ ရွာလုံးကျွတ်ပြောင်းရွှေ့
နေရာချထားခံရခြင်း၊ အသက်မွေးဝမ်းကြောင်း အခွင့်အလန်းများ နည်းပါးလာခြင်းနှင့် သဘာဝ
ပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်းတို့ကား အထူးစီးပွားရေးဇုန်ကြောင့် နဘုလယ်ဒေသနေ ရပ်ရွာလူထု
ကြုံတွေ့ရမည့် သက်ရောက်မှုများ ဖြစ်သည်။ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ၏ အမြင်နှင့် မျှော်မှန်းချက်တို့သည်
စီမံကိန်းအပေါ်တွင် များစွာသက်ရောက်မှုရှိပြီး လက်ရှိအချိန်ထိ စီမံကိန်းအတိုင်းအတာနှင့်
အရွယ်အစားပမာဏတို့မှာ လူထုအကြားတွင် ဦးစားပေး ငြင်းခုန်စရာအဖြစ်ရှိနေဆဲဖြစ်သည်။ သုတေသန
အစီရင်ခံစာသည် ထိုမညီမျှမှုတို့ကို ပြန်လည်ထိန်းညှိထားသည်။ အောက်ခြေမှ အသေးစိတ် အမြင်နှင့်
မျှော်မှန်းချက်များကို တနည်းတဖုံ လှစ်ဟပြထားသည်။ ကမ္ဘာ့အကြီးဆုံးစီမံကိန်းတွေထဲမှ တစ်ခုဖြစ်သည့်
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ နဘုလယ်ဒေသနေလူထု၏ အသံများကို အစိုးရနှင့်စီမံကိန်း
အကောင်အထည်ဖော်သူများ အနေဖြင့် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်မှာ မုချမသွေဖြစ်သည်။
ထို့အပြင် ကွဲပြားရှုပ်ထွေးသော အမြင်သဘောထားများကြောင့် နဘုလယ်ဒေသနေလူထု၏
အသံများကို တလေးတစားနားထောင်ရန် လိုအပ်သည်။ ရှင်းရှင်းလင်းလင်းဆိုရလျှင်ဤသုတေသနအ
တွင်း မေးမြန်းခဲ့သော ရွာသားများအနက် အနည်းငယ်သာလျှင် စီမံကိန်းကို လုံးဝထောက်ခံသူ သို့မဟုတ်
ဆန့်ကျင်သူဟု ရှိသည်။ အများစု၏ အမြင်မှတ်ချက်များကား မကြာခဏဆိုသလို ရောထွေးသော
ခံစားချက်များ၊ မသေချာမရေရာမှုများ တခါတရံ ၀ိရောဓိဆန်သော စိတ်ကူးများဖြင့် ပြည့်နှက်လျက်
ရှိသည်။ မြေ၊ အလုပ်အကိုင်၊ ကျေးလက်ဘ၀မှ မြို့ ပြဘ၀သို့ အကူးအပြောင်းနှင့်ပတ်သက်ပြီး သူတို့၏ 
သတင်းအချက်အလက်ရရှိမှု
အထူးစီးပွားရေးဇုန် ပြန်လည်စတင်တာနဲ့ ပတ်သက်ပြီး သင်တို့အနေဖြင့် တစ်စုံတစ်ရာ
ကြားသိထားပါသလား ။ ဘယ်လို ကြားသိထားပါသလဲ။
သတင်းအချက်အလက်ရရှိမှုသည် ယေဘုယျအားဖြင့် ၄င်းတို့၏ စိုးရိမ်ပူပန်မှုများနှင့်
အနည်းငယ်သာ ဆက်စပ်ပုံရသည်။ သို့သော်လည်း အကြီးစား စီမံကိန်းနှင့်ပတ်သက်ပြီး ဘာတွေသိရှိထား
သလဲဆိုသည့် အချက်သည် စီမံကိန်းကြောင့် ဘာတွေအကျိုးရမလဲ ၊ ဘာတွေထိခိုက်နိုင်လဲ သို့မဟုတ်
ထိုအစွန်းနှစ်ဘက်ကြားရှိ တစ်ဦးချင်းစီ၏ အမြင်တွေအပါအ၀င် အဆိုပါစီမံကိန်းများကို မည်သို့
သဘောထားသည် မည်သို့နားလည် သဘောပေါက်သည်ဆိုသည့် အချက်နှင့် တိုက်ရိုက်
ဆက်စပ်လျက်ရှိကြောင်း သုတေသနများအရ တွေ့ရသည်။ 11
အသက်မွေးဝမ်းကြောင်း
စီမံကိန်းက သင်တို့၏ အသက်မွေးမှုကို ဘယ်လို ပြောင်းလဲစေခဲ့သလဲ ၊ဘယ်လောက်အထိ
ပြောင်းလဲ စေခဲ့သလဲ။ အကယ်၍ အထူးစီးပွားရေးဇုန် ပြန်လည်စတင်လျှင် သင်တို့ရဲ့ အနာဂတ်
အသက်မွေးဝမ်းကြောင်း အပြောင်းအလဲကို ဘယ်လိုမျှော်လင့်သလဲ။
အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်သော မေးခွန်းများတွင် ရွာသူရွာသားများ၏ အဓိက
ဝင်ငွေအရင်းအမြစ်၊ မြေနှင့်မြေပိုင်ဆိုင်မှု ၊ စီမံကိန်းကြောင့်ထိခိုက်နစ်နာမှုများ ၊ လျော်ကြေးပြဿနာ ၊
ပြောင်းရွှေ့နေရာချထားမှု နှင့်ပတ်သက်ပြီး သိရှိမှုနှင့် မျှော်လင့်ချက်များ စသည်တို့ပါဝင်ပြီး
ရှုထောင့်ပေါင်းစုံမှ မေးမြန်းထားသည်။ အဆိုပါကျေးရွာများ၏ လူမှုစီးပွား ပုံစံများကို ခြုံငုံမိရန်အတွက်
အသက်မွေးဝမ်းကြောင်းဆိုင်ရာ အချက်အလက်များသည် အရေးကြီးသည်။
အလုပ်အကိုင်
စီမံကိန်းနှင့်ဆက်နွယ်ကာပေါ်ပေါက်လာနိုင်သည့် အလုပ်အကိုင်အခွင့်အလန်းများနှင့်ပတ်
သက်၍ သင်တို့၏ မျှော်လင့်ချက်၊ ဆန္ဒ နှင့် စိုးရိမ်မှုများက ဘာလဲ။
အစိုးရကတော့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ထားဝယ်ဒေသနေ လူထုအတွက်
အလုပ်အကိုင် အခွင့်အလန်းမြောက်များစွာကို ဆောင်ကျဉ်းလာနိုင်မည်ဟု အခိုင်အမာဆိုသည်။
အလုပ်အကိုင်နှင့် ပတ်သက်သည့် အကြောင်းအရာသည် အစိုးရ၏ အထူးစီးပွားရေးဇုန်ကို အားပေး
ထောက်ခံရန်အတွက် အဓိကအကြောင်းပြချက်ဖြစ်သည်။ မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများရှိ အလားတူ
11 Cf. DDA (2014), Aung (2013). 
စီမံကိန်းများမှ တွေ့ရှိရသော သက်သေအထောက်အထားများအရ အလုပ်အကိုင်အခွင့်အလန်း
အမြောက်အများအား ဖန်တီးပေးနိုင်သည် ဆိုသည့်အချက်မှာအစိုးရမှ ချဲ့ကားပြောဆိုနေခြင်းသာ
ဖြစ်ကြောင်းတွေ့ရသည်။ အလုပ်အကိုင်နှင့် ပတ်သက်သော မေးခွန်းများကို အချက်အလက်စုဆောင်း
ရာတွင် ဗဟိုချက်အနေဖြင့်ထားရှိသည်။ ထားဝယ်ဒေသမှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင်
သွားရောက်အလုပ်လုပ်ကိုင်နေသူ အများအပြားရှိသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်
ဆိုင်သော မေးခွန်းများအားလည်း မေးမြန်းထားသည်။
ကျားမကဏ္ဍ
အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများတွင် ကျားမကဏ္ဍက မည်သို့ ဆက်စပ်နေ
သနည်း။ အထူးစီးပွားရေးဇုန်သည် အမျိုးသားများနှင့်အမျိုးသမီးများအပေါ် မည်သို့ မတူကွဲပြားစွာ
သက်ရောက်နိုင်ချေရှိသနည်း။
အသေးစိတ်မေးမြန်းမှုနှင့် ဦးတည်အုပ်စုဖွဲ့ မေးမြန်းမှုများတွင် ကျားမကဏ္ဍနှင့်ပတ်သက်သော
မေးခွန်းများ ပါဝင်သည်။ အချက်အလက်ရရှိမှု ၊အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင် စသည့်
အကြောင်းအရာများ အားလုံးသည် ကျားမကဏ္ဍနှင့်ဆက်စပ်နေပြီး အမျိုးသားနှင့်အမျိုးသမီးများအပေါ်
ခြားနားစွာ သက်ရောက်သည်။ ရပ်ရွာအတွင်း ပါဝါအဆက်အစပ်များအကြား ကျားမကဏ္ဍနှင့်
သက်ဆိုင်သော မေးခွန်းများ၊ ပညာရေးနှင့်သက်ဆိုင်သော မေးခွန်းများ၊ ယေဘုယျဆန်ဆန်
မေးခွန်းများကိုလည်း သီးခြားမေးမြန်းခဲ့သည်။
ပိုမိုကျယ်ပြန့်သော အမြင်သဘောထားများနှင့် မျှော်လင့်ချက်များ
အထက်ပါအချက်အလက်များအပြင် စီမံကိန်း ပြန်လည်စတင်မည့် အပေါ် သင်တို့အနေဖြင့်
မည်သို့ရှုမြင်ပါသလဲ။ စိုးရိမ်ပူပန်မှုများ တစ်စုံတစ်ရာရှိပါသလား ။ ဒါမှမဟုတ် မျှော်လင့်ချက် တစ်စုံ
တစ်ရာ ရှိပါသလား။ စီမံကိန်းနှင့် ပတ်သက်ပြီး ဘာများပြောဆိုချင်တာရှိပါသလဲ။
သုတေသနအဖွဲ့သည် အဓိက အကြောင်းအရာ လေးခုအပြင် ပိုမိုကျယ်ပြန့်သောမေးခွန်းများ
ကိုလည်း အသေးစိတ် မေးမြန်းမှုနှင့် ဦးတည်အုပ်စုဖွဲ့ ဆွေးနွေးမှုတိုင်း၏ အဆုံးပိုင်းတွင် မေးမြန်းခဲ့သည်။
ရပ်ရွာ၏ သမိုင်းကြောင်းနှင့် ဓလေ့ ထုံးတမ်းများ ကို မေးမြန်းခဲ့သလို စီမံကိန်းပြန်လည်စတင်ပါက အစိုးရ၊
ပုဂ္ဂလိကကုမ္ပဏီနှင့် ပြည်သူ့လူ့အဖွဲ့အစည်းများထံမှ မည်သည့်အရာများလုပ်ဆောင်ပေးရန် မျှော်လင့်
သလဲ ဆိုသည့်မေးခွန်းများလည်း ပါဝင်သည်။
အကြောင်းအရာတစ်ခုချင်းစီမှ အချက်အလက်များကို အသုံးပြုပြီး သုတေသနအဖွဲ့သည်
ရပ်ရွာအတွင်းရှိ အစုအဖွဲ့များ၏ ဖွဲ့စည်းတည်ရှိပုံကို သုံးသပ်လျက် အချက်အလက်များကို ခွဲခြမ်း
စိတ်ဖြာခဲ့သည်။
ရည်ရွယ်ချက် ၊ သုတေသန နည်းစနစ်နှင့် နယ်ပယ်အတိုင်းအတာ
ဥပမာအားဖြင့် စီမံကိန်းနှင့် ပတ်သက်ပြီး မရေမရာ ချီတုံချတုံဖြစ်နေသူများ ရှိကြောင်း
တွေ့ရှိရပြီး အသက်အရွယ်ကြီးသူများ၊ ရပ်ရွာအတွင်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများ၊ ပြင်ပနှင့်
အအဆက်အသွယ်ရှိသူများ၊ ရပ်ရွာ၏ သမိုင်းဓလေ့ထုံတမ်းအပေါ် စိတ်ဝင်တစားရှိပြီး ထိုအရေး
အရာများကို တစိုက်စိုက်မတ်မတ် လုပ်ကိုင်လာသူများ၊ရပ်ရွာအတွင်း အချမ်းသာဆုံးစာရင်းထဲတွင်
မပါဝင်သူများသည် စီမံကိန်းနှင့် ပတ်သက်ပြီး ဝေခွဲမရဖြစ်နေသူများ ဖြစ်ကြသည်။ ထို့ကြောင့်
ရပ်ရွာအတွင်း အစုအဖွဲ့များ ဖွဲ့စည်းတည်ရှိပုံသည် အသက်အရွယ်၊ လူမှုလိင်၊ ၀င်ငွေအနည်းအများ၊
မြေပိုင်ဆိုင်မှုပမာဏ၊ အသက်မွေးဝမ်းကြောင်း အမျိုးအစား၊ ဓလေ့ထုံးတမ်း ဘာသာ ယဉ်ကျေးမှုသမိုင်း
အပါ် စိတ်ဝင်စားမှု အနိမ့်အမြင့်၊ ပြင်ပနှင့်အဆက်အစပ်၊ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှု စသည့်
အချက်များစွာနှင့် ဆက်စပ်လျက်ရှိသည်။
သုတေသနတွင် အဓိက အားနည်းချက်နှစ်ခုရှိသည်။ ပထမအားနည်းချက်အနေဖြင့် သုတေ
သနအတွင်း အမျိုးသား ၈၈ ဦးပါဝင်ပြီး အမျိုးသမီးမှာ ၄၃ ဦးသာ ပါဝင်သည်။ အသေးစိတ်မေးမြန်းမှုများ
နှင့် အမျိုးသမီးသီးသန့် ဦးတည်အုပ်စုဖွဲ့ဆွေးနွေးမှု အပါအ၀င် ဦးတည်အုပ်စုဖွဲ့ဆွေးနွေးမှုများတွင်
အမျိုးသမီးများ ပိုမိုပါဝင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မလုပ်ဆောင်နိုင်ခဲ့ပါ။ အမျိုးသမီးသီးသန့်
မေးမြန်းမှုနှင့် အုပ်စုဖွဲ့ဆွေးနွေးမှုများပိုမို ပြုလုပ်နိုင်ခဲ့လျှင် ကျားမကဏ္ဍ အကြား ပိုမိုညီမျှသည့်အချက်များ
ရရှိနိုင်မည်။ မည်သို့ပင်ဖြစ်စေ သုတေသနအဖွဲ့အနေဖြင့် ကျားမကဏ္ဍနှင့် သက်ဆိုင်သော ခွဲခြမ်း
စိတ်ဖြာမှုများကို ဤသုတေသနတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည်ကို ယုံကြည်ပါသည်။ မူလ
တွေ့ဆုံမေးမြန်းမှုများအပြင် အားကောင်းသော အချက်အလက် အကိုးအကားများကိုလည်း မှီငြမ်းထား
သည်။ ထိုအချက်အလက်များသည် ကျားမကဏ္ဍနှင့်ပတ်သက်သော ကျွမ်းကျင်သည့်အဖွဲ့အစည်းနှင့်
တစ်ဦးချင်းစီမှ ပြုလုပ်ထားသော သုတေသနနှင့် မေးမြန်းမှုများဖြစ်သည်။
ဒုတိယအချက်မှာ အထက်တွင် ဖော်ပြခဲ့သလို သုတေသနသည် ကိန်းဂဏန်းအချက်
အလက်အပေါ် အခြေပြုခြင်း နည်းလမ်းထက် ဖြစ်တန်ချေအပေါ် အခြေမပြုသည့် (non-probability
sampling) ပုံစံအပေါ် အလေးပေးထားသည့် နည်းလမ်းကို အသုံးပြုထားခြင်းဖြစ်သည်။ ထိုကဲ့သို့သော
အမြင်၊ အကြောင်းရင်း အယူအဆအပေါ် အခြေပြုသည့်သုတေသနသည် သာဓကအားဖြင့် စီမံကိန်းကို
ကန့်ကွက်သူက ပိုများသည် (သို့မဟုတ်) ထောက်ခံသူက ပိုများသည် စသည့် ကောက်ချက်ဆွဲရန်
မဖြစ်နိုင်ပါ။ သို့တည်းမဟုတ် ရွာသူရွာသားအများစုက စီမံကိန်းကြောင့်အလုပ်အကိုင်များ အများအပြား
ရရှိရန် မျှော်လင့်နေသည် (သို့မဟုတ်)မမျှော်လင့်ပါ စသည်ဖြင့် အရေအတွက် အပေါ် ကောက်ချက်
မချနိုင်ပါ။ တနည်းအားဖြင့် ဤသုတေသနသည် အထူးစီးပွားရေးဇုန်အတွင်း နေထိုင်ကြ သူများထဲမှ
ရာခိုင်နှုန်းအနည်းငယ်သော သူများ၏ အတွေးအမြင် အယူအဆ မျှော်လင့်ချက်များကို ဆွဲထုတ်ထားခြင်း
သာဖြစ်သည်။ အားသာချက်ကား အချက်အလက်များသည် ပိုမိုနက်နဲပြီး အသေးစိတ်ဆန် မည်ဖြစ်သည်။
သုတေသနအဖွဲ့သည် သုတေသန ရည်ရွယ်ချက်အတိုင်း စီမံကိန်းဧရိယာအတွင်းမှ ဒေသနေလူထု၏
အမြင်များနှင့်အတွေ့အကြုံများကို ဖမ်းဆုပ်နိုင်ခဲ့သည်။ သုတေသနတွင် ဖော်ပြထားသကဲ့သို့ ဒေသနေ
လူထု၏ အမြင်သဘောထားနှင့် အယူအဆများမှာ ရှုပ်ထွေးေ၀၀ါးနေပြီး ရောထွေးသော အမြင်
သဘောထားများ ရှိကြောင်းတွေ့ရသည်။ သုတေသနနည်းလမ်းမှာ ထိုရော ထွေးနေသော အမြင်များကို
ဖမ်းဆုပ်ပြီး နဘုလယ်ဒေသနေလူထု၏ အမြင်သဘောထားကို လေးစားစွာဖြင့် မှတ်တမ်းတင်ရန်
ကြိုးပမ်းထားသည်။ 
ဒေသနေလူထု၏ ကိုယ်ပိုင်အမြင်သဘောထားများကို သုတေသနတွင် အသေအချာ
အလေးပေးထားသည်။ ထို့အပြင် နိုင်ငံရေးဘောဂဗေဒနှင့် ကျေးလက်အသက်မွေးဝမ်းကြောင်း
ပုံစံတွေအကြား ဆက်နွယ်ဆုံဆည်းမှုများကိုလည်း ဂရုပြုထားသေးသည်။ နဘုလယ်ဒေသနေ လူထု၏
အခြေအနေနှင့် အတွေ့အကြုံများကို အရင်းရှင်ဖွံ့ဖြိုးရေး စီးပွားရေးပုံစံတို့နှင့် နှိုင်းယှဉ်ထားသည်။
လယ်ယာမြေနှင့်ဆက်စပ်သော နိုင်ငံရေးဘောဂဗေဒ အယူအဆသည်လည်း သုတေသနကို
စိတ်ကူးပုံဖော်ရာတွင် အရေးကြီးသည့် နေရာမှပါဝင်သည်။ 12 နိုင်ငံရေးဘောဂဗေဒနှင့် တိုင်းရင်းသားလူ
မျိုးစုရေးရာတို့ကို သုတေသနကို ပံ့ပိုးသည့် နည်းလမ်းအနေဖြင့် သုံးထားပြီးတဦးချင်း၊ မိသားစု၊
ဒေသလူမှုအဖွဲ့အစည်းတို့သည် လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဘောဂဗေဒရေးရာများတွင် နက်ရှိုင်းစွာ
ပါဝင်ယှက်နွယ်လျက်ရှိကြောင်း အခိုင်အမာညွှန်းဆိုထားသည်။ ထိုအချက်များကို အလုံးစုံနားလည်ရန်
ခက်ခဲသော်လည်း လှစ်ဟပြထားသည်။ ထားဝယ်ဒေသနှင့် ဒေသနေ လူထုသည် ပဋိပက္ခများ၊
ဝိရောဓိများ၊ လက်ရှိမြန်မာနိုင်ငံ၏ လယ်ယာမြေအသွင်ပြောင်းခါစအချိန် အရင်းရှင်စနစ် ဖွံ့ဖြိုးလာမှုနှင့်
အတူ ပိုမိုကောင်းမွန်သော လူနေမှုဘ၀များကို တောင့်တမှုများ စသည်တို့ကို သုတေသနတွင်
မီးမောင်းထိုးထားသည်။ အောက်ခြေလူထုလူတန်းစားတို့၏ တောင့်တမှုများ မျှော်မှန်းချက်များကို
ဤအစီရင်ခံစာဖြင့် ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ရန် ရည်ရွယ်သည်။
“တကယ်လို့ စီမံကိန်းပြန်စရင် ခရု၊ ဂဏန်းတွေ ပျောက်သွားလိမ့်မယ်။
ဒါတွေနဲ့ ငါတို့ အသက်ရှင်ရပ်တည်နေတာ ၊ ဒါတွေမရှိရင် ငါတို့ ဘာနဲ့
စားကြမလဲ”
- ငပိဒတ် ရွာသူတစ်ဦး
12 See Henry Bernstein (2004), “‘Changing before Our Very Eyes’: Agrarian Questions and the
Politics of Land in Capitalism Today,” Journal of Agrarian Change 4(1-2):190-225; Bernstein (2010),
Class Dynamics of Agrarian Change, Fernwood Publishing; Ian Scoones (2015), Sustainable
Livelihoods and Rural Development, Fernwood Publishing. For work on agrarian political economy
focused on Myanmar and Dawei, see Transnational Institute (TNI) (2015), “The Meaning of Land in
Myanmar: A Primer,” Yangon, Myanmar; and Elizabeth Loewen (2012), “Land Grabbing in Dawei: An
International Human Rights Concern,” Yangon, Myanmar, Paung Ku and TNI. 
၂၀၁၀ ခုနှစ် စီမံကိန်း စစချင်း ထားဝယ်ရှိ ပြည်သူ့လူ့အဖွဲ့အစည်းများနှင့်ကွန်ယက်များအနေ
ဖြင့် သတင်းအချက်အလက် ရရှိမှုအပေါ် အလေးထားအာရုံစိုက်ခဲ့ကြသည်။ အထူးစီးပွားရေးဇုန် တစ်ခု
တည်ထောင်ရန် အနိမ့်ဆုံးအားဖြင့် စွမ်းအင်အရင်းအမြစ်၊ရေအရင်းအမြစ်နှင့် (ထိုင်းသို့ဖောက်လုပ်သော)
လမ်း တို့ လိုအပ်ကြောင်း သိရှိပြီး ပြည်သူ့လူ့အဖွဲ့အစည်းများအနေဖြင့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ
ဆောက်လုပ်ရန် အစီအစဉ်ရေးဆွဲထားသော နဘုလယ်ဒေသ၊ ရေလှောင်တမံ ပြုလုပ်ရန် လျာထားသော
ကလုံးထာဒေသနှင့် အဝေးပြေးလမ်းဖောက်လုပ်ရာတလျှောက်ရှိ ကရင်ကျေးရွာများတွင် သတင်းအချက်
အလက်မျှဝေရန်နှင့် အမြင်ဖွင့်ရန် စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။၂၀၁၀ ခုနှစ် နှင့်၂၀၁၃ ခုနှစ် အတွင်း
လက်ကိုင်ဖုန်းပိုင်ဆိုင်မှု နှင့် မိုဘိုင်းဖုန်းကွန်ယက်တို့မှာ အကန့်အသတ်နှင့် ရှိခဲ့သဖြင့် အဆက်အသွယ်
ပြုလုပ်ရန် ခက်ခဲခဲ့သည်။ အချင်းချင်း အဆက်အသွယ်များ ပြုလုပ်ရန် စိန်ခေါ်မှုများကြောင့် ညှိနှိုင်း
ဆောင်ရွက်ရန် အားထုတ်မှုများမှာလည်း မလွယ်ကူခဲ့ပါ။ တစ်နေရာနှင့်တစ်နေရာ အလှမ်းကွာပြီး
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း တက်ကြွလှုပ်ရှားသူများ၊ ဒေသလူ့အဖွဲ့အစည်းခေါင်းဆောင်
များနှင့် ပြည်သူ့လူ့အဖွဲ့အစည်းဝင်များသည် ထိုနေရာများသို လူကိုယ်တိုင်သွားရောက်ကာ အချက်
အလက်ဝေမျှခြင်းနှင့် အမြင်ဖွင့်ခြင်းများကို ပုံမှန်လုပ်ဆောင်ခဲ့ကြသည်။ ထိုစဉ်က စီမံကိန်းအကောင်
အထည်ဖော်သူများမှာ အဆိုပါဒေသများတွင် လူထုတွေ့ဆုံညှိနှိုင်းပွဲများ နှင့် လေ့လာဆန်းစစ်ချက်များ
စတင်နေပြီဖြစ်သည်။ ထိုတွေ့ဆုံပွဲများမှာ အကန့်အသတ်ဖြင့် သာဖြစ်ပြီး မမျှတသော နည်းလမ်းများဖြင့်
ဆောင်ရွက်ခဲ့ကြပြီး အဓိကအားဖြင့် အီတာလျံထိုင်း ကုမ္ပဏီ၊ တတိယအဖွဲ့အစည်း ဖြစ်သည့်သုတေသန
အတိုင်ပင်ခံများ၊ အခြားသော မြန်မာစီးပွားရေး မိတ်ဖက်များနှင့် မြန်မာအစိုးရ ၀န်ထမ်းများ
ပါဝင်ကြသည်။13 သုတေသနတွေ့ရှိချက်များတွင် ဖော်ပြထားသလို ၂၀၁၀ခုနှစ် အစောပိုင်းကတည်းမှစ၍
သတင်း အချက်အလက်နှင့် သက်ဆိုင်သော အခြေအနေမှာ သိသိသာသာ ဆိုးဝါးခဲ့သည်။
အစောပိုင်းနှစ်များ အတွင်း သတင်းအချက်အလက်များကို အကန့်အသတ်ဖြင့်သာ ရရှိမှုကြောင့်
ဒေသနေလူထုအတွင်း စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုများ တိုးပွားလာခဲ့သည်။ တခါတရံတွင်
ထိုအချက်များကပင် ရပ်ရွာအတွင်း ကြွယ်ဝမှု၊ သြဇာလွှမ်းမိုးမှု နှင့် ကျားမကဏ္ဍ များတွင် အပေါ်အောက်
ခြားနားမှုတို့ကို ပိုမိုဆိုးဝါးလာစေသည်။ ထို့အပြင် လက်ရှိအခြေအနေတွင် အထူးစီးပွားရေးဇုန်အကြောင်း
အသိပညာ အားနည်းမှုကြောင့် အကယ်၍ စီမံကိန်း ပြန်လည်စတင်လျှင် ပြောင်းရွှေ့ရေးအပါအ၀င်
သူတို့၏ လူမှုဘ၀များနှင့်အသက်မွေးဝမ်းကြောင်း အပြောင်းအလဲများအပေါ် မည်သို့ ရင်ဆိုင်
ကျော်လွှားရမည်၊ မည်သို့ စီမံရမည် တို့ကို အစီအစဉ်ရေးဆွဲနိုင်စွမ်းမရှိကြပေ။
13 Aung (2013)
သတင်းအချက်အလက်ရရှိမှု 
လေ့လာတွေ့ရှိချက်များ
၂၀၁၃ ခုနှစ် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအား ဆိုင်းငံ့ပြီးနောက် ကုမ္ပဏီနှင့် အစိုးရ
ဆီမှ စီမံကိန်းနှင့် ပတ်သက်သော အချက်အလက် ဖြန့်ဝေခြင်းမှာ မရှိသလောက်နည်းပါသွားသည်။
ထိုကဲ့သို့ သတင်းအချက်အလက် မရရှိတော့သည့်အပေါ် မကျေမနပ်ဖြစ်ကြသူများရှိသလို စီမံကိန်း
အပေါ်လုံးဝ စိတ်မ၀င်စားကြသူလည်း ရှိသည်။ မကျေမနပ်ဖြစ်သူများမှာ ပြည်သူ့လူ့အဖွဲ့အစည်းများတွင်
တက်ကြွစွာ ပူးပေါင်းပါဝင်နေသူများ ဖြစ်သလို လျော်ကြေး မျှော်ကိုးနေသူများလည်း ဖြစ်သည်။
ရပ်ရွာအတွင်း သြဇာရှိသူများ နှင့်အာဏာရှိသူအချို့ကလည်း ထိုမကျေနပ်မှုများကို တခါတရံ ထုတ်ဖော်
ပြသကြသည်။ အခြားသူတို့နှင့် စာလျှင် သူတို့အနေဖြင့်အခြေအနေ အကြောင်းအရာကို ပိုမိုနားလည်
သဘောပေါက် သော်လည်း အကယ်၍ စီမံကိန်းအကောင်အထည်ဖော်လျှင် ရပ်ရွာအပေါ် သိသိသာသာ
မည်သို့မည်ပုံ သက်ရောက်မည် ပိုမိုသိချင်ကြသည်။ ထိုကဲ့သို့သော အုပ်စုမှာ စီမံကိန်း ဆိုင်းငံ့ထားမှုအပေါ်
သိရှိပြီး ပေါ့ပေါ့ပါးပါးပင်နေထိုင်ကြသည်။ စီမံကိန်းပြန်လည်စတင်ပြီး စီမံကိန်းအကောင်အထည်
ဖော်သူများက လိုအပ်လျှင် သတင်းအချက်အလက်များ ပေးမည်ဟု ယုံကြည်ထားကြသည်။
အချက်အလက်မရရှိမှုအပေါ် မည်သို့မှ မခံစားရသူများမှာ သြဇာနှင့်အာဏာ နိမ့်ပါးသူများ ဖြစ်သည်။
ထိုသူတို့က စီမံကိန်းအပေါ် လုံးဝစိတ်မ၀င်စားကြသလို ထိုအကြောင်းအရာများအပေါ် အသိပညာ
ဗဟုသုတ လုံးဝမရှိသူများဖြစ်ကြသည်။ အခြားသူတို့က သူတို့အားချန်ခဲ့မှာကိုလည်း မစိုးရိမ်ကြချေ။
လူတွေ့မေးမြန်းမှုများနှင့် ဆွေးနွေးမှုများ တလျှောက်တွေ့ရသည့် အချက်တစ်ခုမှာ ရွာသူ
ရွာသားများအနေဖြင့် ၂၀၁၀ အစောပိုင်းကာလ စီမံကိန်းနှင့်ပတ်သက်သော ဆွေးနွေးမှုများ၊အငြင်းအခုံများ
နှင့်အချက်အလက်များကို ပိုမိုမှတ်မိကြကြောင်း ပြောဆိုကြသည်။ ထိုနောက်ပိုင်းတွင် စီမံကိန်းနှင့်
ပတ်သက်ပြီး ဒေသအာဏာပိုင် အဖွဲ့အစည်းကဖြစ်စေ၊ အီတာလျံထိုင်းနှင့်အခြားသော ကုမ္ပဏီများက
ဖြစ်စေ၊ အခြားသော အစိုးရ၀န်ထမ်းများမှ ဖြစ်စေ ပြုလုပ်သော တရားဝင်အစည်းအဝေးများတွင် ပါဝင်သူ
သို့မဟုတ် အဆိုပါအစည်းအဝေးများကို သိရှိသူ အနည်းငယ်သာရှိကြောင်း ပြောဆိုကြသည်။ လွန်ခဲ့သော
နှစ်များအတွင်း စီမံကိန်းကြောင့် တိုက်ရိုက်ထိခိုက် ခံစားကြရမည့် ဒေသနေလူထုရာခိုင်နှုန်းအနည်းငယ်သာ
စီမံကိန်းနှင့် ပတ်သက်သော အချက်အလက်များ ရရှိကြောင်း တွေ့ရသည်။ စီမံကိန်းမဆိုင်းငံ့ခင် အချိန်က
အကြောင်းအရာများကို ဆွေးနွေးကြစဉ် ဖြေကြားသူ အနည်းငယ်ကသာ စီမံကိန်းနှင့်ပတ်သက်ပြီး
သတင်းအချက်အလက်မျှဝေမှုများ ရှိကြောင်း ပြောဆိုကြသည်။ ထိုတွေ့ရှိချက်သည် ၂၀၁၄ ခုနှစ်
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ပြုလုပ်သော သုတေသနရလာဒ်အား အထောက်အပံ့ဖြစ်စေသည်။ ၂၀၁၄ က
ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတွင် အိမ်ထောင်စုအားလုံး၏ ၆၆% မှာ အစိုးရ (သို့မဟုတ်)
ကုမ္ပဏီဆီမှ စီမံကိန်းနှင့်ပတ်သက်သော အချက်အလက်များကို မရရှိကြောင်း ဖြေဆိုထားသည်။14
အဆိုပါသုတေသနနှင့်နောက်ထပ် ထပ်တူကျသည့် အချက်တစ်ခုမှာ စီမံကိန်းနှင့် ပတ်သက်သော
အချက်အလက်များကို မိတ်ဆွေအပေါင်းအသင်း၊ မိသားစုနှင့် အခြားရွာသူရွာသားများနှင့် အလွတ်
သဘော တွေ့ဆုံဆွေးနွေးခြင်းမှ တဆင့်ရရှိကြကြောင်း အများစုကဆိုသည်။ တခါတရံထို အချက်
14 DDA (2014: 33). 
အလက်များမှာ ဘာသက်သေမှမရှိသော ကောလဟာလများ ဖြစ်နေတတ်သည်။ သတင်းဂျာနယ်နှင့်
ဆိုရှယ်မီဒီယာများမှတဆင့် အချို့သော အချက်အလက်အနည်းငယ်ကို ရရှိကြသည်ကိုလည်း တွေ့ရ
သည်။ စီမံကိန်းဆိုင်းငံ့ပြီးကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အာဏာပိုင်များဆီမှ စီမံကိန်းနှင့်
ပတ်သက်သော အချက်အလက်များ လုံးဝနီးပါး မရရှိကြသလို စီမံကိန်းအကောင်အထည်ဖော်သူများမှ
လည်း လာရောက်သည်ကို မကြားသိရကြောင်း ရွာသူရွာသားများက ဆိုသည်။
ရပ်ရွာနေလူထု၏ မှတ်ချက်များက အထက်ပါတွေ့ရှိချက်များကို ပိုမိုခိုင်မာစေသည်။
အထူးစီးပွားရေးဇုန်၏ အဓိကနေရာတစ်ခုဖြစ်သော ပရဒတ်ကျေးရွာတွင် စီမံကိန်းနှင့်ပတ်သက်၍ အချက်
အလက်ရရှိမှု အကြောင်းဆွေးနွေးခဲ့စဉ် ရွာသူတစ်ဦးမှ ရှင်းလင်းပြောဆိုသည်မှာ “စီမံကိန်းစတုန်းက
ဘယ်သူ့ကိုမှ အကြောင်းမကြားခဲ့ဘူး ။ သူတို့တွေ (ကုမ္ပဏီက) ၀ုန်းခနဲရောက်ပြီး စီမံကိန်းအတွက်
မြေတွေဝယ်ကြတယ်။ အချို့က သိန်း ၂၀ ၊ အချို့ သိန်း ၃၀ ၊ အချို့က သိန်း ၅၀ လောက်ရကြတယ်။15
သတင်းအချက်အလက် မရရှိခြင်းက စီမံကိန်းနှင့် ပတ်သက်ပြီး အသိပညာအဆင့်ကို ကွာခြားစေပြီး
ထိုကွာခြားမှုကပင် အချို့သော သူများအတွက် အကျိုးအမြတ်ရစေပြီး အချို့သောသူတွေအတွက်
အကျိုးယုတ်စေကြောင်း သူမက ထင်မြင်သည်။ ဤနည်းဖြင့် အီတာလျံထိုင်းကုမ္ပဏီမှ မြေကို တနည်းတဖုံ
ပိုင်ဆိုင်ရယူပြီး အကျိုးအမြတ် ရစေသည်။ ဒါကပင် ရပ်ရွာနေလူထုကို မတရားဆက်ဆံရာကျသည်။
“ဒီလုပ်ရပ်က မတရားဘူး ၊ ဒီမိုကရေစီနိုင်ငံက အလေ့အကျင့်တွေမဟုတ်ဘူး ။ ဒီလိုလုပ်ကို မလုပ်ကြဘူး”
ဟု သူမကဆိုသည်။ ခြံသမားတစ်ဦး 16 ဖြစ်သောသူမသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ အလုပ်
လုပ်ကိုင်ခဲ့သူဖြစ်သလို ပြည်သူ့လူ့အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သူ ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်မှ ဒေသနေလူထုအနေဖြင့် ဘာတွေမျှော်ရည်နိုင်သလဲဆိုတာကို
နားလည်းသဘောပေါက်ရန် ရန်ကုန်အနီးရှိ သီလ၀ါအထူးစီးပွားရေးဇုန်သို့ သွားရောက် လေ့လာခဲ့
သူဖြစ်သည်။ နဘုလယ်ဒေသသို့ စီမံကိန်း အကောင်အထည်ဖော်သူများ မမျှော်လင့်ဘဲ ရုတ်တရက်
ရောက်ရှိလာသည့်အကြောင်းကို အလေးထား ပြောဆိုသည်မှာ သူမတစ်ဦးတည်တော့ မဟုတ်ပါ။
စီမံကိန်းအတွက်လိုအပ်သော ရေကို ပံ့ပိုးနိုင်ရန် ဆောက်လုပ်ထားသော ရေလှောင်တမံအနားရှိ
ဝက်ချောင်းကျေးရွာမှ ရွာသူရွာသားများကလည်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ မကျေနပ်မှုကို
အတူတကွထုတ်ဖော်ကြသည်။ စီမံကိန်းအကောင်အထည်ဖော်သူများသည် ဘာကိုမှအကြောင်းမကြားဘဲ
လုပ်ချင်သလိုလုပ်သွားကြောင်းကို မြင်တွေ့ခဲ့ကြရသည်။ “စီမံကိန်းတစ်ခုလာလုပ်တော့မယ်ဆိုရင်
ဒီနေရာက ဒေသနေလူထုကို တွေ့ဆုံရမယ် အကြောင်းကြားရမယ်၊ ဘာမှအကြောင်မကြားဘဲ
လာလုပ်ရင်တော့ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။ နောက်ရွာသားတ
စ်ဦးမှလည်း ပိုမိုပွင့်လင်းပြီး လူထုနှင့် ထိတွေ့ဆက်ဆံသည့် ပုံစံမျိုး လိုအပ်ကြောင်း အလေးပေးပြော
ဆိုခဲ့သည်။ “ကြေညာချက်တွေလုပ်ရင် ပိုစတာလိုမျိုးကို အသုံးပြုပြီးကြေညာရင် စီမံကိန်းနဲ့
ပတ်သက်တာတွေကို ပိုပြီးစနစ်တကျသိလာမယ်” ဟုဆိုသည်။ စီမံကိန်းအကောင်အထည်ဖော်သူများမှ
15 IDI, Paradut, 9/10/17, female.
16 This report provides transliteration for Myanmar language according to the BGN/PCGN 1970
agreement, with some light modifications.
သတင်းအချက်အလက်ရရှိမှု 
ရေလှောင်တမံအား ချဲ့ထွင်ရန် ဆွေးနွေးနေမှုများကြောင့် လောလောဆယ်တွင် စီမံကိန်းနှင့် ပတ်သက်ပြီး
ဝက်ချောင်းကျေးရွာတွင် ငြင်းခုံဝေဖန် မှုများဖြစ်ပေါ်နေသည်။ အချို့သော ရွာသူရွာသားများမှာ
စီမံကိန်းချဲ့ထွင်လျှင် ပြောင်းရွှေ့ရမည်ဖြစ်သည်။ သူတို့အနေဖြင့် ပြောင်းရမည်၊ စီမံကိန်း ချဲ့မည်
ကြားသော်လည်း အသေးစိတ်ကိုတော့မသိကြရချေ။ “ရေကန်ကြီးကို ချဲ့မယ်ကြားတာပဲ။ ဒါပေမယ့်
ပြောင်းဖို့ရွှေ့ဖို့တော့ဘာမှ မကြားရသေးဘူး” ဟု ရွာသားတစ်ဦးက ပြောပြသည်။17
အကန့်အသတ်ဖြင့်သာ သတင်းအချက်အလက် ရရှိမှုနှင့်ပတ်သက်ပြီး သုတေသနပြုလုပ်ရာ
တွင် ပါဝင်ခဲ့သော ရွာသူရွာသားအားလုံးက စိုးရိမ်သောကဖြစ်ကြသည်တော့မဟုတ်ပါ။ပရဒတ်တွင်
ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသော ရွာသားတစ်ဦးကမူ စီမံကိန်း ပြန်စခြင်း မစခြင်းကို စိတ်မ၀င်စားကြောင်း
ဆိုသည်။ ပြောင်းရွှေ့ရရင်လည်း သူ့စီးပွားရေးလုပ်ငန်းကို ကြီးကြီးကျယ်ကျယ်ထိခိုက်မည်မဟုတ်ကြော
င်း သူကရှင်းပြသည်။ ခြံသမား ၊ လယ်သမား နှင့် ရေလုပ်ငန်းလုပ်ကိုင်သူတို့နှင့် မတူသည့်အချက်မှာ
သူ့လို ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူအတွက် နေရာသစ်တွင် အသက်မွေးဝမ်းကြောင်းကို ပြန်လည်
စတင်ရန် အများကြီး ခက်ခဲမည်မဟုတ်ချေ ။ သူ့လုပ်ငန်းအတွက် မြေအမြောက်အများမလိုပါ။ သူ့
အိမ်ဘေး နေရာလွတ်လေး ရှိလျှင် ဆိုင်ဖွင့်လို့ရသည်။ တဆက်တည်း စီမံကိန်းနှင့် ပတ်သက်ပြီး
ပွင့်လင်းရန်နှင့် လူထုအား ချပြရန်ကိုတော့ သူက မှတ်ချက်ချသည်။ “စီမံကိန်းတာဝန်ရှိသူတွေက
အစည်းအဝေးတွေပြုလုပ်ပြီး သတင်းအချက်အလက်တွေ ပေးရင်တော့ ပိုကောင်းတာပေါ့” ဟုဆိုသည်။
သတင်းအချက်အလက်မညီမျှသော ၀န်းကျင်ကြောင့် မညီမျှမှုတွေ ပိုဖြစ်စေသည်ကိုတော့ သူက
သဘောမတူပါ။18
သတင်းအချက်လက်မရရှိခြင်း၏ အသိသာအထင်ရှားဆုံးရလာဒ်မှာ စီမံကိန်းကြောင့်
တိုက်ရိုက်ထိခိုက် ခံရသူများ အနေဖြင့် စီမံကိန်းပြန်လည်စတင်လျှင် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်
များကို ခန့်မှန်းရန်နှင့် အပြောင်းအလဲများအတွက် ပြင်ဆင်ရန် အခက်အခဲကြုံရခြင်းဖြစ်သည်။
အနည်းဆုံးအနေဖြင့် ပြောင်းရွှေ့နေရာချထားမှုသည် ဒေသနေလူထု၏ အသက်မွေးမှုနှင့်သက်ဆိုင်ပြီး
ရွေးချယ်စရာ အလားအလာများကို အကြီးအကျယ် လျော့နည်းကျဉ်းမြောင်းသွားစေနိုင်သည်။
စီမံကိန်းနှင့်ပတ်သက်ပြီး အနည်းငယ်သာ သိရှိခြင်းကလည်း တိကျခိုင်မာသော အမြင်သဘောထား
ထုတ်ပြန်ရန် အတားအဆီး ဖြစ်နေကြောင်း ဖြေဆိုသူအချို့ကထောက်ပြသည်။ မရေမရာသတင်း
အချက်အလက်များ ရှိသည့် အခင်းအကျင်းက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ
ထိခိုက်နိုင်သည့် စီမံကိန်းတစ်ခုကို ဆက်လက်အကောင်အထည်ဖော်ရန် ပိုမိုလွယ်ကူနေကြောင်း
စိုးရိမ်ဖွယ်ရာတွေ့ရသည်။
17 FGD, Wetchaung, 21/9/17, male.
18 IDI, Paradut, 30/8/17, male. 
သိရှိခြင်းကပင် ရွာသူရွာသားများအနေဖြင့် မည်သည့်နေရာတွင် ပါဝင်ပြီး မည်သို့တုန့်ပြန် ဆောင်ရွက်
ရမည်ကို သိရှိမည်ဖြစ်သည်။
စီမံကိန်းတကယ်ပြန်စ မစနှင့် ပတ်သက်ပြီး မသေချာမရေရာမှု၊ ပြန်စလျှင်လည်း ဘယ်လို
အစီအစဉ်တွေနဲ့ ဘယ်လိုပုံစံပြန်စမလဲ ဆိုတာကို ရေရေရာရာ မသိခြင်းကပင် ရွာသားများအနေဖြင့်
ဘာလုပ်ရမည်ကို ဝေခွဲမရဖြစ်စေသည်။ “စီမံကိန်းက ဘာမှမသေချာတော့ ငါတို့ဘက်က ဘာလိုလဲ
ပြောဖို့ခက်တယ်။ စီမံကိန်း ပြန်စ မစ၊ ဘယ်လောက်အထိလုပ်မယ် မလုပ်ဘူး ငါတို့မသိဘူးလေ။ ဒီတော့
ဘာလိုလဲ ပြောဖို့ခက်တာပေါ့” ဟု ၀က်ချောင်းရွာသားတစ်ဦးက ဆိုသည်။20 ထိုမှတ်ချက်များအရ
သတင်းအချက်အလက်မရရှိမှုက စီမံကိန်းအပေါ်မည်သို့ တုန့်ပြန်ရမည် ၊ စီမံကိန်းအား လက်ခံသင့်သည်
ငြင်းဆန်သင့်သည် စသည့် ဆုံးဖြတ်ချက်များချရန် ခက်ခဲသည်ကိုတွေ့ရသည်။ သို့သော် တဆက်တည်း
ရွာသူရွာသား အမြောက်အများတွင် စီမံကိန်းနှင့် ပတ်သက်၍ ရှုပ်ထွေးပြီး မသိမသာကွဲပြားသော
အမြင်များ ရှိကြကြောင်းတွေ့ရသည်။ မတူညီမှုများသည် စီမံကိန်းကို လက်ခံသည် ကန့်ကွက်သည်
ဆိုသည့် အချက်အပေါ်မူတည်ခြင်း မဟုတ်ဘဲ အသက်မွေးဝမ်းကြောင်း ၊အလုပ်အကိုင် ၊ ကျားမကဏ္ဍ
အပေါ်သက်ရောက်မှုနှင့် အောက်တွင်ဖော်ပြထားသော အခြားသော အချက်များပေါ် မူတည်၍ အမြင်များ
ကွဲပြားကြသည်။
ရပ်ရွာအစည်းအဝေးများသည် စီမံကိန်းပြန်လည်စတင်လျှင် စီမံကိန်းနှင့် ပတ်သက်ပြီး
တရားဝင် ဆက်သွယ်မှုများ ပြုလုပ်ရာ အဓိကလမ်းကြောင်းဖြစ်ပြီး ထိုတွေ့ဆုံပွဲများသည် ရွာလူကြီး၊
အစိုးရမှ စီမံကိန်းတာဝန်ရှိသူများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ရွာသူရွာသားများမှ တက်ရောက်ကြသည်။
ထိုကဲ့သို့သော တွေ့ဆုံမှုပုံစံကို ရွာသူရွာသား အနည်းငယ်ကသာ စိုးရိမ်ကြသော်လည်း ပုံစံမျိုးစုံဖြင့်
ပြဿနာရှိသည်။ ထိုကဲ့သို့သော တွေ့ဆုံပွဲများကို အခြေခံသဘောတရားအရ မည်သူမဆို
တက်ရောက်နိုင်သည်ဟု ဆိုသော်လည်း လူဦးရေ ၅၀၀ မှ ၂၀၀၀ ကြားအထိရှိသော ထိုရွာများတွင်
သတင်းအချက်အလက်များကို တညီတညွတ်တည်း ရရှိကြသည်မဟုတ်ပါ။ ထိုကဲ့သို့သော တွေ့ဆုံပွဲ
များကို အချို့သောရွာသူရွာသားများက ကြားသိရပြီး သူတို့အနေဖြင့် တက်လို့ရတယ်လို့ ခံစားရကြောင်း၊
အချို့မှာ ထိုတွေ့ဆုံပွဲများအကြောင်း မကြားသိကြရကြောင်း ၊ စိတ်မ၀င်စားသူများရှိသလို တက်လို့ရမရ
သေချာမသိသူများလည်း ရှိကြောင်း မေးခွန်းများမေမြန်းစဉ် ဖြေဆိုကြသည်။ လက်တွေ့တွင်မူ ထိုကဲ့သို့
သော တွေ့ဆုံပွဲများသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်မှုရှိခြင်း ၊ ဓနဥစ္စာ ပြည့်စုံခြင်း၊အသက်အရွယ်၊
ပညာအရည်အချင်း၊ ကျားမ စသည့်အချက်များအပေါ် မှီတည်ကာ ရပ်ရွာအတွင်း အထက်အောက်
ပုံစံများဖြစ်ပေါ်စေပြီး ရပ်ရွာအတွင်း သြဇာအာဏာရှိသူများ အတွက်ရည်ရွယ်သည်။ ရပ်ရွာအတွင်း
သတင်းအချက်အလက်များသည် လွယ်ကူလျင်မြန်စွာ ပျံ့နှံ့ကြသော်လည်း မညီမျှသော အချက်အလက်
မျှဝေမှုပုံစံသည် ရပ်ရွာအတွင်း သြဇာအာဏာနှင့် လူတန်းစားအဆင့်များ ကွာခြားမှုကို အမြစ်တွယ်စေ
သည်။ ပရဒတ်မှာ ရွာသူရွာသားများ ထောက်ပြကြသလို သတင်းအချက်အလက်မညီမျှမှုသည်
အကျိုးနှင့် အပြစ် (အကျိုးရသူနှင့်အကျိုးယုတ်သူတို့အကြား) မညီမျှမှုကို ပိုမိုဖြစ်စေသည်။ စီမံကိန်း
အကောင်အထည်ဖော်သူများနှင့် နီးစပ်သူများက အချက်အလက်များ ကြိုသိနေခြင်းဖြင့် လယ်သမား
20 FGD, Wetchaung, 21/9/17, male. 
များဆီမှ မြေများကို ဈေးပေါပေါနှင့် ၀ယ်ယူကာ အကျိုးအမြတ်ရနေကြောင်း သာဓကအနေဖြင့်
တွေ့ရသည်။ စီမံကိန်း အစောပိုင်းကာလနှင့် ကနဦး အကောင်အထည်ဖော်စဉ် သတင်းအချက်အလက်ရရှိမှု
အခြေအနေသည် လက်ရှိ စိုက်ပျိုးရေးနှင့် မြေယာအခင်းအကျင်း မညီမျှမှုများကို ပိုမိုဆိုးရွားစေသည်။21
ရပ်ရွာအတွင်းတွေ့ဆုံပွဲများသည် သတင်းအချက်အလက်မျှဝေရန်အတွက် အဓိကနေရာ
ဖြစ်သော်လည်း တွေ့ဆုံပွဲပုံစံနှင့် လုပ်ငန်းစဉ်များသည် ပွင့်လင်းမှုအားနည်းပြီး လူထုကို အသုံးချ
သလိုဖြစ်နေကြောင်း ရွာသားအချို့က ထောက်ပြကြသည်။ ၀က်ချောင်းထက် အနည်းငယ်ကြီးမားသော
ခမောင်းချောင်းကျေးရွာတွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င်
ရွာသားအချို့က လျော်ကြေးကိစ္စရပ်များကို ကိုင်တွယ်ရန် ကော်မတီများ ဖွဲ့ထားကြောင်း ပြောဆိုကြသည်။
(နဘုလယ်အတွင်း ထိုကဲ့သို့သော ကော်မတီအမြောက်အများ ဖွဲ့စည်းထားသည်) ခမောင်းချောင်းတွင်
ထိုကော်မတီအကြောင်းကို အုပ်စုလိုက်ဆွေးနွေးပွဲများအတွင်း ပြောဆိုကြသော်လည်း မြေပိုင်မရှိဘဲ
သစ်တောထွက်ပစ္စည်းများကို ကောက်ယူရောင်းချသော ရွာသားတစ်ဦးကမူ ထိုကဲ့သို့သော ကော်မတီ
မကြားဖူးကြောင်း ဒေါသတကြီးဆိုလေသည်။ လျော်ကြေးကို ယခုလိုပုံစံကိုင်တွယ်၍ မရကြောင်း
၊ပွင့်လင်းမြင်သာမှု လုံးဝမရှိကြောင်း သူက ထင်မြင်ယူဆသည်။ ကော်မတီက လျော်ကြေးပေး
သည့်လုပ်ငန်းစဉ်ကို သူတို့၏ အကျိုးစီးပွားအတွက် ပုံဖော်ကြလိမ့်မည်ဟု သူက စိုးရိမ်တကြီးဆိုသည်။
သူ့အနေဖြင့်ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ရန်တောင်မှ အန္တရာယ်မကင်းကြောင်း“ဓါးသွားပေါ်
လမ်းလျှောက်ရသလိုပဲ”ဟု သူကပြောသည်။22
အုပ်စုလိုက်ဆွေးနွေးမှုတစ်ခုတွင် နောက်ထပ်အရေးပါသည့် အကြောင်းအရာကို ထုတ်
ဖော်ကြသည်။ အချက်အလက်ရရှိမှုပုံစံသည် အချက်အလက်များကို ကိုင်စွဲထားသော စီမံကိန်း
အကောင်အထည်ဖော် သူများနှင့် အချက်အလက်များကို ရရှိလိုကြသော စီမံကိန်းကြောင့် ထိခိုက်ခံစား
ရသူများအကြား ဒေါင်လိုက် အပေါ်အောက် ဆက်သွယ်သည့်ပုံစံဖြစ်နေကြောင်း ယေဘုယျအားဖြင့်
နားလည်သဘောပေါက်ကြသည်။ သို့သော်လည်း ရွာသူရွာသားများအနေဖြင့် သတင်းအချက်အလက်
များကို အထူးအလေးထားဖို့ လိုအပ်ကြောင်း ဆွေးနွေးပွဲအတွင်း ရွာသားတစ်ဦးမှ အလေးပေး
ပြောကြားသည်။23 အခြားရွာမှာ လျော်ကြေးဘယ်လိုပေးတယ်၊ ဘယ်လိုတွက်ချက်ပြီးပေးတယ်၊
ဘယ်နှုန်း တွေ သတ်မှတ်ပေးတယ် စသဖြင့် သေသေချာချာ နားထောင်ဖို့လိုတယ်ဟု သူကပြောသည်။
ဒီလိုသိထားခြင်းအားဖြင့် လျော်ကြေးညှိနှိုင်းရာမှာပိုမိုအားကောင်းပြီး ပိုမိုထိရောက်မည်ဟုဆိုသည်။
ထိုကဲ့သို့သောအချက်အလက်များကို စီမံကိန်းအကောင်အထည်ဖော်သူများမှ ရှင်းလင်းမျှဝေကြမည်
မဟုတ်သော်လည်း ရွာသူရွာသားများအကြား အလျားလိုက်ပုံစံရှိသော အချင်းချင်း သတင်းအချက်
အလက်မျှဝေမှုများကို လိုအပ်ကြောင်း ထိုဆွေးနွေးမှုအရ ထင်ရှားသည်။
နောက်ဆုံးအနေဖြင့် သတင်းအချက်အလက်များနှင့် အချက်အလက်မျှဝေသည့် ပုံစံများသည်
ဘက်လိုက်မှုကင်းပြီး အမြဲတမ်း သမာသမတ်ကျသည်ကို မတွေ့ရပါ။ သတင်းအချက်အလက်မျှဝေသည့်
ပုံစံသည် နဘုလယ်ဒေသတွင် ရပ်ရွာအတွင်းတည်ရှိသည့် သြဇာအာဏာ မညီမျှမှု ချိန်ခွင်လျှာကို
21 IDI, Paradut, 9/10/17, female.
22 FGD, Kamaungchaung, 19/12/17, male.
23 Ibid. 
ပိုမိုဆိုးရွားစေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ သတင်းအချက်ကိုယ်တိုင်ကတော့ ဘက်
လိုက်သည်၊ တဘက်ဘက်ကို ပါနေမှာ မဟုတ်ကြောင်း ရွာသားများက ဆွေးနွေးကြသည်။ စီမံကိန်းအပေါ်
ခံစားမှု အမြင်ယုံကြည်ချက်များပေါ် မူတည်ပြီး အချက်အလက်များကို ပုံမှန်အားဖြင့် နားလည်
လက်ခံကြကြောင်း ပြောဆိုကြသည်။ ဥပမာအားဖြင့် ပြည်သူ့လူ့အဖွဲ့အစည်းများက အချက်အလက်
အများကို မျှဝေသည့်အခါ စီမံကိန်းကြောင့် ရလာနိုင်မည့် ကောင်းကျိုးကို မပြောဘဲ ထိခိုက်နိုင်သည့်ဆိုး
ကျိုးများကိုသာ ပြောဆိုခြင်းကြောင့် တခါတလေ စိတ်ထဲ စနိုးစနောင့် ဖြစ်ရကြောင်း ရွာသူရွာသားများက
ပြောသည်။ ထိုကဲ့သို့ အချက်အလက်များကို ထောင့်စေ့အောင် မဝေမျှနိုင်ခြင်းသည် မျက်နှာလိုက်ခြင်း
မဟုတ်ကြောင်း ပြည်သူ့ လူ့အဖွဲ့အစည်းများက မြင်သည်။ ထိုအပြုအမူယူဆချက်အား အချို့သော
ရွာသားများကဘက်လိုက်မှု တစ်ခုအနေဖြင့် မြင်ပြီး စီမံကိန်းကြောင့် သက်ရောက်နိုင်ချေများကို
ပြောဆိုဝေမျှခြင်းဖြင့် စီမံကိန်းအား ဝေဖန်ဆန့်ကျင်မှုများ တိုးပွားလာအောင် ဦးတည်ရည်ရွယ်ကြောင်း
ထင်မြင်ကြသည်။ ပြည်သူ့လူ့အဖွဲ့အစည်းများကမူ ထိုအပြုအမူသည် စီမံကိန်းနှင့် ပတ်သက်ပြီး
ဆိုးကျိုးများကို ပြောပြခြင်းသည် တဖက်ထဲဖြစ်နေသော အချက်အလက်များကို ထိန်းညှိပေးခြင်းသာ
ဖြစ်ကြောင်း ညွှန်းဆိုကြသည်။ စီမံကိန်းအကောင်အထည်ဖော်သူများအနေဖြင့် ရပ်ရွာအား စီမံကိန်းနှင့်
ပတ်သက်သော အကျိုးကျေးဇူးများကို သာ ပြောပြလေ့ရှိပြီး ဆိုးကျိုးများကို ကွယ်ဝှက်ထားထားလေ့ရှိသည်။
စက်မှုလုပ်ငန်းသည် ထားဝယ်အထူးစီးပွားရေးဇုန်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည် 
ဖြည့်စွက်ချက် ၁ - ဝေါဟာရ ဖွင့်ဆိုချက်
အစီရင်ခံစာတွင် ရည်ညွှန်းသော နဘုလယ်ရွာသူရွာသား ဆိုသည်မှာ နဘုလယ်
ဒေသတွင်နေထိုင်သူ မည်သူကိုမဆို ဆိုလိုသည်။ ထိုရွာများကို အလေးပေးလေ့လာဖို့
အရေးကြီးသည်။ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ပြုလုပ်ခဲ့သော သုတေသနအရ ရွာသူရွာသားများ၏
၃၅% မှာ ဥယျာဉ် ခြံ စိုက်ပျိုးရေးကို မူလအသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်သည့်
ခြံသမားများဖြစ်ကြပြီး ၃၁% မှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် လယ်သမားများ
ဖြစ်သည်။ ၇% ကို နေ့စားအလုပ်သမားများ အဖြစ်လည်းကောင်း ၊ ၅% ကို မွေးမြူရေးလုပ်
သားများအဖြစ်လည်းကောင်း၊ ၁၉ % ကို ရေလုပ်ငန်း၊ဆိုင်ကယ်ပြင်ဆိုင်လုပ်ငန်း၊အလှပြင်
ဆိုင်လုပ်ငန်းစသည်ဖြင့် အခြားနည်းဖြင့်အသက်မွေးသူများ အဖြစ်လည်းကောင်း ဖော်ပြ
ထားသည်။24 ရွာသူရွာသားအနည်းငယ်သာ သီးနှံတစ်မျိုးတည်း (သို့မဟုတ်) အသက်မွေးမှု
တစ်ခုတည်းကို လုပ်ကိုင်ကြသည်။ အတော်များများကတော့ သီးနှံအမျိုးမျိုးကို စိုက်ပျိုး
ကြသလို တခါတလေ မြေယာအခြေပြုလုပ်ငန်းနှင့်မြေယာအခြေမပြုသော လုပ်ငန်းတို့ကို
တွဲဖက်လုပ်ကိုင်ကြသည်။ အလုပ်လုပ်နိုင်သည့် အရွယ်ရှိသည့် ရွာသူရွာသားအားလုံး၏
၅၀% အထိ ရွာကိုပစ်ပြီး အခြားဒေသများတွင် ရွှေ့ပြောင်းလုပ်ကိုင် စားသောက် နေကြ
ကြောင်း သိရသည်။ ထို့ကြောင့်ငွေလွှဲကိုလည်း နဘုလယ် ရွာသူရွာသားများ၏ အသက်
မွေးဝမ်းကြောင်းတွင် ထည့်သွင်းထားသည်။ ရွာသူရွာသားများ၏ အမျိုးအစားသည် ပါဝါ
ဝင်ငွေ အသက်အရွယ် ကျားမကဏ္ဍ နှင့် အခြားသော အကြောင်းအရာများပေါ်တွင်လည်း
တည်မှီနေကြောင်း အစီရင်ခံစာတွင် ဆ၀ါးထားသည်။ ရွာသူရွာသား အမျိုးမျိုးတွင်
အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မတူညီသော အဆက်အစပ်များရှိပြီး စီမံကိန်းအား
ထောက်ခံခြင်း ကန့်ကွက်ခြင်းကို ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာတွင် ပြဆိုထားသည်။
အစီရင်ခံစာတွင် လယ်သမား ဆိုသည့်ဝေါဟာရတွင် လယ်သမားနှင့်
ခြံသမားဟူ၍ စိုက်ပျိုးရေးလုပ်ကိုင်သူအား နှစ်မျိုးနှစ်စား ခွဲခြားထားသည်။ ရာသီပေါ်
အသီးအနှံနှင့် သစ်သီးဝလံများ၊ ရာဘာ၊ ကွမ်း သီဟိုဠ် စသည့်သီးနှံများ စိုက်ပျိုးသူများကို
ခြံသမားဟု ခေါ်ပြီး စပါးစိုက်သည့် ရွာသူရွာသားများကို လယ်သမားဟု ခေါ်သည်။
နဘုလယ်တွင် ခြံသမားကို ပိုတွေ့ရသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သလို
စိုက်ပျိုးရေးအခြေပြု လယ်ယာနှင့်ဥယျာဉ်ခြံလုပ်ငန်းတို့သည် နဘုလယ်ဒေသ၏ အဓိက
အသက်မွေးဝမ်းကြောင်းအနေဖြင့်တည်ရှိသည်။ မြေပိုင်ရှင်ကြီးများမှာ ဧက ဆယ်ဂဏန်း
ပိုင်ဆိုင်ကြပြီး စိုက်ပျိုးရေးသမား အငယ်စားများမှာ တစ်ဧကမှ ငါးဧကအတွင်း
ပိုင်ဆိုင်ကြသည်။ မြေအများအပြားပိုင်ဆိုင်သူများမှာ အထူးစီးပွားရေးဇုန်နှင့်အတူ
24 DDA (2014: 19-20).
သတင်းအချက်အလက်ရရှိမှု 
ပေါ်ပေါက်လာသော မြေယာကစားကွက်များကြောင့် အကျိုးအမြတ်ပိုရနိုင်ချေရှိသည်။
အစီရင်ခံစာတွင် အမျိုးသားရော အမျိုးသမီးများပါ သူတို့ကိုယ်သူတို့ ခြံသမား ၊ လယ်သမားဟု
သူတို့ကိုယ်သူတို့ ပြောဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လယ်သမား ဟူသော စကားလုံးကို
အများအားဖြင့် သုံးသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသားနှင့် ဆိုင်သောအရာတစ်ခုအဖြစ်
ယေဘုယျယူဆကြသည်။25
နဘုယ်ရွာသူရွာသားများသည် ကုမ္ပဏီဟူသော စကားလုံးကို သူတို့၏ မှတ်ချက်
များတွင် ထည့်သွင်းပြောဆိုကြသည်။ ပုံမှန်အားဖြင့်သူတို့ ပြောသည့် ကုမ္ပဏီဆိုသည့်
စကားလုံးမှာ အီတလျံထိုင်းဖွံ့ဖြိုးရေး ကုမ္ပဏီ Italian-Thai Development (ITD) အား
ဆိုလိုခြင်း ဖြစ်သည်။ အီတာလျံထိုင်းသည် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး
ထားဝယ် အထူးစီးပွားရေးဇုန်အား တည်ဆောက်သူအဖြစ် စီမံကိန်း မရပ်ဆိုင်းမီအထိ
တာဝန်ယူခဲ့သည်။ လက်ရှိအချိန်ထိ အီတာလျံထိုင်းသည် ထားဝယ် စီမံကိန်းတွင်
အရေးပါသည့်ကန်ထရိုက်တာ ဖြစ်နေဆဲဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်
များနှင့် ယန္ထရားများတွင် အီတာလျံထိုင်းကုမ္ပဏီ၏ အမှတ်တံဆိပ်လိုဂိုများကို စီမံကိန်း
ဧရိယာအနီးတ၀ိုက်တွင် မြင်နေရဆဲဖြစ်သည်။ သို့သော် အီတာလျံထိုင်း ကုမ္ပဏီမှာ
ရိုဂျာနာစက်မှုလုပ်ငန်း (Rojana Industrial Park ) နှင့် ဖက်စပ်အနေဖြင့်
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် တွင်ပါဝင်လျက်ရှိသည်။26 စီမံကိန်းတွင်
တတိယ အကြံပေးအဖွဲ့အစည်းများလည်း ပါဝင် ပတ်သက်ကြသည်။ ဥပမာအားဖြင့်
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း နှင့်အခြားသော စစ်တမ်းများ လေ့လာမှုများ၊
ညှိနှိုင်းဆွေးနွေးမှုများနှင့်သုတေသန လုပ်ငန်းများဖြစ်သည်။ ရွာသူရွာသားများ အနေဖြင့်
စီမံကိန်းအကောင်အထည်ဖော်သူများနှင့် အများဆုံး ထိတွေ့ဆက်ဆံရသူများမှာ ထိုကဲ့
သို့သော လေ့လာမှုများ စစ်တမ်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများမှ တဆင့်ဖြစ်သည်။
ထို့ကြောင့် ရွာသူရွာသားများ၏ စိတ်ထဲတွင် အီတာလျံထိုင်းဟု ယူဆပြောဆို
နေကြသော်လည်း တခါတရံ ကုမ္ပဏီသည် အီတာလျံမှ ငှားရမ်းထားသော တဆင့်ခံ
ကန်ထရိုက်များလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေတွင်
ဦးဆောင်ရင်းနှီး တည်ဆောက်သူကို သိရှိရန် ထားဝယ်စီမံကိန်းသည် သီလ၀ါထက်
ပိုမိုခက်ခဲသည်။ စီမံကိန်းသည် အစိုးရအချင်းချင်း လုပ်ဆောင်သော governmentto-government
စီမံကိန်း ဖြစ်လာပြီး အီတာလျံ ထိုင်းနှင့် ရိုဂျာနာတို့ ပူးပေါင်းပြီး
Myandawei Industrial Estate မှစီမံကိန်းရင်းနှီး တည်ဆောက်သူအဖြစ်
လုပ်ကိုင်နေပုံရသည်။ အစီရင်ခံစာပါ ကုမ္ပဏီဟူသော စကားလုံးသည် အများအားဖြင့်
အီတာလျံထိုင်း ကုမ္ပဏီကို ရည်ညွှန်းပြီး လက်တွေ့တွင်မူ အီတာလျံထိုင်းသည်
25 See for example Hilary Oliva Faxon (2015), “The Praxis of Access: Gender in
Myanmar’s National Land Use Policy,” conference paper, Chiang Mai University.
26 See Mekong Watch (2016). 
မူအားဖြင့် စီမံကိန်း ရင်းနှီးတည်ဆောက်သူ မဟုတ်တော့သလို တခါတရံ မြေပြင်လုပ်ငန်းများ အကောင်
အထည် ဖော်ရာတွင်လည်း တိုက်ရိုက် မပါဝင်ပေ။
အစီရင်ခံစာပါ စီမံကိန်းအကောင်အထည်ဖော်သူများသည် အစိုးရအဖွဲ့ အစည်းများနှင့်
စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေကြသော စီးပွားရေးလုပ်ငန်းများကို ဆိုလိုသည်။27 အစိုးရကဏ္ဍတွင်
မြန်မာအစိုးရဘက်မှ ပါဝင်သော ရပ်ရွာအဆင့် မှ တိုင်းအဆင့် ဗဟိုအဆင့် ၊ မြန်မာအစိုးရနှင့်ထိုင်းအစိုးရ
ပူးပေါင်းဖွဲ့စည်းထားသော ပူးတွဲ အဆင့်မြင့် ကော်မတီများလည်းနှင့်ထားဝယ် အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီတို့ပါဝင်သည်။ ထိုင်းဘက်မှ ဆိုလျှင် ပူးတွဲအဆင့်မြင့်ကော်မတီများအပါအ၀င်
ဗဟိုအဆင့် အဖွဲ့အစည်းများနှင့် ဌာနများပါဝင်သည်။ ဒေသအစိုးရအဆင့်အနေဖြင့် ထိုင်းဘက်
ကမ်ချနာဘူရီ နယ်စပ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် နှင့်ချိတ်ဆက်မည့် လမ်းပိုင်းတွင်သာ ပိုမို
ပါဝင်သည်။ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများဟုဆိုလျှင် အီတာလျံထိုင်းသည် အထင်ရှားဆုံး
ဖြစ်သည်။ သို့သော်လည်း ဖက်စပ်ကုမ္ပဏီ အနေဖြင့်လက်ရှိ ပါဝင်နေသော Myandawei Industrial
Estate၊ မြေပြင်တွင် သုတေသနနှင့်လေ့လာ ဆန်းစစ်မှုများပြုလုပ်နေကြသော တတိယအဖွဲ့အစည်း
အကြံပေး ကုမ္ပဏီများ နှင့်ထိုင်းနှင့်မြန်မာရှိ စီမံကိန်းတွင် ငွေကြေးရင်းနှီးထောက်ပံ့နေသော ဘဏ်များနှင့်
ငွေကြေးအဖွဲ့အစည်းများကို မေ့ထားလို့မရပါ။ ထိုင်းနှင့် မြန်မာတို့အပြင် အခြားသောအဖွဲ့အစည်းမှာ
ဂျပန်အစိုးရ၏ အေဂျင်စီတစ်ခုဖြစ်သော ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (JICA)ဖြစ်ပြီး
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီသည် မြန်မာပြည်တောင်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး
ဖွံ့ဖြိုးရေးဆိုင်ရာ မဟာအစီအစဉ် (master plan) တစ်ခုကိုရေးဆွဲလျက်ရှိပြီး ထိုအစီအစဉ်သည်
ထားဝယ်အထူးစီးပွားရေးဇုန်၏ အနာဂတ်အစီအစဉ်ပေါ်များစွာ သက်ရောက်မှုရှိမည်ဖြစ်သည်။ 28
27 And should not be confused with the term defined under the 2015 Myanmar EIA Procedures.
28 Su Phyo Win (28/6/17), “JICA Draws Up Development Plan for Tanintharyi and Dawei SEZ,” The
Myanmar Times, available at https://www.mmtimes.com/business/26576-jica-draws-up-developmentplan-for-tanintharyi-and-dawei-sez.html
(last accessed 25/4/18); Zin Thu Tun (13/3/18), “JICA to
Provide $800 Million for Dawei SEZ,” Myanmar Business Today, available at https://www.mmbiztoday.
com/articles/jica-provide-800-million-dawei-sez (last accessed 25/4/18).
အသက်မွေးဝမ်းကြောင်း
အသက်မွေးဝမ်းကြောင်း
နိဒါန်း
ဤသုတေသနအတွက် အချက်အလက်ကောက်ယူရာတွင် နဘုလယ်ဒေသနေ ရွာသူရွာသား
များ၏ အသက်မွေးဝမ်းကြောင်းကိုလည်း အဓိကအားဖြင့် အာရုံစူးစိုက်ထားသည်။ အထူးစီးပွားရေးဇုန်
စီမံကိန်းကြောင့် လွန်ခဲ့သော နှစ်များအတွင်း ဒေသနေလူထု၏ အသက်မွေးဝမ်းကြောင်းအပေါ်
မည်သို့သက်ရောက်မှုရှိသည် မည်မျှသက်ရောက်မှုရှိသည်တို့ကို ရွာသူရွာသားများနှင့် ဆွေးနွေးထား
သည်။ ထို့အပြင် စီမံကိန်းပြန်လည် စတင်ဖြစ်ခဲ့လျှင် မြေယာသိမ်းဆည်းမှု ၊ လျော်ကြေးနှင့်ပြန်လည်နေ
ရာချထားမှု တို့အပါအ၀င် အနာဂတ် အသက်မွေးဝမ်းကြောင်း အပြောင်းအလဲအပေါ် မည်သို့မျှော်လင့်
ထားကြကြောင်းကိုလည်း ဆွေးနွေးထားသည်။
ဤသုတေသနေတွင် ပါဝင်ဖြေဆိုသူအများစုမှာ သူတို့ကိုယ်သူတို့ ရာဘာ၊ သီဟိုဠ် နှင့်ကွမ်း
စိုက်ပျိုးသော ခြံသမား များအဖြစ် မှတ်ယူကြသည်။ အချို့သော ဖြေဆိုသူတို့က စပါးစိုက်သည့်လယ်သ
မားများဖြစ်ကြပြီး ငပိဒတ်ကျေးရွာ ကမ်းခြေတလျှောက်တွင် နေထိုင်သူများကမူ ငါးဖမ်းခြင်းနှင့်
ခရုကောက်ခြင်းတို့ကို ၄င်းတို့၏ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် ပြောဆိုကြသည်။
အလှပြင်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် ၊ ကုန်စုံဆိုင် ၊ အအေးနှင့် စားသောက်ဖွယ်ရာတို့ ရောင်းချသည့် ဆိုင်
စသည့် မြေယာအပေါ် အမှီမပြုသော အသက်မွေးသူများ ရှိသလို မြေပိုင်ဆိုင်မှုမရှိဘဲ နေ့စား
ဘောက်သမား၊ သစ်တောထွက်ပစ္စည်းများ ကောက်ယူရောင်းချသူများ ၊ မွေးမြူရေး သမားများလည်း
ရှိကြသည်။ နဘုလယ်ဒေသတွင် နေထိုင်သူ အများစုသည် လယ်နှင့် ဥယျာဉ်ခြံနှစ်မျိုးစလုံး စိုက်ပျိုးခြင်း၊
လယ်ယာအပေါ် အခြေပြုသည့် အလုပ်နှင့်အခြေမပြုသည့် အလုပ်များကို ပူးတွဲလုပ်ဆောင်ခြင်း
စသည်ဖြင့် အလုပ်အကိုင် အသက်မွေးမှုပုံစံအမျိုးမျိုး ရောနှောလုပ်ကိုင်ကြသည်။ ဤနည်းဖြင့် သီးနှံ
ဈေးနှုန်းအတက်အကျနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးမှုတို့ကို ဟန်ချက်ညီအောင် ထိန်းကြသည်။
ထိုင်းနှင့်မလေးရှားတွင် သွားရောက်လုပ်ကိုင်နေသူများမှ ပြန်လည်လွှဲပြောင်းသည့် ငွေများကလည်း
နဘုလယ်ဒေသအတွင်းရှိ အိမ်ထောင်စုများ၏ ၀င်ငွေအချိုးအစားအပေါ်များစွာ သက်ရောက်မှုရှိသည်။ 29
အသက်မွေးဝမ်းကြောင်းကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ “ကွဲပြားခြားနားသော
လူမှုအခင်းအကျင်းနှင့် အခြေအနေများပေါ်တွင် အသက်ရှင်ရပ်တည်ရေးအတွက် လူတွေဘယ်လို
လုပ်ကိုင် စားသောက်ကြသလဲ ဆိုသည်ကို အသေအချာနားလည် သဘောပေါက်မှုအပေါ်
ဗဟိုပြုလျက်(bottom-up) အောက်မှ အပေါ်သို့၊ ဘက်ပေါင်းစုံမှ ချဉ်းကပ်သည့် ရှုထောင့်တစ်ခု” အဖြစ်
ဤသုတေသနတွင် အသက်မွေးဝမ်းကြောင်းအား အဓိပ္ပါယ်ဖွင့်ဆိုသည်။ အသက်မွေးဝမ်းကြောင်း ကို
ကျေးလက်ဒေသဖွံ့ဖြိုးရေးအယူအဆနှင့် အလေ့အကျင့်၏ ဗဟိုချက်အဖြစ် ဆယ်စုနှစ်များစွာ
မှတ်ယူကြသည်။30 ဘက်ပေါင်းစုံရှုထောင့်ဟုဆိုရာတွင် စီးပွားရေးပညာရှင်နှင့် နည်းပညာဝေါဟာရ
ဆိုင်ရာ အယူအဆများမှ အသက်မွေးမှုအပေါ် ရှုမြင်မှုများမှ အနည်းငယ်ခွဲထွက်ထားသည်။ ဘယ်သူက
29 See DDA (2014: 19-26) for quantitative findings regarding livelihood practices in Nabule.
30 Scoones (2015: 1). 
ချမ်းသာလဲ၊ဘယ်သူက ဆင်းရဲလဲ၊ ဘာကြောင့်လဲဆိုသည့် သာမာန်ချဉ်းကပ်သည့်ပုံစံမျိုးမဟုတ်ဘဲ
နိုင်ငံရေးဘောဂဗေဒ ရှုထောင့်မှ မေးခွန်းများကို မေးထားသည်။ “ဘယ်သူက ဘာပိုင်တာလဲ၊
ဘယ်သူဘာလုပ်တာလဲ၊ ဘယ်သူက ဘာရတာလဲ၊ ဒီဟာတွေနဲ့ သူတို့ဘာလုပ်သလဲ” စသည့်
Bernstein et al ၏ အဓိကမေးခွန်းများက ထိုချဉ်းကပ်မှုရှုထောင့်ကို ပိုမိုရှင်းလင်းစေသည်။31
ထိုအခြေခံ စဉ်းစားမှုပုံစံသည် အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်သော မေးခွန်းများမေးမြန်းရာတွင်
များစွာအထောက်အကူပြုသည်။ ကျယ်ပြန့်သော နိုင်ငံရေးဘောဂဗေဒကို အခြေခံပြီး လယ်ယာကဏ္ဍ
လူမှုရေးတည်ဆောက်မှု ပုံစံကို ခြေခြေမြစ်မြစ်နားလည်သဘောပေါက်စေသည်။
မြန်မာနိုင်ငံအတွင်း မည်သည့်ကျေးလက်ဒေသတွင်မဆို မြေယာနှင့်အသက်မွေးဝမ်းကြောင်း
ကို ခွဲထုတ်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်ဖို့ ခက်ခဲသည်။ ဤနေရာတွင် မြေကို အရာဝတ္ထုတစ်ခုထက်ပိုကြောင်း၊
မြေသည် လူမှုရေး ၊ ယဉ်ကျေးမှု ၊ နိုင်ငံရေး ၊ စီးပွားရေးနှင့် စိတ်ဝိညာဉ် စသည့်အရာများနှင့် အဆက်အစပ်
တည်ရှိကြောင်း နားလည်သဘောပေါက်ဖို့လိုသည်။ မြေသည် ထုတ်ကုန်တစ်ခု ကုန်ပစ္စည်းတစ်ခုထက်
ပိုသည်။ မြေသည် ယုံကြည်မှုတို့ ဖွင့်ဆိုတည်မှီရာ ၊ လူမှုယဉ်ကျေးမှုတို့ တည်ဆောက်ရှင်သန်ရာဖြစ်သည်။
မြေသည် ၀ိသေသလက္ခဏာ၊ မူလဇာစ်မြစ်နှင့် လားရာတို့ကို နားလည်စေသည်။32 သုတေသန
ရှုထောင့်တစ်ခုဖြစ်သော နိုင်ငံရေးဘောဂဗေဒ သဘောတရားနှင့် ကိုက်ညီမှုရှိစေရန် နဘုလယ်ဒေသတွင်
မြေယာများကို ဘယ်လို ထိန်းချုပ်အသုံးပြုနေကြသလဲ၊ ဘာကြောင့်လဲ၊ ဘယ်သူတွေက အကျိုး
အမြတ်ရနေကြသလဲ ဆိုသည့် မေးခွန်းများကို ဆ၀ါးထားသည်။ မြေယာနှင့်သက်ဆိုင်ပြီး သီးခြား
ကဏ္ဍအနေဖြင့် သုတေသနတွင် မပါဝင်သော်လည်း မြေယာသည် အသက်မွေးမှုအပြောင်းအလဲ၊
လျော်ကြေးနှင့်ပြန်လည်နေရာချထားမှု တို့သက်ဆိုင်ကြောင်း နားလည်သဘောပေါက်သင့်သည်။
လွန်ခဲ့သော နှစ်များအတွင်း နဘုလယ်ဒေသတွင် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့်
ဖြစ်ပေါ်ခဲ့သော အသက်မွေးဝမ်းကြောင်း အပြောင်းအလဲ ကို ယေဘုယျအားဖြင့် ဤအပိုင်း၏ အစတွင်
ဖော်ပြထားသည်။ ယင်းနောက် လျော်ကြေးနှင့် ပြန်လည်နေရာချထားရေးအကြောင်းများလည်း
ပါဝင်သည်။
31 Henry Bernstein, Ben Crow, and Hazel Johnson (eds.) (1992: 24-25), Rural Livelihoods: Crises and
Responses, Oxford, Oxford University Press.
32 Cf. TNI (2015).
အသက်မွေးဝမ်းကြောင်း
အသက်မွေးဝမ်းကြောင်းအပြောင်းအလဲ
အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် နဘုလယ်ဒေသတွင် အသက်မွေးဝမ်းကြောင်းပုံစံ
အပြောင်းအလဲသည် တည်နေရာအနေအထား အပေါ်များစွာမူတည်သည်။ ၀က်ချောင်းနှင့်ခမောင်းချောင်း
ကျေးရွာကဲ့သို့သော အချို့သော ကျေးရွာများတွင် အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်ပြီး
အပြောင်းအလဲ ကြီးကြီးမားမား မတွေ့ရပေ။ စီမံကိန်းအတွက် ရေပံ့ပိုးရန် ထိုဧရိယာတွင် တည်ဆောက်
ထားသော ရေလှောင်တမံသည် အနီးအနားရှိ ရွာများအပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိကြောင်း
တွေ့ရပြီး အခြားကျေးရွာများဖြစ်သော ပရဒတ်နှင့် ငပိဒတ်ကျေးရွာများတွင်မူ အသက်မွေးဝမ်းကြောင်း
အပေါ် သက်ရောက်မှုများရှိကြောင်း ထင်ထင်ရှားရှားတွေ့ရသည်။ ပရဒတ်သည် အီတာလျံထိုင်း၏
ကျောက်ထုတ်လုပ်ငန်းအနီး တည်ရှိသောရွာဖြစ်ပြီး ငပိဒတ်မှာမူ ဆိပ်ကမ်းငယ်တည်ဆောက်ထားသော
နေရာဖြစ်သည်။ ကျောက်ထုတ်လုပ်ငန်းမှ ထွက်ပေါ်လာသော မြေစာများက ပရဒတ်ရှိ လယ်သမားများ၏
လယ်ယာမြေများကို ထိခိုက်ပျက်စီးစေသည်။ ဆိပ်ကမ်းဆောက်လုပ်ရာ ငပိဒတ်တွင် စီမံကိန်းအတွက်
တည်ဆောက်ထားသော လမ်းနှင့်တံတားများကြောင့် ငပိဒတ်မှ ငါးဖမ်းသမားများ လှေများအ၀င်အထွက်
ကို နှောင့်နှေးကာ အတားအဆီးဖြစ်စေသည်။ ထိန်ကြီးနှင့် မူဒူးနှစ်ရွာ သည်ကား အသက်မွေးဝမ်းကြောင်း
အပြောင်းအလဲနှင့် ပတ်သက်ပြီး ပိုမိုအဖြေရှာရခက်သည့်နေရာတစ်ခုဖြစ်သည်။ မကြာသေးမီနှစ်များ
အတွင်း ထိုနှစ်ရွာလုံးတွင် အသက်မွေးဝမ်းကြောင်းအပေါ် တိုက်ရိုက်ကြီးကြီးမားမားသက်ရောက်မှု
မရှိခဲ့ချေ။ အဆိုပါ နှစ်ရွာတွင် ရွာသားများ၏ စီးပွားရေးအခြေအနေ အထူးသဖြင့် မြေယာမည်မျှပိုင်ဆိုင်
သည်ဆိုသည့် အချက်သည် စီမံကိန်းအပေါ် အမြင်သဘောထားနှင့် အသက်မွေးဝမ်းကြောင်း တို့အပေါ်
များစွာသည်ရောက်မှုရှိသည်။
စီမံကိန်းကြောင့် အဆိုးရွားဆုံးထိခိုက်ခံစားရမှုနှင့်စီမံကိန်းအပေါ် ကန့်ကွက်မှု အနိမ့်အမြင့်
သည် အမြဲတမ်း ဆက်စပ်မှုရှိမနေသည်ကို တွေ့ရသည်။ အချို့သော ဒေသနေလူထုသည် စီမံကိန်းကြောင့်
အကြီးအကျယ် ဆိုးရွားစွာ ထိခိုက်ခံစားရသော်လည်း စီမံကိန်းကို အမြန်ဆုံးပြန်စရန် မျှော်လင့်ကြသည်။
စီမံကိန်းပြန်စမှ လျော်ကြေးပေးသည့် လုပ်ငန်းစဉ် ပြန်လည်စတင်မည်ဖြစ်သောကြောင့် ဖြစ်သည်။
စီမံကိန်းကြောင့် အနည်းငယ်သာ ထိခိုက်ခံစားရသူများထဲမှ အချို့ကတော့ မြေယာနှင့် အသက်မွေးမှုကို
တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းနိုင်ရန် စီမံကိန်းကို လုံးဝဖျက်သိမ်းစေချင်သည်။အထူးသဖြင့် ဓနဥစ္စာ
ကြွယ်ဝသော ရွာသားများက သူတို့၏ မြေအများအပြားမှတဆင့် လျော်ကြေးမြောက်များစွာရရှိမည့်
အခွင့်အရေးကို မျှော်ကိုးကာ စီမံကိန်းကို အလျင်အမြန် ပြန်လည်စတင်ရန် လိုလားကြသည်။
သူများလှေတွင် အငှားလိုက်သူများ၊ သစ်တောပေါ် မှီခိုစားသောက်ရသူများ၊ မြေမဲ့ယာမဲ့များ၊ စားရင်း
ငှားကဲ့သို့သော အဆင်းရဲဆုံး ရွာသူရွာသားများအကြားတွင်မူ အချို့က စီမံကိန်းကို ကန့်ကွက်ကြပြီး
အချို့က စီမံကိန်းကို ထောက်ခံကြသည်။ ကန့်ကွက်ကြသူများကတော့ ထိလွယ်ရှလွယ် လက်ရှိ အသက်
မွေးကြောင်းအခြေအနေ ပျက်ယွင်းသွားပြီး ဒုက္ခရောက်မည်ကို စိုးရိမ်ကြသည်။ ထောက်ခံသူများကတော့
သူတို့အနေဖြင့် လိုအပ်နေတာက အလုပ်ဖြစ်ပြီး စီမံကိန်းကြောင့် အလုပ်အကိုင် ရရှိမည်ဟု
ယုံကြည်ကြသည်။ လျော်ကြေးကြောင့် စီမံကိန်း နှောင့်နှေးမှာ မလိုလားသောကြောင့် လျော်ကြေး
ကိစ္စများကို ထည့်မပြောရန် ထိုအုပ်စုက လိုလားသည်။ ဆင်းရဲမွဲတေသော ရွာသူရွာသားများအတွက်
လျော်ကြေးမှာ အရေးပါသော အခွင့်အရေးတစ်ခုဖြစ်သည်။ 
အထူးစီးပွားရေးဇုန်၏ အရှေ့ဘက်ရှိ ရေလှောင်တမံအနီးမှ ၀က်ချောင်းနှင့် ခမောင်းချောင်း
ရွာနှစ်ရွာတွင်ကား စီမံကိန်းနှင့်ပတ်သက်ပြီး ကြီးကြီးမားမားသက်ရောက်မှုများကို မတွေ့ရပေ။
ရေလှောင်တမံ တည်ဆောက်မှုကြောင့် သူတို့အပေါ် ကြီးကြီးမားမားသက်ရောက်မှုမရှိခဲ့ကြောင်း
ရွာသားများက ပြောဆိုကြသည်။ အဆိုပါ ရွာနှစ်ရွာသည် အစိုးရပိုင်ဆီအုန်းစိုက်ခင်း စီမံကိန်းကြီး
နှစ်ခုအကြားတွင်တည်ရှိသည်။ ထိုဆီအုန်းစိုက်ခင်းများမှာ ယခုအချိန်တွင် ဆက်လက်မလုပ်ကိုင်တော့ဘဲ
စီမံကိန်းပြန်လည်စတင်လျှင် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြေဖော်ထုတ်ရန် ရှင်းလင်း
မည်ဖြစ်သည်။ ဆီအုန်းစီမံကိန်းပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ရွာသူရွာသားများမှ သူတို့၏ အသက်မွေးဝ
မ်းကြောင်းအပြောင်းအလဲကို သိသိသာသာ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း ပြောဆိုကြသည်။
ခမောင်းချောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်နီးစပ်ပြီး မြေယာအမြောက်အများကို ပိုင်ဆိုင်သည့်
ရွာသားအုပ်စုတစ်စုကတော့ စီမံကိန်းကို အထူးတလည် ထောက်ခံကြောင်း ပြသကြသည်။ ၂၀၁၅
ခုနှစ်တွင် အထူးစီးပွားရေးဇုန်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့သေးသည်။
မြေယာမရှိဘဲ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းများကို အမှီသဟဲပြုပြီး ရှင်သန်နေထိုင်
အသက်မွေးသူများက စီမံကိန်းကို ပြင်းပြင်းထန်ထန်ဝေဖန်ကြသည်။ ပြန်လည်နေရာချထားသည့်
နေရာတွင် အရင်ကဲ့သို့ သစ်တောများမရှိဘဲ အသက်မွေးဝမ်းကြောင်း အခက်အခဲ ဖြစ်ရမည့်အပေါ်
သူတို့၏ စိုးရိမ်သောကများကို ဖော်ပြကြသည်။
အဆိုပါရွာနှစ်ရွာရှိ လူတိုင်းကတော့အသက်မွေးဝမ်းကြောင်း၊ အသက်မွေးမှုအပြောင်းအလဲနှင့်
အထူးစီးပွားရေးဇုန် ဆက်စပ်မှုများကို ပြောကြသည်ကားမဟုတ်။ ၀က်ချောင်းကျေးရွာမှ ရွာသူတစ်ဦးကမူ
အထူးစီးပွားရေးဇုန်အနေဖြင့် သူမ၏ အသက်မွေးဝမ်းကြောင်းအပေါ် များစွာသက်ရောက်မည်မဟုတ်ဟု
ဆိုသည်။ သူမ၏ အဓိကအလုပ်အကိုင်မှာ ရာဘာစိုက်ပျိုးသည့် ခြံသမ တစ်ဦးဖြစ်သည်။ သူမအတွက်
လွန်ခဲ့သောနှစ်များအတွင်း အဓိကအပြောင်းအလဲများကတော့ ရာဘာဈေးအတက်အကျပင်ဖြစ်ကြောင်း
ပြောဆိုသည်။ ရာဘာဈေးကျသဖြင့် သူမ၏သားသမီးများမှာ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေ
ရသည်။ အကယ်၍ စီမံကိန်းပြန်လည်စတင်လျှင် မည်သို့သော အသက်မွေးဝမ်းကြောင်းအပြောင်းအလဲ
ဖြစ်မည်ကို သူမအနေဖြင့်မသေချာကြောင်းကိုလည်း အလေးပေးပြောဆိုသည်။ “အသက်မွေးဝမ်းကြော
င်းနဲ့ပတ်သက်ပြီး ဘာတွေပြောင်းလဲသွားမလဲဆိုတာ ကျွန်မ မပြောနိုင်ဘူး၊ သူတို့ဘာတွေ ဘယ်လို
လုပ်မလဲ မသိဘူးလေ” ဟု သူမကပြောသည်။33 ၀က်ချောင်းကျေးရွာအတွင်းရှိ အခြားသော ရွာသူ
ရွာသားများကမူ စီမံကိန်း၏ အကျိုးဆက်တစ်ခုအနေဖြင့် သစ်ပင်များ ထပ်မံမစိုက်ပျိုးရန် ညွှန်ကြား
ထားကြောင်း ဆိုသည်။ ထိုအချက်သည် စီမံကိန်းစတင်သည့် အချိန်က ဒေသနေရွာသူရွာသားများ၏
ပိုင်ဆိုင်မှုများကိုသာ အခြေခံပြီး လျော်ကြေးပေးမည့် အစီအစဉ်ကို ဦးတည်နေသည်။ ယခုလို
အသက်မွေးမှုကို ကန့်သတ်ခြင်းသည် သူတို့၏ ၀င်ငွေကို ကျဆင်းစေကြောင်း ဆိုသည်။ ခြံသမားတစ်ဦး၏
အဆိုအရ “ငါတို့စိုက်ပျိုးတာကို ပိတ်ပင်တယ်၊ ငါတို့ကို ထပ်မစိုက်ဖို့ ၊ အခြားအပင်တွေ ထပ်မပွားဘဲ
33 IDI, Wetchaung, 31/10/17, female.
အသက်မွေးဝမ်းကြောင်း
ရှိပြီးသား အပင်တွေကိုပဲဆက်လက်ထိန်းထားဖို့ ပြောတယ်။ ငါတို့က ဘာမှ ပြောခွင့်ဆိုခွင့်မရှိဘူး။
ဒီတော့ သူတို့ပြောတာ လိုက်လုပ်ရတာပဲ ။ ၀င်ငွေတွေကျတယ်။ ရေရှည်အတွက် (နှစ်ရှည်ပင်တွေ)
ဘာမှ မစိုက်နိုင်တော့ဘူး၊ ငါတို့လျော်ကြေးရရင် တောင်မှ နှစ်ရှည်ပင်တွေအတွက် ဘာမှ ရမှာမဟုတ်ဘူး။”
ဟု သူက ပြောသည်။ 34
ငပိဒတ်ရွာတွင်တော့ အသက်မွေးမှုအရောအနှောက ငါးဖမ်းဧရိယာနှင့် ဒီရေတောများတွင်
မှီခိုနေသည်။ ၂၀၁၀ခုနှစ်အစောပိုင်း စီမံကိန်းစတင်စဉ်ကတည်းက အပြင်ကစီးပွားရေးသမားတွေက
မြေများကို လာဝယ်ထားကြကြောင်း၊ အချို့နေရာများတွင် ဒီရေတောများကို စိုက်ပျိုးရေးခြံများအဖြစ်
ပြောင်းလဲ လိုက်ပြီး ဒီရေတောများကို အမှီပြုနေရသူများအတွက် ပိုမိုအခက်အခဲ ကြုံလာခဲ့ရကြောင်း
ပြောဆိုကြသည်။ ရွာအစွန်တွင် တည်ဆောက်ထားသည့်ဆိပ်ကမ်းတည်ဆောက်ရာတွင် လမ်း
တံတားများလည်းပါဝင်ပြီး ဒေသနေ ငါးဖမ်းလှေများအတွက် အတားအဆီးများ နှောင့်နှေးမှုများ
ဖြစ်စေသည်။ အဆိုပါဆိပ်ကမ်းငယ်မှာ အထူးစီးပွားရေးဇုန် ချဲ့ထွင်လာလျှင် ကနဦးအဆင့် စီမံကိန်း
လုပ်ငန်းများကို အကောင်အထည်ဆောင်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။ ငပိဒတ်ကျေးရွာမှ
အချို့သော ရွာသူရွာသားများသည် စီမံကိန်းကြောင့် ၄င်းတို့၏ ရှိရင်းစွဲ အသက်မွေးဝမ်းကြောင်းများ
ပျက်ယွင်းသွားမည်ကို စိုးရိမ်ပြီး စီမံကိန်းကို အလိုမရှိကြသလို အချို့မှာလည်း စီမံကိန်းကြောင့်
သူတို့အတွက် အလိုအပ်ဆုံးဖြစ်သော အလုပ်အကိုင်အခွင့်အလန်းနှင့် အခြေခံအဆောက်အဦ
များပေါ်ပေါက်လာမည်ဟု ထင်မြင်ကြပြီး စီမံကိန်းကို ကြိုဆိုကြသည်။35
ငပိဒတ်ကျေးရွာသည် စီမံကိန်းကြောင့် ကျားမကဏ္ဍအပေါ် သက်ရောက်မှုကို ကောင်းစွာ
နားလည်သဘောပေါက်သည့် ရွာတစ်ရွာဖြစ်သည်။ ရှပ်ခရုကောက်သည့်အသက်မွေးမှုသည် အမျိုးသမီး
များနှင့်လုံးဝနီးပါ ဆက်နွယ်နေသည်။ ဒီရေတောများမရှိတော့ခြင်း၊ စီမံကိန်းကြောင့် ဒီရေတောဆီသို့
သွားရောက်ခွင့်မရတော့ခြင်းသည် ငပိဒတ်ရှိ အမျိုးသမီးများ၏ အသက်မွေးမှုကို များစွာထိခိုက်စေသည်။
အချို့သောနေရာများတွင် စီမံကိန်းအတွင်း ပါနိုင်ချေရှိသော ဒီရေတောများကို ၀ယ်ယူပြီး မြေဈေး
ကစားသည့်ပွဲစားများလည်း ရှိသည်။ ယခုအချိန်တွင် အမျိုးသမီးအချို့မှာ ထိုင်းနိုင်ငံတွင် သွားရောက်
လုပ်ကိုင်စားသောက်နေကြသော မိသားစုဝင်များမှ လွှဲပို့လိုက်သောငွေအပေါ်တွင်သာ လုံးဝမှီခိုနေကြ
ရသည်။ 36
ခရုကောက်ပြီး ယခုအချိန်ထိ လုပ်ကိုင်စားသောက်နေသည့် အမျိုးသမီးတစ်ဦးမှာ ကျေးရွာ
အုပ်ချုပ်ရေးမှုး၏ သမီးဖြစ်သည်။ “တကယ်လို့ စီမံကိန်းပြန်စရင် ခရု၊ ဂဏန်း တွေ ပျောက်သွားလိမ့်မယ်။
ဒါတွေနဲ့ ငါတို့ အသက်ရှင်ရပ်တည်နေတာ၊ ဒါတွေမရှိရင် ငါတို့ ဘာနဲ့စားကြမလဲ” ဟု အုပ်စုဖွဲ့
ဆွေးနွေးမှုတစ်ခုတွင် သူမကဆိုသည်။37 ငါးဖမ်းသမားတစ်ဦးကလည်း ဒါကို ထောက်ခံသည်။ “စီမံကိန်း
ပြန်စရင် ဒီရေတောတွေကို ခုတ်ပစ်လိမ့်မယ်။ ဒါဆို ခရု ဂဏန်းရှားပြီ” ။38 အခြားတွေ့ဆုံမေးမြန်းမှုတစ်ခု
တွင်လည်း သက်ကြီးပိုင်း ရွာသားတစ်ဦးကလည်း တံတားကြောင့် သူတို့၏ အသက်မွေးဝမ်းကြောင်းကို
34 FGD, Wetchaung, 21/9/17, male.
35 FGD, Ngapidat, 28/9/17.
36 IDI, Ngapidat, 28/9/17, female.
37 FGD, Ngapidate, 28/9/17, female.
38 FGD, Ngapidat, 28/9/17, male. 
အဓိကထိခိုက်စေကြောင်း အလေးအနက်ဆိုသည်။ “တံတားကြောင့် ငါးဖမ်းသမားတွေ တော်တော်
အခက်အခဲ ကြုံရတယ်။ မိုးရာသီတုန်းက စီမံကိန်း အင်ဂျင်နီယာကို သွားတွေ့ပြီး ပြောသေးတယ်။
သူတို့က တံတားကို ဖယ်ပေးမယ်ပြောတယ်။ ဒါပေမယ့်အခုထိ ဘာမှမလုပ်ပေးသေးဘူး”။39 ရွာသူ
ရွာသားများ ထပ်ခါတလဲလဲရှင်းပြခဲ့သလို တံတားသည် ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ ထွက်ခွာရန်
အတားအဆီးဖြစ်နေပြီး ငါးဖမ်းသမားများကို အခက်တွေ့စေသည်။
ငပိဒတ်ရွာသူရွာသားများတွင် စီမံကိန်းကို ထောက်ခံသူများလည်း ရှိသည်။ ရွှေ့ပြောင်း
အလုပ်သမား မိသားစုဝင်ဆီမှ ငွေလွှဲအပေါ် ရှင်သန်ရပ်တည်နေရသော အမျိုးသမီး နှစ်ဦးကတော့
တံတားကိစ္စနဲ့ ဒီရေတော ပြဿနာတွေရှိသော်လည်း လမ်းတွေကောင်းလာတယ်ဟု ဆိုသည်။
“အရင်တုန်းက ရွာကိုလမ်းမရှိဘူး။ သူတို့လမ်းလာဖောက်တော့ ရွာကို ဖြတ်သွားတယ်လေ။
ဒီလမ်းကြောင့် ငါတို့ အရင်ကလို အဆက်အသွယ် မပြတ်တော့ဘူး။ ဒါကို ကျေးဇူးတင်ရမယ်”40 ဟု
ဆိုသည်။ အလားတူး အခြားရွာသားများကလည်း ပြောကြသည်။ လမ်းရှိခင်ကဆို ရွာရှိမှန်းတောင်
မသိကြဘူးဟု သူတို့ကဆိုသည်။41 စီမံကိန်းကြောင့်မြင်သာတဲ့ ဆိုးကျိုးများရရှိကြသလို အထူးစီးပွားရေး
ဇုန်နှင့် သူတို့၏ အသက်မွေးဝမ်းကြောင်းအပြောင်းအလဲအကြား အဆက်အစပ်များကို ငပိဒတ်ရွာသူ
ရွာသားများ မပီ ၀ိုးတ၀ါးသာ တွေ့မြင်ကြသည်။ မတူကွဲပြားကြသည်။ ဆိုးကျိုးတွေ ခံစားရသည်။
အကောင်းတွေလည်း ရှိသည်။ ယေဘုယျပြောဖို့ ခက်သည်။
ပရဒတ်ကျေးရွာကတော့ ငပိဒတ်ရွာလို ကမ်းရိုးတန်းပေါ်မှာမဟုတ် ။ အထူးစီးပွားရေးဇုန်၏
အဓိက နေရာဖြစ်သော ရွာကြီးများအကြား တည်ရှိသည်။ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများအတွက်
လိုအပ်သော ကျောက်ထုတ်လုပ်ငန်းအနီးတွင် တည်ရှိသည်။ ကျောက်မိုင်းဆီမှ မိုးရာသီတွင်
ကျဆင်းလာသော ရေများကြောင့် ကျောက်မိုင်းအနားရှိ လယ်သမား ၆၀ ၏ လယ်များမှာ ဆိုးဆိုးရွားရွား
ထိခိုက်ပျက်စီးခဲ့ရသည်။ (ကျောက်မိုင်းမှာ လယ်များ၏ ဘေးတစ်ဘက်ရှိ တောင်ပေါ်တွင် တည်ရှိသည်။)
ကျောက်မိုင်းအကြောင်း ဆွေးနွေးကြစဉ် လယ်သမားတစ်ဦးမှ “တော်တော်များများ ထိခိုက်ကြတယ်။
ငါတို့လို ဆင်းရဲသား လယ်သမားတွေအတွက်က လယ်မလုပ်ရရင် ငတ်တာပဲလေ။ ခုဆို ၆
နှစ်တောင်ရှိပြီ။”42 ဟု ဆိုသည်။ ဒါကလည်း စီမံကိန်းကို အမြန်ဆုံးပြန်စစေချင်တဲ့အဓိက အကြောင်းပြ
ချက်ဖြစ်ကြောင်း အဆိုပါလယ်သမား အပြင် အခြားသောလယ်သမားများကလည်း ရှင်းရှင်းလင်း
လင်းပြောသည်။ စီမံကိန်းကြောင့်နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ကြရသော်လည်း စီမံကိန်းပြန်လည်
စတင်ပါက သူတို့အတွက် သက်သာခွင့် အခွင့်အလန်းများ ခံစားရရှိမည်ယူဆကြသည်။ လျော်ကြေး
များရရှိပြီး နေရာအသစ်တစ်ခုသို့ပြောင်းကာ သူတို့၏ အသက်မွေးဝမ်းကြောင်းကို ပြန်လည် တည်ဆောက်
နိုင်မည်ဟု ထင်ကြသည်။
39 IDI, Ngapidat, 28/9/17, male.
40 IDI, Ngapidat, 28/9/17, female.
41 FGD, Ngapidat, 21/12/17, mixed.
42 IDI, Paradut, 30/8/17, male.
အသက်မွေးဝမ်းကြောင်း
ဆက်လက်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပရဒတ်မှ လယ်သမတစ်ဦးက
အခြေအနေကို ပြင်းထန်သော အသုံးအနှုန်းများဖြင့် ပြောသွားသည်။ “ငါတို့ငတ်နေတာ ခြောက်နှစ်ရှိပြီ။
ပိုက်ဆံမရှိရင် ငါတို့လယ်သမားတွေ မသုံးဘဲနေလို့ရတယ်။ မစားဘဲတော့ နေလို့မရဘူး။”43 ဟု
သူမကပြောသည်။ ကျောက်မိုင်းကြောင့်ပျက်စီးပွားသော လယ်များတွင် သူမ၏လယ်လည်း ပါဝင်သည်။
သူမကတော့ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကြောင့် စီမံကိန်းကို ထောက်ခံသည်ဟု
မဆိုလိုကြောင်း စီမံကိန်း ပြန်လည်စတင်မည် ဆိုပါကလည်း အရင်က ပျက်စီးဆုံးရှုံးမှုတွေအတွက်
လယ်သမားများအနေဖြင့် လျော်ကြေးအရင် ရရှိသင့်ကြောင်း သူမက ဆိုသည်။ ပရဒတ် ကျေးရွားအတွင်း
အခြားတွေ့ဆုံဆွေးနွေးမှု တစ်ခုတွင်မူ စီမံကိန်းကြောင့် သူတို့၏ အသက်မွေးဝမ်းကြောင်းကို
သိသိသာသာ မပြောင်းလဲကြောင်းဆိုသည်။ ခြံသမားအုပ်စုဖြစ်သော အဆိုပါအုပ်စုမှာ လယ်သမားများလို
ကျောက်မိုင်းကြောင့် လယ်ယာမြေပျက်စီးမှု မရှိကြချေ။ သူတို့ကတော့စီမံကိန်း ပြန်လည်စတင်ဖို့
သိပ်မယုံကြောင်း ထုတ်ဖော်ကြသည်။ စီမံကိန်းအကြောင်း သေသေချာချာနားလည် သဘောပေါက်နေ
သော ဖြေဆိုသူများကတော့ စီမံကိန်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ အသက်မွေးဝမ်းကြောင်း
အထူးသဖြင့်လျော်ကြေး ဆိုင်ရာ မျှော်လင့်စရာ တောင်းဆိုစရာ မရှိသူများအတွက်တော့ စီမံကိန်းနှင့်
ပတ်သက်ပြီး အကောင်းမြင်ဖို့ မလွယ်ကြောင်း ထိုအုပ်စုက ဖော်ပြနေသည်။ ပရဒတ်ရှိ သုတေသန
တွေ့ရှိချက်အရ စီမံကိန်းကြောင့် အလွန်အမင်းထိခိုက်ခံစားရသူများသည် စီမံကိန်း ပြန်လည်စတင်ဖို့
အပြင်းအထန် လိုလားသော အုပ်စုများဖြစ်သည်ဟူသော အယူအဆအား ပိုမိုခိုင်မာစေသည်။
အထူးသဖြင့် သူတို့၏ ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးရရှိရန် စီမံကိန်းပြန်လည်စတင်မှသာလျှင်
ရုပ်လုံးပေါ်လာမည်ဖြစ်သည်။ စီမံကိန်းကြောင့် ကြီးကြီးမားမားသက်ရောက်မှု မရှိသောသူတွေ
အတွက်တော့ စီမံကိန်းကြောင့် သူတို့ စိုးရိမ်သလို အပြောင်းအလဲမကြုံရဘဲ အနှောင့်အယှက်မရှိ
ဗိုလ်နေမြဲ ကျားနေမြဲ နေကြဖို့ ပိုလိုလားကြသည်။
မူဒူးနှင့် ထိန်ကြီးကျေးရွာများတွင် လက်ရှိအချိန်ထိ စီမံကိန်းကြောင့် သက်ရောက်မှုများများ
စားစား မတွေ့ရသေးပါ။ အခြားကျေးရွာများကဲ့သို့ အသက်မွေးမှု အပြောင်းအလဲဖြစ်စေသော
ဝိသေသလက္ခဏာများ မတွေ့ရပါ။ ဆိပ်ကမ်း၊ ရေလှောင်တမံ နှင့်ကျောက်မိုင်းကဲ့သို့သော အခြေအနေ
အကြောင်းအရာများ မူဒူးနှင့်ထိန်ကြီးတွင် မရှိပါ။ ရွာသူရွာသားများ၏ မှတ်ချက်များအရ သူတို့တွင်
အခြားရွာများလို အရေးတကြီး ကိစ္စများ ရှိမနေပါ။ အမျိုးသားလူငယ်များနှင့် မူဒူးရွာတွင် ပြုလုပ်သော
အုပ်စုဖွဲ့ဆွေးနွေးမှုတစ်ခုတွင် တက်ရောက်သူတစ်ဦးမှ “ရေနက်ဆိပ်ကမ်း စီမံကိန်းပြန်စရင် မူဒူးရွာလည်း
ပါတယ်။ ဇုန်ထဲမှာနေတဲ့သူတွေ သူတို့ လယ်ဆက်လုပ်လို့မရမှာကို စိုးရိမ်နေကြတယ်”44 ဟု
မှတ်ချက်ပြုသည်မှလွဲ၍ အများစုက စီမံကိန်းအပေါ် ကြားနေသည့်သဘောထား ပြသခဲ့ကြသည်။
အသက်အတန်ငယ်ကြီးသော ခြံသမားတစ်ဦး၏ စီမံကိန်းနှင့် ပတ်သက်ပြီး ရွာမှ ယေဘုယျ
အမြင်သဘောထားဟု ပြောဆိုချက်ကိုလည်း မှတ်သားသင့်သည်။ “အချိန်ကြာလာတာနဲ့အမျှ
စီမံကိန်းကို လူတွေ ပိုလိုလာကြတယ်” ဟု ရွာအုပ်ချုပ်ရေးမှုးဟောင်း တစ်ဦးဖြစ်သူ သူကဆိုသည်။
အထူးသဖြင့် မူဒူးရွာသူရွာသားများ၏ အလုပ်အကိုင်နှင့် အခြေခံအဆောက်အဦများအပေါ် လိုချင်သည့်
ဆန္ဒက စီမံကိန်းကို လက်ကမ်းကြိုစေသည်ဟု သူက ရှင်းပြသည်။45 ထားဝယ်မြို့အနီးရှိ ခရီးသွား
43 IDI, Paradut, 9/10/17, female.
44 FGD, Mudu, 3/10/17, male.
45 FGD, Mudu, 17/19/17, male. 
အပန်းဖြေသည့် မောင်းမကန် ကမ်းခြေနှင့်အထူးစီးပွားရေးဇုန်ကို ဆက်သွယ်သော လမ်းပေါ်တွင် မူဒူးရွာ
တည်ရှိသည်။ အဆိုပါလမ်းမှာ လက်ရှိအချိန်တွင် တော်တော်ပျက်စီးလျက်ရှိသည်။
ဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ မူဒူးရွာသူတစ်ဦးကတော့ အခြားသူများ၏ မှတ်ချက်နှင့်တော့
မတူ စီမံကိန်းနှင့်ပတ်သက်ပြီး ဘွင်းဘွင်းကြီးပြောသည်။ “စီမံကိန်းကြောင့် ဒုက္ခရောက်တယ်ဆိုရင် ငါတို့
ငတ်သွားမှာပေါ့” 46 ဟုသူမက ဆိုသည်။ အခုတော့ ရွာသူရွာသားတွေက အရင်ကလိုအသက်မွေး
အရင်လိုပဲ သူတို့အလုပ်သူတို့ ရိုးရိုးလေးပဲ ဆက်လုပ်နေကြတာပဲဟု သူမက ဆက်ပြောသည်။
ခြံတွေစိုက်တယ် ။ အခြား သီးနှံတွေ လိုရင်လိုသလို စိုက်တယ်။ ၀က်ချောင်းနှင့်အခြားကျေးရွာများတွင်
ညွှန်ကြားထားသလို အရင်ကထက်ပိုမစိုက်ရန် ညွှန်ကြားချက်နှင့်လုံးလုံး ဆန့်ကျင်နေသည်။
စီမံကိန်းအပေါ် အရေးမစိုက်ကြောင်း သူမရဲ့ မှတ်ချက်တွေသည် မူလအသက်မွေးဝမ်းကြောင်းအတိုင်း
ဆက်လက်လုပ်ကိုင်စားသောက် နေထိုင်နိုင် သည့်အခြေအနေနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး မကောင်းတဲ့
အငွေ့အသက်တွေ ပေါင်းထားရာမှ လာသည်ဟု ခပ်ထေ့ထေ့ဆိုနိုင်သည်။ “ငါတို့မှာ စီမံကိန်းနဲ့ပတ်သက်ပြီး
ဘာမျှော်လင့်ချက်မှ မရှိဘူး” ဟု သူမက ပြောသည်။ စီမံကိန်းနှင့်ပတ်သက်ပြီး မသေချာမရေရာတာတွေ
အပေါ်အချိန်ကုန်နေမယ့်အစား လက်ရှိနေ့စဉ်ဘ၀၏ အခြေအနေအတိုင်း ဆက်လက်လုပ်ကိုင်
နေထိုင်တာက ပိုကောင်းမည် သူမက အကြံပြုသည်။
ထိန်ကြီးကျေးရွာမှာလည်း အလားတူပင်။ စီမံကိန်းအပေါ် အဆိုးမြင်သူရှိသလို အကောင်း
မြင်သူလည်း ရှိသည်။ အုပ်စုဖွဲ့ဆွေးနွေးမှုတစ်ခုတွင် ရွာသားနှစ်ဦးမှ စီမံကိန်းကြောင့် အလုပ်
အကိုင်နှင့်အခြေခံ အဆောက်အဦများ တိုးတက်လာပြီး ရွာအတွက် ကောင်းကျိုးရှိမည်ဟု သူတို့
ခံစားချက်ကို ပြောပြကြသည်။47 အထူးသဖြင့်တော့ လယ်သမားများအနေဖြင့် သူတို့၏ လယ်ယာ
မြေလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းလုပ်ကိုင်ရန် အခြေအနေက နည်းပါးလာသည်။ နဘုလယ်
ဒေသတွင် အထူးစီးပွားရေးဇုန်ကြောင့် မြေဈေးတက်လာမည် ထင်ကြေးဖြင့် စီးပွားရေး ပြေလည်ကြသော
ရွာသားများနှင့်ပြင်ပမှ စီးပွားရေး လုပ်ငန်းရှင်များမှ မြေများကို ၀ယ်ယူစုဆောင်းခဲ့ကြသည်။
ဆွေးနွေးချက်နောက်ပိုင်းတွင် စီမံကိန်းအစောပိုင်းတွင် ပြောင်းရွှေ့နေရာချထားခံရပြီး လက်ရှိ
ထိန်ကြီးတွင်နေထိုင်သူက သူမတို့ဒေသတွင် ကြုံတွေ့ရသည့် အသက်မွေးဝမ်းကြောင်းအတွက်
ရုန်းကန်နေရမှုကို အလေးအနက်ထား ပြောဆိုသည်။ “စီမံကိန်းကို ဖြည်းဖြည်းချင်း ပြန်စလိမ့်မယ်”
သူမက ခန့်မှန်းပြောဆိုသည်။ “အခုကတော့ ဆင်းရဲချမ်းသာ မရွေး အခက်အခဲရှိကြတယ်။ လူတိုင်းက
ဒုက္ခဖြစ်နေတာပဲ။ ဒါပေမယ့် ပိုက်ဆံရှိတဲ့ သူတွေက စီမံကိန်း ပြန်စချင်ကြတယ်လေ။ သူတို့
မြေတွေအများကြီး ၀ယ်ထားကြတာကိုး။48 သူမကတော့ စီမံကိန်း ပြန်စလျှင် အခက်အခဲများ ကြုံမည်ဟု
မမြင်ကြောင်းဆိုသည်။49 ရပ်ရွာအတွင်း ကြွယ်ဝမှုနှင့် လူတန်းစားအခြေအနေတို့က စီမံကိန်းအပေါ်
အမြင်သဘောထားတို့အပေါ် များစွာလွှမ်းမိုးနိုင်ပြီး အချို့သော ရွာသူရွာသားများက စီမံကိန်းကို ပြန်လာဖို့
လိုလားကြကြောင်း သူမကနားလည်ထားသည်။
46 FGD, Mudu, 17/19/17, female.
47 FGD, Hteingyi, 24/10/17, male.
48 Actually less about rich/poor, haves/have nots, and more about who’s bought up land or not (who
has that or not) in advance of the project.
49 FGD, Hteingyi, 24/10/17, female.


ဖြည့်စွက်ချက် ၂ - နဘုလယ်ဒေသ စီးပွားရေးနှင့် လူတန်းစား အကြောင်း
နဘုလယ်ဒေသ စီးပွားရေးကို အနှစ်ချုပ်ပြောမည်ဆိုလျှင် သီဟိုဠ်၊ ကွမ်း၊ ရာဘာနှင့် ဆီအုန်း
တို့သည် မပါမဖြစ် သီးနှံလေးမျိုးဖြစ်သည်။ ထိုထက်ပို၍ ပြည့်ပြည့်စုံစုံ ပြောဖို့တော့ အစီရင်ခံစာ၏
နယ်ပယ်နှင့် မလုံလောက်ပါ။ သို့သော် အစီရင်ခံစာအတွင်း ခြံသမားဟု ဆိုလျှင် သီဟို နှင့်ကွမ်းကို
ကိုလိုနီခေတ်လောက်ကတည်းက သားစဉ်မြေးဆက် စိုက်ပျိုးလာသူများကို ဆိုလိုသည်။50 ထိုစဉ်
အချိန်က မြန်မာနိုင်ငံတောင်ပိုင်းသည် ကိုလိုနီလက်အောက်ကျရောက်ခဲ့ပြီး မြေနှင့်အရင်းအမြစ်
စီမံခန့်ခွဲမှု နည်းလမ်းများကို ကြိုးစားအကောင်အထည်ဖော်ခဲ့ကြသည်။ အထူးသဖြင့် သစ်တော
ကဏ္ဍတွင်ဖြစ်ပြီး လယ်ယာထုတ်ကုန်ကဏ္ဍလည်း ပါဝင်ကောင်းပါဝင်နိုင်သည်။51 ထိုစဉ်က
နဘုလယ်ဒေသမှ ထွက်သော သီဟိုဠ်နှင့်ကွမ်းကို ကပ္ပလီပင်လယ်တကြော စုန်ချည်ဆန်ချည်ဖြင့်
ကုန်သွယ်ခဲ့ကြပြီး ထိုင်းနိုင်ငံနှင့် တောင်အာရှနှင့်အရှေ့တောင် အာရှနိုင်ငံများနှင့် တရုတ်အထိ
အထိ ခြေဆန့်ကောင်း ဆန့်ခဲ့ကြမည် ဖြစ်သည်။ လက်ရှိတွင်တော့ ကွမ်းသည် ပြည်တွင်း
ဈေးကွက်တွင် အထင်အရှားရှိပြီး သီဟိုဠ် ဈေးကွက်မှာလည်း ပြည်တွင်းစားသုံးမှုသာမက တရုတ်
နှင့် ထိုင်းတို့အထိ ခြေဆန့်နေပြီဖြစ်သည်။52
နဘုလယ်ရှိ ခြံသမားများမှာလည်း ရာဘာကို ဆယ်စုနှစ်ပေါင်းများစွာ စိုက်ပျိုးခဲ့ကြသည်။
အရေအတွက်အားဖြင့်ကား အများကြီးမထုတ်နိုင်သေး။ ၁၉၉၀ နှင့်၂၀၀၀ ခုနှစ်များအတွင်း
အသေးစား ရာဘာစိုက်ပျိုးရေးမှာ တွင်ကျယ်လာသည်။ အစိုးရမှလည်း ရာဘာစိုက်ပျိုး
ထုတ်လုပ်ရေးကို အားပေးခဲ့ကြောင်းနှင့် ရာဘာကို သူတို့၏ အသက်မွေးဝမ်းကြောင်းတွင်
ရောနှောထည့်သွင်းဖို့ ဆန္ဒရှိခဲ့ကြကြောင်း လူတွေ့မေးမြန်းမှုများတွင် ပြောဆိုကြသည်။53 ၂၀၀၀
ခုနှစ် အလယ်ပိုင်းလောက်မှ စတင်ပြီး ရာဘာသည် နဘုလယ်ဒေသ၏ လယ်ယာမြေအခြေပြု
စီးပွားရေး၏ အချက်အချာ ဖြစ်လာခဲ့သည်။ မကြာသေးမီ နှစ်များအတွင်းက ရာဘာဈေးကျပြီး
အထူးသဖြင့် အသေးစားနှင့် အရည်အသွေးနိမ့် ထုတ်လုပ်သူများ ထိခိုက်စေသော်လည်း
နောက်ပိုင်းတွင် ဈေးနှုန်း ပြန်လည်တည်ငြိမ်လာခဲ့သည်။
ဆီအုန်းကား လွန်ခဲ့သည့် နှစ်နှစ်ဆယ်လောက်မှ စ၍ နဘုလယ်အပါအ၀င် မြန်မာနိုင်ငံ
တောင်ပိုင်းဒေသများတွင် စတင်စိုက်ပျိုးခဲ့ကြသည်။ ထို့အပြင် ဆီအုန်းထုတ်လုပ်စိုက်ပျိုးခြင်း
ကို အထူး အခွင့်အရေး အနေဖြင့် လုပ်ပိုင်ခွင့်ရသူများမှာ အသေးစားခြံသမားများမဟုတ် ။
အစိုးရအဖွဲ့အစည်းများနှင့် ကော်ပိုရေးရှင်း အကြီးများဖြစ်သည်။ အဆိုပါစက်မှုသီးနှံများ
50 IDI, Wetchaung, 31/10/17 male; KII, DDA, 17/11/17, male.
51 Cf. Raymond Bryant (1997), The Political Ecology of Forestry in Burma, 1824-1994,
Honolulu, University of Hawaii Press. Bryant’s further journal articles are relevant here as
well.
52 IDI, Wetchaung, 31/10/17 male; KII, DDA, 17/11/17, male.
53 KII, DDA, 17/11/17, male.
အသက်မွေးဝမ်းကြောင်း
စိုက်ပျိုးထုတ်လုပ်ရန် မြေအမြောက်အများလည်း သိမ်းယူကြသည်။ နဘုလယ်ရှိ ဆီအုန်း
စိုက်ခင်းများကိုလည်း အရင်ကအစိုးရပိုင် စီးပွားရေးလုပ်ငန်းများက ပိုင်ဆိုင် လုပ်ကိုင်ခဲ့ကြ သည်။
အခုတော့လုပ်ငန်းမလည်ပတ်တော့ချေ။ အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည် စတင်လျှင်
ထိုစီမံကိန်းမြေကို ရှင်းလင်းပြီး လုပ်ကိုင်ကြမည်ဟု ရွာသူရွာသားများက ယူဆကြသည်။ ထိုဆီအုန်း
စိုက်ခင်းများမှာ မြန်မာပြည် တောင်ဘက်စွန်းက ဆီအုန်းစိုက်ခင်း များထက်တော့ သေးငယ်သည်။
မကြာသေးမီ နှစ်များအတွင်း မြေယာသိမ်းဆည်းမှု၊ သစ်တောပြုန်းတီးမှု နှင့်လူ့အခွင့် အရေးဆိုင်ရာ
ပြဿနာရပ်များကြောင့် ဆီအုန်းစိုက်ခင်း များသည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဝေဖန်မှုကို
ခံနေရသည်။54
နဘုလယ်ဒေသတွင်း နှင့်ရွာနီးစပ်ရှိ မြေနိမ့်ဒေသများတွင် သတ္တုတွင်းလုပ်ငန်းများ
လုပ်ကိုင်ခဲ့ကြောင်း သမိုင်းဆိုင်ရာ အထောက်အထားများရှိသည်။ အများအားဖြင့် ခဲမိုင်းများ
ဖြစ်သည်။ မြန်မာပြည်တောင်ပိုင်းသည် ထိုကဲ့သို့သော အရင်းအမြစ်များ ထုတ်ယူသည့်
နေရာဖြစ်သည်။ ဥပမာအားဖြင့် နဘုလယ်မြောက်ပိုင်းတွင် တည်ရှိခဲ့သော ခဲမိုင်းသည် ဒေသတွင်း
အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ခဲ့ပြီး သတ္တုတွင်းလုပ်ငန်း ကွယ်ပျောက်သွားသောအခါ
အချိန်ကြာလာသည်နှင့်အမျှ အသက်မွေးမှုအတွက် အခြားဒေသသို့ ရွှေ့ပြောင်းသွားကြသလို
နဘုလယ်ဒေသတွင်းသို့လည်း ပြောင်းရွှေ့နေထိုင်လာကြသည်။ စန်းထချိန် ပျားပန်းခတ်မျှ
လာရောက်လုပ်ကိုင် ကြပြီး တချို့မှာလည်း ခဏနှင့်ကွယ်ပျောက်သွားကြသည်။ မြန်တာရှိသလို
ကြာတာလည်းရှိသည့် ထိုကဲ့သို့သော အလုပ်အကိုင် သံသရာသည် မြန်မာနိုင်ငံ တနံတလျားရှိ
အရင်းအမြစ်ကြွယ်ဝသော ဒေသများတွင် ဖြစ်နေကျအလေ့အထပင်တည်း။ ထို့အပြင် မရေမရာ
ဖြစ်သော လယ်ယာအခြေပြု အသက်မွေးမှုနှင့် မိုင်းလုပ်ငန်းများအကြား ကူးချည်သန်းချည်
လုပ်သားရွေ့လျားမှုသည်လည်း ဖြစ်နေကျဖြစ်သည်။ ထားဝယ်ရှိ ကုန်းမြင့်ဒေသတ၀ိုက်နှင့်
မတူသည့် အချက်မှာ နဘုလယ်ရှိ တွင်းထွက်သယံဇာတ တူးဖော်ခြင်းသည် အကန့်အသတ်
ရှိဟန်တူသည်။ ထိုကဲ့သို့ သယံဇာတထုတ်ယူမှု သမိုင်းသည် အထူးစီးပွားရေးဇုန်အပေါ်
နားလည်သဘောပေါက်မှုနှင့် ဘာကြောင့်ဆန့်ကျင်ရသည်ဆိုသည့် အချက်များအပေါ် များစွာ
သက်ရောက်မှု ရှိပုံမပေါ်ပါ။ ကုန်းမြင့် ဒေသတွင် နဘုလယ်ဒေသနှင့် မတူသည့်အချက်မှာ
နဘုလယ်ဒေသတွင် လက်နက်ကိုင်ပဋိပက္ခရှိမနေခြင်း ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခနှင့်
သယံဇာတထုတ်ယူခြင်း လုပ်ငန်းများသည် အရင်းအမြစ်များအား လက်လွှတ်ဆုံးရှုံးရခြင်း၊
နေရာမှ နှင်ထုတ်ခံရခြင်းတို့နှင့် ဆက်နွယ်မှုများရှိကြောင်း သုတေသန ရလာဒ်များအရ တွေ့ရ
သည်။55 ကုန်းမြင့်ဒေသမှရွာသူရွာသားများသည် မြေနိမ့်ဒေသ နဘုလယ်ရှိ ရွာသူ ရွာသားများ
ထက်စာလျှင် စီမံကိန်းအပေါ် ပိုမိုဆန့်ကျင်ရခြင်းအကြောင်းရင်းများအနက် ထိုအချက်သည်
လည်း အပါအ၀င်ဖြစ်နိုင်သည်။
54 Cf. Green Desert: Communities in Tanintharyi Renounce the MSPP Oil Palm
Concession, a 2016 report published by a consortium of Tanintharyi CSOs, available
at https://eia-international.org/myanmar-communities-fight-back-palm-oils-impact (last
accessed 26/4/18).
55 Cf. Levien (2013). 
လျော်ကြေး
လျော်ကြေးကိစ္စသည် နဘုလယ်ဒေသတွင်တော့လူပြောအများဆုံး အကြောင်းအရာဖြစ်
သည်။ လျော်ကြေးနှင့် ပတ်သက်ပြီး ထိလွယ်ရှလွယ် အခြေအနေများကြောင့်သုတေသနအဖွဲ့အနေဖြင့်
လျော်ကြေးနှင့် ပတ်သက်ပြီး မေးခွန်းများကို မလိုအပ်လျှင် တိုက်ရိုက်တဲ့တိုး မမေးဖြစ်ခဲ့ပါ။ သို့သော်
တစ်ဦးချင်းမေးမြန်းမှု နှင့် အုပ်စုဖွဲ့မေးမြန်းမှုအားလုံး နီးပါးတွင် ရွာသူရွာသားများသည် လျော်ကြေးဆိုင်ရာ
ကိစ္စရပ်များကို သူတို့ဘာသာ ထုတ်ဖော်ပြောဆိုကြသည်။ တခါတရံ တိုက်ရိုက်ပြောဆိုကြပြီး လျော်ကြေး
နှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်နေပုံရသည်။
နဘုလယ်ရှိ နေရာအသီးသီးတွင် လျော်ကြေးပေးလျော်သော အခြေအနေနှင့် အကြောင်း
ရင်းများ၊ မြေယာအပေါ် ပိုင်ဆိုင်မှု အပြောင်းအလဲက လျော်ကြေးလုပ်ငန်းစဉ်အပေါ် သက်ရောက်စေသော
အကြောင်းရင်းများ၊ လျော်ကြေးနှုန်းထားများ မတူညီမှုများ စသည်တို့ကို ထည့်သွင်းဆွေးနွေးထားသည်။
ထို့အပြင် ငွေကြေးလျော်ကြေးများကို စီမံခန့်ခွဲနိုင်စွမ်း တို့အပေါ် ရွာသူရွာသားများ၏ စိုးရိမ်ပူပန်မှုများနှင့်
မည်ကဲ့သို့သော လျော်ကြေးပေးသည့်လုပ်ငန်းစဉ်သည် တရားမျှတပြီး တရားဝင်သည်ဟု ထင်ပါသလဲ
ဆိုသည့် အချက်များကို လည်းထည့်သွင်းမေးမြန်းထားပါသည်။
ပထမဦးဆုံးအနေဖြင့် နဘုလယ်ဒေသတွင် လက်ရှိအချိန်ထိ စီမံကိန်းကြောင့် မြေယာ၊
အသက်မွေးဝမ်းကြောင်း နှင့်အခြားသော ထိခိုက်ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးရရှိထား သူမှာ
အနည်းစုသာဖြစ်ကြောင်း သိရှိရန် လိုအပ်သည်။ မြေအများကြီးပိုင်ပြီး စီမံကိန်းအကောင်အထည်ဖော်သူနှင့်
နီးစပ်သောသူမဟုတ်လျှင် လျော်ကြေးနည်းနည်းလေးသာ ရကြောင်း ရွာသူရွာသားများက ပြောသည်။
သုတေသနပြုလုပ်ခဲ့သော ရွာများအနက် ပရဒတ်တစ်ရွာတည်းသာ လက်ရှိတွင် တရားဝင် လျော်ကြေး
ပေးသည့် လုပ်ငန်းစဉ် လုပ်ကိုင်နေပြီး ၂၀၁၇ ဒီဇင်ဘာလနှောင်းပိုင်းတွင် စတင်ခဲ့သည်။ ကျောက်မိုင်း
ကြောင့် ပျက်စီးသွားသော လယ်များအတွက် လျော်ကြေးပေးခြင်းဖြစ်သည်။ အခြားနေရာများတွင်တော့
အထူးသဖြင့် လမ်းဖောက်လုပ်ခြင်း၊ မြေသိမ်းယူခြင်းနှင့် ဆိပ်ကမ်းဆောက်လုပ်ခြင်း စသော စီမံကိန်း
လုပ်ငန်းများနှင့် သက်ဆိုင်ပြီး ဟိုတကွက် ဒီတကွက် လျော်ကြေးပေးနေသည်ကိုလည်း တွေ့ရသည်။
ယေဘုယျအားဖြင့် စီမံကိန်းပြန်စလျှင် အရင်က ထိခိုက်နစ်နာမှုအတွက်ဖြစ်စေ၊ နောက်လာမည့်
ပြောင်းရွှေ့နေရာချထားရေး အတွက်ဖြစ်စေ လျော်ကြေးလုပ်ငန်းစဉ် ပြန်စမည်ဟု ရွာသူရွာသားများက
ယူဆသည်။ စီမံကိန်းပြန်စဖို့ အတိအလင်း ထောက်ခံနေသည့် ရွာသူရွာသားများအတွက်တော့
ထိုလျော်ကြေးမျှော်လင့်ချက်သည် အခရာဖြစ်သည်။
လျော်ကြေးအကြောင်းဆွေးနွေးစဉ် အရင်ကဖြစ်ပေါ်ခဲ့သော ပြဿနာတွေအတွက်
လျော်ကြေး အရင်ပေးပြီးမှ စီမံကိန်းကို ပြန်လည်စတင်သင့်ကြောင်း ပရဒတ်ရွာသားများမှ အလေး
ပေးပြောဆိုသည်။ “စီမံကိန်းပြန်စမယ်ဆိုရင် ကျောက်မိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်မြေတွေအတွက်
လျော်ကြေးအရင်ပေးရမယ်။”56 ဟု ပရဒတ်ရွာသားတစ်ဦးက ပြောဆိုသည်။ အမှန်တကယ်တော့
ကျောက် မိုင်းပြန်စလျှင် လျော်ကြေးပေးမည်ဟု အရင်အစိုးရလက်ထက်တွင် ကုမ္ပဏီမှ ကတိပေးခဲ့သည်။
56 IDI, Paradut, 30/8/17, male.
အသက်မွေးဝမ်းကြောင်း
လက်ရှိ အစိုးရလက်ထက်တွင် ဘာတွေဖြစ်နေသလဲ ဟုမေးခဲ့သော်လည်း လက်ရှိအချိန်ထိ ဘာမှတော့
မဖြစ်သေးဟု သူကဆိုသည်။ “ဘာမှတော့မကြားရသေးဘူး” (ဒီဇင်ဘာနှောင်းပိုင်းးတွင် လျော်ကြေး
လုပ်ငန်းစဉ် စတင်ခဲ့သည်။)
အခြားသော လယ်သမားတစ်ဦးကလည်း သူ၏မှတ်ချက်ကို ထောက်ခံပြောဆိုသည်။
“ငါတို့ကို လျော်ကြေးပေးပြီးမှ စီမံကိန်းပြန်စသင့်တယ်” ဟု သူမကဆိုသည်။ သူမနှင့် အခြားရွာသူ
ရွာသားများ ဒုက္ခရောက်ခဲ့သည်ကို စိတ်အနှောင့်အယှက်ဖြစ်နေပြီး လျော်ကြေးလုပ်ငန်းစဉ်အပေါ်
သူမကတော့ သိပ်ပြီး အယုံအကြည်ရှိပုံမရ။ “ငါတို့ လယ်မလုပ်ရတာ ခြောက်နှစ်ရှိပြီ။ ငါတို့ ငတ်နေတာ
ခြောက်နှစ်ရှိပြီ။ လျော်ကြေးလား။ တကယ်ပေးမှပဲယုံတော့မယ်။ ပါးစပ်နဲ့ပေးနေလို့ကတော့ ငါက
မယုံတော့ဘူး”57 ဟု သူမက ဆိုသည်။ လျော်ကြေးမရလျှင် သူမကဲ့သို့သော လယ်သူမများအဖို့တော့
အခြေအနေကို ပိုဆိုးလာမည်ဟု သူမက ဆက်ပြောသည်။ သင့်တင့်တဲ့လျော်ကြေးရလျှင် လယ်သများ
အနေဖြင့် အခြားသင့်လျော်သော နေရာသို့ပြောင်းပြီး လယ်မြေပြန်ဝယ်နိုင်မည်ဟု သူမက ယုံကြည်
နေသည်။
သူတို့နှစ်ဦးစလုံးက အခြားနေရာမှ လယ်သမားများ အလေးပေးပြောဆိုသည့် အကြောင်း
တစ်ခုကိုလည်း ထပ်ပြီး အလေးအနက် ပြောသည်။ တစ်ယောက်နှင့်တစ်ယောက် လျော်ကြေးနှုန်းထားများ
မတူညီသည့် ပြဿနာဖြစ်သည်။ “ လျော်ကြေးနှုန်းထားက စနစ်တကျ သတ်မှတ်ထားတာမရှိဘူး။”
လယ်သမားတစ်ဦးက ထောက်ပြသည်။ ဒါပေမယ့် “၀န်ကြီး ဦးဖြိုးဝင်းထွန်း ရွာလာတုန်းကတော့
ထားဝယ် ၊ ကျောက်ဖြူ ၊ သီလ၀ါ ဇုန် သုံးခုစလုံး လျော်ကြေးနှုန်းထားကို အတူတူပေးမယ်လို့ပြောသွားတယ်။
သူ့ဘာသာ ရွာကိုလာပြောတာ။ နှုန်းထားတူတူရရင်တော့ငါတို့အတွက် ကောင်းတာပေါ့။ လူတိုင်းကို
နှုန်းထားသတ်သတ်မှတ်မှတ် နဲ့ စနစ်တကျ ပေးသင့်တယ်လေ။ ပိုရတဲ့သူက ပိုရပြီး နည်းတဲ့သူက နည်း
မရတဲ့သူက မရ ဆိုရင် ဘယ်ကျေနပ်ကြမလဲ။” ဟု သူက ပြောသည်။58
ရွာသူရွာသားများက လျော်ကြေးကို ကတိက၀တ် နှင့်တားမြစ်ချက် နှစ်ခုစလုံးအနေဖြင့်
ဖော်ညွှန်းကြသည်။ စီမံကိန်းပြန်လည်စတင်လျှင် ၄င်းတို့ မြေယာနှင့်သီးနှံများအတွက် လျော်ကြေး
ပေးမည် ဆိုသည့် ကတိက၀တ်ဖြစ်ပြီး တားမြစ်ချက်မှာ သီးနှံများထပ်မံ၍ မစိုက်ပျိုးရန် ဖြစ်သည်။
တနည်းအားဖြင့် လျော်ကြေးပိုရရန်အတွက် ရည်ရွယ်စိုက်ပျိုးမှုများကို တားဆီးရန်အလို့ငှာ တားမြစ်
ခြင်းဖြစ်သည်။ ၀က်ချောင်းရွာမှ ခြံသမားတစ်ဦးကတော့ “ငါတို့ ၀င်ငွေက တော်တော်ကျဆင်းသွားတယ်။
လျော်ကြေးရရင်တောင်မှ နှစ်အတော်ကြာ ဘာမှ စိုက်မထားရတော့ ဒါတွေအတွက် လျော်ကြေးကရမှာ
မဟုတ်ဘူး။” 59 ဟု ဆိုသည်။ မူဒူးရွာမှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးမှာလည်း အလားတူအခြေအနေကို
ရှင်းလင်း ပြောဆိုသည်။ “သူတို့ လျော်ကြေးပေးမယ်ပြောတယ်။ ဒါပေမယ့် ဘယ်အချိန် ပေးမှာလဲ
ငါတို့မသိဘူး။ ခုထိ သစ်တွေဝါးတွေ ထပ်မစိုက်ဖို့ ပြောတယ်။ ငါတို့ သူတို့ပြောသလိုနေရင်
ဒုက္ခရောက်သွားမှာပေါ့။ ဒါကြောင့် အရင်ကလိုပဲ လုပ်စရာရှိတာ ဆက်လုပ်တယ်။ စိုက်စရာရှိတာ
ဆက်စိုက်တယ်။” 60
57 IDI, Paradut, 9/10/17 female.
58 IDI, Paradut, 30/8/17 male.
59 FGD, Wetchaung, 21/9/17, male.
60 FGD, Mudu, 17/10/17, female. 
လျော်ကြေးအကြောင်းဆွေးနွေးစဉ် နဘုလယ်တွင် မြေနှင့်ပတ်သက်ပြီး အပြောင်းအလဲ
အကြောင်းကို မကြာခဏ ကြားရသည်။ တခါတရံ မိမိတို့ရွာအတွင်းမှ တခါတရံ အပြင်မှ ငွေရှင်
ကြေးရှင်များက စီမံကိန်းကြောင့် မြေဈေးတက်မည်ကိုမျှော်ပြီး မြေများကို လာရောက်ဝယ်ယူ
ထားကြကြောင်း ခြောက်ရွာလုံးမှ ရွာသူရွာသားများက ပြောပြကြသည်။ ပရဒတ်မှ လယ်သမားတစ်ဦး
ကတော့ ထိုသို့သော အခြေအနေကို တဲ့တိုးပြောသည်။ “ပွဲစားတွေက သိန်းနှစ်ဆယ်နဲ့ဝယ်သွားတယ်။
ပြီးရင် သိန်းခုနစ်ဆယ်နဲ့ ပြန်ရောင်းတယ်။ လယ်သမားကတော့သိန်း နှစ်ဆယ်ပဲရတယ်”61 ထိုကဲ့သို့သော
ထင်မြင်ချက်ကြောင့် စီမံကိန်းဆက်လက်အကောင်အထည်ဖော်လျှင် အကျိုးများမည့် ရပ်ရွာတွင်း
သြဇာအာဏာရှိပြီးသား အုပ်စုတစ်စု ပေါ်လာလိမ့်မည်ဖြစ်သည်။ ထိုအကျိုးအမြတ်မျှော်ကိုးသည့် မြေယာ
ဝယ်ယူမှုများနှင့် မြေဈေးကစားမှုများသည် ရပ်ရွာအတွင်း စည်းလုံးညီညွတ်မှုကို အဟန့်အတား
ဖြစ်စေသည်။ စီမံကိန်းနှင့် ပတ်သက်ပြီး မတူညီသောအုပ်စုများ ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။
စီမံကိန်းကို စုစည်းကန့်ကွက်ကြမည်ဆိုလျှင် စီမံကိန်းကို ထောက်ခံကြသည့် ရပ်ရွာအတွင်းရှိ
ငွေရှင်ကြေးရှင် သြဇာရှိသူများနှင့် အတိုက်အခံ လုပ်ရမည့် သဘောဖြစ်ပြီး ပိုမိုခက်ခဲမည်ဖြစ်သည်။
သြဇာပါဝါနှင့် ငွေကြေးအကြား အက်ကြောင်းများဖြင့် ရွာအတွင်း အကွဲအပြားတွေဖြစ်နိုင်သည်။
ရွာသူရွာသားများ၏ မှတ်ချက်များသည် လျော်ကြေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော
အရေးကြီးသည့် ရှုထောင့်နှစ်ခုကို ဦးတည်နေသည်။ ပထမရှုထောင့်မှာ လျော်ကြေးပေးသည့်
လုပ်ငန်းစဉ်ကို မြေယာအရောင်းအ၀ယ် ကိစ္စရပ်များနှင့် မည်သို့ကွဲပြားအောင် လုပ်ဆောင်သလဲဆိုတာ
သူတို့အနေဖြင့် ရှင်းရှင်းလင်းလင်းမရှိကြောင်း ပြောဆိုကြသည်။ အကြောင်းရင်းကား ကုမ္ပဏီကိုယ်တိုင်
(အီတာလျံထိုင်း ကုမ္ပဏီထံမှ လူများဟုရွာသားများက ဆိုသည်) ထွက်လာပြီး စီမံကိန်းအတွက်
မြေ၀ယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ရွာသူရွာသားများ နားလည်သဘောပေါက်သည့် လျော်ကြေးလုပ်ငန်းစဉ်
ဆိုသည်မှာ ကုမ္ပဏီက မြေ၀ယ်ခြင်းနှင့်သိပ်ပြီး မကွာခြားပါ။ စီမံကိန်းအကောင်အထည်ဖော်သူဆီ
မြေကိုပေးအပ်လိုက်ရပြီး ငွေကြေးတစ်စုံတစ်ရာ ပြန်ရသည်။ ထို့အတွက် လျော်ကြေးပေးတာနှင့်
ကုမ္ပဏီက မြေ၀ယ်တာကို ရွာသူရွာသားများအနေဖြင့် အလွယ်တကူ ခွဲခြားနိုင်စွမ်းမရှိတော့ပေ။ ထိုကဲ့သို့
မရှင်းမလင်းအခြေအနေသည် လယ်သမားများအဆိုအရ ပွဲစားများ ပါလာသည့်အခါ ပိုမိုဆိုးရွားသွားသည်။
မြေယာလျော်ကြေး ညှိနှိုင်းကြတဲ့အခါ သူတို့အနေဖြင့် ဘယ်သူနဲ့ လျော်ကြေးညှိနေရသလဲဆိုတာ
တခါတလေ မသိတော့ဟု ရွာသူရွာသားများက ထုတ်ဖော်ပြောဆိုကြသည်။ သူတို့အနေဖြင့်မကြာခဏ
ပွဲစားဆိုသူများနှင့် ဆက်ဆံကြရပြီး ထိုပွဲစားများက ကုမ္ပဏီကလွှတ်ထားသော ပွဲစားလား၊
မြေဈေးတက်ရင် အမြတ်ရမှာ မျှော်ကိုးပြီး မြေလိုက်ဝယ်နေကြတဲ့ သူတွေဆီကလား မကွဲပြားကြပေ။
ထို့အတွက် လျော်ကြေးဟူသော စကားလုံးမှာ ရွာသူရွာသားတွေအတွက် နားလည်ရခက်လှသည်။
61 IDI, Paradut, 9/10/17, female.
62 Cf. Michael Levien (2013), “The Politics of Dispossession: Theorizing India’s ‘Land Wars,’” Politics
and Society 41(3):351-394.
63 See again Levien (2013), who identifies a similar situation regarding brokers in the context of land
dispossession in India.
64 Including whether is a government or company representative..
အသက်မွေးဝမ်းကြောင်း
65 The villagers did not specify who was rejectecting or obstructing their attempts to do so.
အီတာလျံထိုင်း ကုမ္ပဏီအနေဖြင့် လျော်ကြေးလုပ်ငန်းစဉ်အစား (လျော်ကြေးလုပ်ငန်းစဉ်ကို
ရှောင်လွှဲရန် အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်)စီမံကိန်းဧရိယာအတွင်းမှ မြေယာများကို ပွဲစားများမှ
တဆင့် ၀ယ်ယူသည်ဆိုသည့်အချက်မှာ ဖြစ်နိုင်ချေရှိသည်။ ပွင့်လင်းမြင်သာမှု မရှိသော လျော်ကြေး
လုပ်ငန်းစဉ်သည် ကုမ္ပဏီအနေဖြင့် မြေကို ဈေးပေါပေါဖြင့် ရယူသွားစေနိုင်သည်။ ရွာသူရွာသားများ
အနေဖြင့် လျော်ကြေး (သို့မဟုတ်) သူတို့၏ ရပိုင်ခွင့်ကို အပြည့်အ၀ရရှိအောင် မည်သို့တောင်းဆိုရမည်
မည်ကဲ့သို့ရယူသင့်သည် ဆိုသည့် သတင်းအချက်အလက်မရရှိခြင်းကို အခွင့်ကောင်းယူသွားနိုင်သည်။
အချို့သောရွာသူရွာသားများ အဆိုအရ ကမ်းလှမ်းသော ငွေကြေးသည် အလွန်ရက်ရောပုံရပြီး ငြင်းဆန်
ဖို့တောင် မဖြစ်နိုင်ဟုဆိုသည်။ တကယ်တော့ စီမံကိန်းကြောင့် ဈေးတက်လာခြင်းဖြစ်ပြီး အများအား
ဖြင့်တော့ လျော်ကြေးနှုန်းထားသည် အတော်လေးကို နည်းပါးသည်။ ထိုအချက်ကပင် ဒုတိယရှုထောင့်ကို
ညွန်းဆိုနေသည်။ အချို့သော ရွာသူရွာသားများ အထူးသဖြင့် ဆင်းရဲပြီး မသိနားမလည်သော
ရွာသူရွာသားများမှာ ထိုလျော်ကြေး နည်းနည်းလေးကိုပင် လက်ခံသဘောတူဖို့ အဆင့်သင့်ဖြစ်နေ
ကြခြင်းဖြစ်သည်။ ထိုအချက်ကို ကုမ္ပဏီမှ အခွင့်အရေးယူသွားနိုင်သည်။ လျော်ကြေးလုပ်ငန်းစဉ်အရ
ပွင့်လင်းစွာ လုပ်ကိုင်ဆောင်ရွက်စရာ မလိုတော့ဘဲ ပွဲစားများမှတဆင့် မြေကိုဝယ်ယူသွားနိုင်သည်။
လျော်ကြေးလုပ်ငန်းစဉ်အရ ပွင့်ပွင့်လင်းလင်းလုပ်ရင် ဈေးပိုပေးရနိုင်သလို ပိုမိုရှုပ်ထွေးသော ညှိနှိုင်း
ဆွေးနွေးမှုများကို ကုမ္ပဏီအနေဖြင့်လုပ်ဆောင်ရမည်ဖြစ်သည်။ ရပ်ရွာအတွင်း ငွေကြေးဥစ္စာအဆင့်
အတန်း ကွာခြားမှုနှင့် အပေါ်မှ အောက်သို့စီးဆင်းသော သတင်းအချက်အလက်ရရှိမှု တို့သည်
လျော်ကြေးနှင့် မြေရောင်းမြေ၀ယ် လုပ်ငန်းနှစ်ခုအကြား ခြားနားချက်တွေကိုေ၀၀ါးသွားစေသည်။
အခြားမြေယာနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း ရွာသူရွာသားများက
ဆွေးနွေးကြသေးသည်။ စီမံကိန်းဧရိယာအတွင်းပါဝင်သဖြင့် သူတို့၏မြေများကို တရားဝင်မှတ်ပုံတင်
ပြုလုပ်၍ မရကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ ပုံစံ (၇) ကဲ့သို့သော မြေယာမှတ်ပုံတင်ရာတွင်
လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်းလို့မရကြောင်း ဆိုသည်။ 65 ထိုကဲ့သို့ မြေယာမှတ်ပုံတင်ခွင့်
ငြင်းဆန်ခံထားရသဖြင့် မြေယာပိုင်ဆိုင်မှု အထောက်အထားအနေဖြင့် မြေခွန်ပြေစာများသာရှိကြသည်။
တရားဝင် မြေယာမှတ်ပုံတင်ခွင့် မရရှိခြင်းက လယ်သမားများအတွက် မြေကို တခါတရံ ဈေးပေါပေါဖြင့်
အလွယ်တကူရောင်းချဖို့ ဖြစ်စေသည်။ တရားဝင်မှတ်ပုံတင်မရှိလျှင် လျော်ကြေးမြင့်မြင့်မားမား ရရှိရန်
မသေချာဟု သူတို့အနေဖြင့်ယူဆကြသည်။ ထို့အတွက် စီမံကိန်းဧရိယာအတွင်း ပါနေသဖြင့်
သူတို့မြေတွေ တနည်းနည်းဖြင့် ဆုံးမည့်အတူတူ အနည်းဆုံး ရသည့်အခွင့်အရေးကို ရသည့်ဈေးနှုန်းဖြင့်
လက်ခံလိုက်ခြင်းက ပိုကောင်းသည်ဟု ထင်ကြသည်။ 
66 FGD, Hteingyi, 24/10/17, male. Iit was not clear who “they” are (i.e. who is acquiring the land).
67 FGD, Hteingyi, 24/10/17, male.
ထိန်ကြီးရွာတွင် ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ခြံသမားတစ်ဦးက အလားတူ ပြောသည်။
“ငါတို့မြေက အခု စီမံကိန်းမြေဖြစ်နေတယ်။ ဒီတော့ အစိုးရဆီဘာအကူအညီမှမရဘူး။” ဟု ပုံစံ (၇)
မရဘဲ မှတ်ပုံတင်ခွင့်မရပုံကို ရည်ရွယ်ပြီး သူကပြောသည်။ “ငါတို့ ဒေသက ကျိန်စာသင့်တဲ့ဒေသတဲ့။
ဝန်ကြီးတွေက သူတို့ဘာသာပြောနေကြတယ်။” သူက ဆက်ပြောသည်။သူ့အနေဖြင့် “စီမံကိန်း
လာရင်တော့ ဒီကျိန်စာတွေက လွတ်တော့မယ်” 66 ဟုယုံကြည်နေသည်။ သူ့လိုပင် ရွာသူရွာသားများမှာ
စီမံကိန်းပြန်လည်စတင်နိုင်ချေရှိသဖြင့် ၄င်းတို့၏ မြေယာများကို မှတ်ပုံမတင်နိုင်ကြပဲ ဟိုမရောက်သည်
မရောက် အခြေအနေတွင် နေထိုင်နေကြရသည်။ စီမံကိန်းပြန်စလျှင်တော့ ထိုမသေချာမရေရာသည့်ဝန်
ထုပ်ဝန်ပိုးများ ပျောက်ကွယ်သွားမည်ဟု သူကအကြံပြုသည်။ “မြန်မာတစ်နိုင်ငံလုံး ပုံစံ(၇) ရကြတာပဲ။
ငါတို့နေရာပဲ စီမံကိန်းရှိလို့ဆိုပြီး ချန်ထားခံရတာ။ စီမံကိန်း ဘယ်အချိန်မှ တကယ်ပြန်စမလဲ မသိဘူး။
ငါတို့မှာတော့ ဒီဒဏ်ကို ခံစားလာရတာ အချိန်အတော်ကြာပြီ။” ဟု ဆက်ပြောသည်။ အတိုချုပ်ဆိုရလျှင်
အထူးသဖြင့် နဘုလယ်ဒေသတွင် မြေယာလုပ်ငန်းစဉ်များကိုအထက်တန်းလွှာများက မင်းမူထားသည်။
ပုံစံ(၇) မရှိဘဲ သူတို့၏ မြေကို သူတို့ထိန်းချုပ်ရန်မှာ မသေချာမရေရာဟု ရွာသူရွာသားများက
စိုးရိမ်ကြသည်။ ရလာဒ်အနေဖြင့် အတော်အတန်နည်းပါးသော လျော်ကြေးတစ်စုံတစ်ရာ ကမ်းလှမ်း
လာလျှင် ရွာသူရွာသားများ အနေဖြင့် လွယ်လွယ်ကူကူ လက်ခံလိုက်ဖို့ပိုများပါသည်။ အခွင့်အရေးရတုန်း
လက်ငင်းရသည့်ငွေကြေးကိုပဲ ရှာဖွေကြတော့သည်။ ထိုကဲ့သို့ လက်ငင်းပေးချေသည့် ငွေကြေးများမှာ
ပွဲစားများထံမှတဆင့်ဖြစ်ပြီး ကုမ္ပဏီမှ လျော်ကြေးအနေဖြင့် ပေးခြင်းလား။ မြေ၀ယ်ခြင်းလား မကွဲပြား
တော့သဖြင့် အခြေအနေမှာ ရှင်းလင်းရန် မလွယ်ကူ တော့ပါ။
လျော်ကြေးပေးသည့် လုပ်ငန်းစဉ်သည် အမြဲတစေ မှေးမှိန်သည့်မထင်မရှား လုပ်ငန်းစဉ်
တစ်ခုတော့ မဟုတ်ပါ။ ထိန်ကြီးမှ ရွာသားတစ်ဦးကတော့ လျော်ကြေးလုပ်ငန်းစဉ်သည် အတော်အတန်
ရှင်းလင်းမြင်သာကြောင်း ပြောသည်။ “သူတို့ဝယ်မယ့်မြေရဲ့ ပိုင်ရှင်အားလုံးကို ခေါ်တယ်။ လူတစ်ရာဆို
တစ်ရာလုံးခေါ်တယ်။ တစ်ယောက်ပဲလိုရင် တစ်ယောက်ပဲခေါ်တယ်။ ရွာအုပ်ချုပ်ရေးမှုးရုံးကိုခေါ်တာ။
ပေးတဲ့နှုန်းကိုကျေနပ်ရင် သဘောတူကြတယ်။” 67 လျော်ကြေးဆိုတာ ရိုးရိုးရှင်းရှင်းပဲဟု သူက
ဆိုလိုသည်။ မြေယာအတွက် နှုန်းထားကို ညှိနှိုင်းရာတွင် အများပြည်သူရှေ့ ပိုပြီး ပွင့်ပွင့်လင်းလင်း
ဆွေးနွေးတာထက် ရွာအုပ်ချုပ်ရေးမှုးရုံးတွင် လုပ်သည်ကများကြောင်း သူကပြောသည်။ မြေအတွက်
နှုန်းထားများ မတူကြသလို လူအမျိုးမျိုးကို နှုန်းထားအမျိုးမျိုးဖြင့် ကမ်းလှမ်းကြသည်။
စိုးရိမ်ပူပန်ခြင်းဆိုသော ဖိအားကလည်း သူတို့၏ မြေများကို ဈေးပေါပေါ နိမ့်ပါးသော နှုန်းထားဖြင့်
လက်ခံဖို့ တွန်းအားဖြစ်စေသည်။ တကယ်တော့ လက်တွေ့တွင် လျော်ကြေးသည်
ရွာသူရွာသားအားလုံးအတွက် တသမတ်တည်း မဟုတ်ကြောင်း ပြောဆိုကြသည်။ “လျော်ကြေးလား။
နားမလည်တဲ့သူက ပိုဒုက္ခရောက်တယ်။ ဟိုသွားဒီသွား လုပ်တဲ့သူတွေ လျော်ကြေးပိုရတယ်။
အိမ်မှာပဲနေပြီး ရွာထဲစနည်းမနာဘူးဆိုရင် သူတို့လျော်ကြေးကို ဘယ်လို ညှိရမှန်းမသိဘူး။ ဒီတော့
ပေးတာ ကျေနပ်ပြီး လက်မှတ်ထိုးလိုက်ကြတာပဲ။” ဟုရွာသားတစ်ဦးမှ အုပ်စုဖွဲ့ဆွေးနွေးမှုတွင်
ပြောသည်။ သူ၏ မှတ်ချက်က တစ်စုံတစ်ယောက်က လျော်ကြေး ဘယ်လောက်ရသလဲဆိုသည့်
အချက်သည် သတင်းအချက် ဘယ်လောက်ရသလဲ ဆိုတာပေါ် မူတည်နေသည့် အချက်ကို
မီးမောင်းထိုးပြနေသည်။ ရပ်ရွာအတွင်း လူမှုရေးရာများတွင် နှံ့နှံ့စပ်စပ် ရှိသူနှင့် မရှိသူများအကြားတွင်
လည်း ထိုသို့ကွာခြားမှုများ ရှိကြောင်း သူကဆိုသေးသည်။
အသက်မွေးဝမ်းကြောင်း
နောက်တစ်ချက်ကတော့ ရွာအတွင်း ငွေကြေးဥစ္စာနှင့် သြဇာပါဝါ မတူညီမှုအပေါ်
အခြေခံသည့် ကွဲပြားမှုဖြစ်သည်။ အသက်မွေးမှုအဆင်ပြေပြီး ချောင်လည်သူမျာတွင် လူမှုရေးရာ
ကိစ္စများတွင် ပါဝင်ဖို့အချိန်ပိုရှိပြီး မိတ်ဆွေအပေါင်းအသင်းများနှင့် မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းများ
အကြား ပုံမှန်ဆက်ဆံရေး တည်ဆောက်ထားနိုင်သည်။ ဤနည်းဖြင့် သူတို့ မြေယာက
ဘယ်လောက်တန်သလဲ ၊ လျော်ကြေးကို ဘယ်လိုလုပ်ကြသလဲ စသည့်အသိပညာများတိုးပွားကြသည်။
ဆင်းရဲသော ရွာသူရွာသားများမှာမူ ထိုကဲ့သို့သော အခြေအနေအခွင့်အလန်းများ ပိုမိုနည်းပါးကြသည်။
အားလပ်ချိန်များကို လူမှုရေးကိစ္စများ ၊ သာရေးနာရေးများတွင် ကုန်ဆုံးစေမည့်အစား အပိုဝင်ငွေရရှိရန်
သစ်တောထွက်ပစ္စည်းများ ရှာဖွေခြင်းကဲ့သို့သော အခြားအလုပ်များဖြင့် သူတို့၏ အချိန်များကို
ကုန်ဆုံးကြသည်။ ထို့အပြင် ထိုကဲ့သို့သော လူမှုရေးရာကိစ္စရပ်များတွင် အမျိုးသမီးများသည်
အမျိုးသားများထက် ပါဝင်မှု နည်းပါးနိုင်ပြီး ကျားမ ကွဲပြားမှု က အချက်အလက်ရရှိမှု ကွဲပြားစေသည့်
အကြောင်းအရင်းကို ပိုမိုအားဖြည့်စေသည်။ ထိုအချက်ကပင် မတူကွဲပြားသည့်လူတွေအပေါ် မတူညီ
သည့် လျော်ကြေးရရှိစေသည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
မူဒူးမှ လူငယ်လယ်သမားတစ်ဦးကတော့ လျော်ကြေးအတွက် စံနှုန်းမရှိသည့်အကြောင်း အလေးပေး
ပြောဆိုသည်။ 68 “လျော်ကြေးက သာတူညီမျှမှုမရှိဘူး။ ပထမ သူတို့က တစ်ဧက ငါးသိန်းပေးတယ်။
နောက် ၃ သိန်း။ တဖြည်းဖြည်းနဲ့ ရှစ်သိန်းဖြစ်သွားတယ်။ အရင်ရတဲ့သူတွေက နည်းပြီး နောက်ရတဲ့
သူတွေက ပိုရတော့ မကျေနပ်ကြဘူး” ဟု ပြောသည်။69အချို့ဆင်းရဲတဲ့ မသိနားမလည်တဲ့ သူတွေက
နှုန်းနည်းနည်းနဲ့ လျော်ကြေးကို အရင်လက်ခံလိုက်ကြကြောင်း သူကဆွဲထုတ်ပြသည်။ ထို့အပြင်လျော်ြေ
ကးရပြီးသူတွေကလည်း အဆိုပါငွေကြေးများကို ကောင်းမွန်စွာ မစီမံတတ်ကြောင်း သူကထောက်ပြသည်။
“လျော်ကြေးရပြီး ရတဲ့လျော်ကြေးနဲ့ စီးပွားရေးဘယ်လိုလုပ်မလဲ သိတဲ့သူတွေ အတွက်ကတော့
ပြဿနာမရှိဘူး။ မသိဘူးဆိုရင်တော့ အကုန်လုံးပြောင်မှာပဲ။ ဒီလိုမျိုးဖြစ်လာရင် မကောင်းဘူးလေ”
အခြားရွာသူရွာသားများကလည်း အဆိုပါအချက်ကို ထောက်ပြကြသည်။ “ရထားတဲ့
လျော်ကြေးကို ဘယ်လိုစီမံခန့်ခွဲရမလဲ သိရင်တော့ ပိုက်ဆံက လက်ထဲကျန်မယ်။ မလုပ်တတ်
ဘူးဆိုရင်တော့ ရှိတာကုန်တဲ့အပြင် အကြွေးတောင် တင်ကြတယ်”70 ဟု မူဒူးရွာသူတစ်ဦးက ထောက်ခံ
ဆွေးနွေးသည်။ ၀က်ချောင်းကျေးရွာတွင် ပြုလုပ်သော အုပ်စုဖွဲ့ဆွေးနွေးမှုတစ်ခုတွင်လည်း အလားတူ
ပြောဆိုကြသည်။ ငါးဖမ်းလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသော ငပိဒတ်ကျေးရွာမှ လျော်ကြေး
ရထားသူများမှာ ကြာကြာမခံကြောင်း သူတို့ကဆိုသည်။ “လျော်ကြေးရတယ်။ နောက်တော့
ကုန်သွားတာပါပဲ” ဟုလယ်သမားတစ်ဦးက ပြန်ပြောပြသည်။ “ပင်လယ်ကမ်းရိုးတန်းတလျှောက်
68 မြေအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွာနိုင်သည့် အမြင်ကို ပြောဆိုခြင်းမရှိ
69 FGD, Mudu, 3/10/17, male.
70 FGD, Mudu, 17/10/17, female. 
လုပ်ကိုင်စားသောက်လို့မရရင် ဒီလူတွေ ဒုက္ခလှလှတွေ့ပြီပဲ” 71 လျော်ကြေးရပြီး တစ်နှစ်အတွင်း
အကုန်ကုန်သွားတာကို ကြားရကြောင်း အခြားရွာသားတစ်ဦးကလည်း ၀င်ရောက်ပြောဆိုသည်။
လျော်ကြေးရလျှင် ပညာရေးစားရိတ် နှင့်ဘုန်းကြီးကျောင်းများသို့ လှုဒါန်းရန် သုံးကြ သလို အိမ်ပြင်တာ၊
မော်တော်ဆိုင်ကယ် လျှပ်စစ်ပစ္စည်း စသည့် အသုံးအဆောင် ၀ယ်ဖို့အတွက် သုံးဖို့ပိုများကြောင်း
ရွာသားများကဆိုသည်။ ရွာသူရွာသားများအား လျော်ကြေးအဖြစ်ရရှိသော ငွေကြေးများကို မည်ကဲ့သို့
အကျိုးရှိရှိ ကောင်းမွန်စွာ စီမံခန့်ခွဲရမလဲ ဆိုတာကို သင်ကြားပြသခြင်းဖြင့် ကူညီနိုင်ကြောင်း အချို့သော
ဖြေဆိုသူများက အကြံပြုသည်။ 72 ဥပမာအားဖြင့် ပေါင်းနှုတ်မြှောက်စားကဲ့သို့သော အခြေခံ ငွေကြေး
စနစ်များနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်များ သင်တန်းများတို့ဖြစ်သည်။ ထို့အပြင် အသက်မွေး
ဝမ်းကြောင်းကို ပြန်လည်ထူထောင်နိုင်ရန် အစားထိုးမြေ မည်သို့တောင်းဆိုနိုင်သလဲ စသဖြင့် ရွာသူ
ရွာသားများအနေဖြင့် လက်ရှိ ဥပဒေမူဘောင်အောက်တွင် တောင်းဆို၍ရသောအချက်အလက်များကို
ပညာပေးခြင်း၊ ရွာသူရွာသားများအနေဖြင့်ပြောင်းရွှေ့ရလျှင် မည်သည့်အရာတွေ ဆုံးရှုံးနိုင်မလဲဆိုတာကို
သေသေချာချာနားလည်းသဘောပေါက်နိုင်ဖို့ လက်ရှိရရှိနေရသော အရင်းအမြစ်များအား မှတ်တမ်
မြေပုံပြုလုပ်ရာတွင် အကူအညီပေးခြင်း (ဤနည်းဖြင့် သူတို့အနေဖြင့် သဘာဝမှ ငွေကုန်ကြေးကျမရှိဘဲ
ရရှိနေသော အရင်းအမြစ်များကို ပြောင်းရွှေ့လျှင် ကြုံတွေ့ရမည့် ဆုံးရှုံးမှုတစ်ရပ်အနေဖြင့် လျော်ကြေးတွင်
ထည့်သွင်းတွက်ချက်နိုင်မည်ဖြစ်သည်။)ကတိက၀တ်ပြုထားသော အလုပ်အကိုင်အခွင့်အလန်းများ
လက်တွေ့မဖြစ်လာလျှင် ကြုံတွေ့နိုင်ချေရှိသော စိန်ခေါ်မှုပြဿနာများကို ဝေမျှပြီး ထိုကဲ့သို့ ဆုံးရှုံးမှုတွေကို
လျော်ကြေးတွင်မည်သို့ ထည့်သွင်းရမည်ကို ဝေမျှခြင်း စသည်တို့ကို ရပ်ရွာအတွင်း စုပေါင်း
လုပ်ဆောင်ကြဖို့လိုသည်။ ဤနည်းဖြင့် ဒေသနေလူထုအနေဖြင့် ကောင်းမွန်သော အချက်အလက်
အပေါ်အခြေခံသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်သည်။ လျော်ကြေးပမာဏ ဆုံးဖြတ်ခြင်း၊
လျော်ကြေးကို လက်ခံသင့်မသင့်တို့ကို ပေါင်းစုအားဖြင့် ဆွေးနွေးအဖြေရှာခြင်းဖြင့် ရွာသူရွာသားများ
အနေဖြင့် ၄င်းတို့၏ ပါဝင်ဆုံးဖြတ်ခွင့် နေရာကို ဖန်တီးပေးရန် စုစုစည်းစည်းဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်
သည်။ အခြားတစ်ဖက်တွင်မူ ရွာသူရွာသားများက စီမံကိန်းကို ထောက်ခံအားပေးပြီး လျော်ကြေး
လုပ်ငန်းစဉ်ကို ညှိနှိုင်းကာ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူသည်ဟု
ယူဆခံရနိုင်သည်။ တနည်းအားဖြင့် ပြောင်းရွှေ့နေရာချထားမှုနှင့် အရင်းအမြစ်များ လက်လွှတ်ဆုံးရှုံးစေ
သည့် လျော်ကြေးတို့ကြောင့် ပိုမိုဆင်းရဲဒုက္ခရောက်ကြသည့် အဆိုးကျော့ သံသရာ အား ထောက်ခံအား
ပေးသလိုဖြစ်သွားနိုင်သည်။
လျော်ကြေးလုပ်ငန်းစဉ်ကို မည်သို့ဖြစ်သင့်ပါသလဲဟု ဆွေးနွေးကြသည့်အခါ ရွေးစရာ
မရှိရင်တော့ လျော်ကြေးကို လက်ခံမည်ဖြစ်ပြီး လျော်ကြေးလုပ်ငန်းစဉ်သည် သင့်တင့်မျှတသော
အခင်းအကျင်း ဖြစ်သင့်ကြောင်း ရွာသူရွာသားများက အလေးပေးပြောဆိုကြသည်။ “ငါတို့ရွာအပါအ၀င်
စီမံကိန်းဧရိယာထဲမှာ ဒီလို မဖြစ်စေချင်ဘူး။ ငါတို့ရွာ စီမံကိန်းထဲပါသွားမှာ စိုးရိမ်တယ်။ တကယ်လို့
71 FGD, Wetchaung, 21/9/17, male.
72 FGD, Hteingyi, 15/11/17, male.
အသက်မွေးဝမ်းကြောင်း
73 IDI, Wetchaung, 31/10/17, female.
74 FGD, Mudu, 17/10/17, female.
75IDI, Ngapidat, 28/9/17, male.
76 FGD, Mudu, 17/10/17, female.
77 FGD, Kamaungchaung, 19/12/17, male.
78 FGD, Kamaungchaung, 13/10/17, mixed.
ပါသွာရင်လည်း ငါတို့ရသင့်ရထိုက်တဲ့လျော်ကြေးရအောင် တောင်းမှာပဲ” ဟု ၀က်ချောင်းကျေးရွာမှ
ခြံသမားတစ်ဦးက ပြောသည်။ 73မူဒူးရွာသူတစ်ဦးကလည်း ပြောင်းရွှေ့နေရာချထားခြင်းနှင့်
လျော်ကြေးကို ချိတ်ဆက်ပြီး အလားတူမှတ်ချက်ပြုသည်။ “ရွာမှာ အိမ်ထောင်စု ၆၀၀ ကျော်ရှိတယ်။
ဒီမှာရှိတဲ့ ၆၀၀ လုံးက သင့်တင့်မျှတတဲ့ လျော်ကြေး ပြည့်ပြည့်၀၀ရမှ ရွှေ့ပေးပြောင်းပေးမှာ”
ဟုပြောသည်။ 74ငပိဒတ်ရွာသား တစ်ဦးကတော့ စီမံကိန်းအကောင်အထည်ဖော်သူများအနေဖြင့်
ရွာသားတို့၏ တောင်းဆို ချက်များကို လက်ခံနိုင်ချေရှိမရှိ စသဖြင့် ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းစဉ်ကို
အလေးထားပြောဆိုသည်။ “ငါတို့ညှိတဲ့ နှုန်းကို သူတို့လက်ခံရင်တော့ တစ်မျိုးပေါ့။
လက်မခံနိုင်ဘူးဆိုရင်တော့ ဘာမှလာမလုပ်နဲ့ လို့ ပြောချင်တယ်”75
ယေဘုယျအားဖြင့် ဆိုရလျှင် ရွာသူရွာသားများသည် လူတိုင်း တသမတ်တည်း ညီတူညီမျှ
ရရှိနိုင်သည့် ဘက်မလိုက်သော မျှတသည့် လုပ်ငန်းစဉ်ကို မျှော်မှန်းကြသည်။ အစောပိုင်းက ပရဒတ်မှ
ရွာသားတစ်ဦးမှတ်ချက်ပြုသလို သီလ၀ါနှင့်ကျောက်ဖြူကဲ့သို့ နှုန်းထားအတူတူ လိုချင်ကြသည်။
လျော်ကြေးတန်းတူ ရသင့်သည်ဆိုသည့် အယူအဆ နှင့် ပတ်သက်ပြီး သင့်လျော်မှု သင့်တင့်လျောက်ပတ်မှု
ရှိမရှိ ဆိုသောဆွေးနွေးမှုများကို ထပ်ခါတလဲလဲ တွေ့ရသည်။ ဥပမာအားဖြင့် “လျော်ကြေးပေးရင်တော့
သင့်လျော်တဲ့ လျော်ကြေးဖြစ်ရမယ်။ တန်းတူဖြစ်ရမယ်။” ဟု မူဒူးရွားသားတစ်ဦးက ပြောသည်။
76ခမောင်းချောင်းမှ အနည်းငယ်ငွေကြေးချို့တဲ့သော ရွာသူရွာသားများကတော့ လျော်ကြေးကို
တန်းတူညီမျှစွာ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖို့ အရေးကြီးကြောင်း တခုတ်တရ ဆိုသည်။
77ရွာအုပ်ချုပ်ရေးမှုးနှင့် နီးစပ်သော အုပ်စုတစ်စုကတော့ လျော်ကြေးနှင့် ပတ်သက်ပြီး အနည်းငယ်
ကွဲပြားခြားနားသော အမြင်ကိုပြောဆိုသည်။သုတေသနအတွင်း လုပ်ဆောင်ခဲ့သော မေးမြန်းမှုများနှင့်
အုပ်စုဖွဲ့ဆွေးနွေးမှုများအတွင်း ထူးခြားသည့် အမြင်ဖြစ်သည်။ အဆိုပါအုပ်စုက လျော်ကြေးကို
စီမံကိန်းအား တစ်စိတ်တစ်ပိုင်းအနေဖြင့် ပိုင်ဆိုင်မှု ရရှိနိုင်သည့်နည်းလမ်းတစ်ခုအဖြစ် မှတ်ယူကြသည်။
“သူတို့ စီမံကိန်းကို အကောင်အထည်ဖော်ရင် ငါတို့ လျော်ကြေးတွေရမယ်။ ငါ့အနေနဲ့ အကြံပြုချင်တာက
စီမံကိန်းရှယ်ယာတွေကို လျော်ကြေးအနေနဲ့ ပေးဖို့ အစိုးရဘက် ကုမ္ပဏီဘက် တို့နဲ့ အတူတကွ
လုပ်ကိုင်ကြရမယ်။ ငါတို့ ဒီလိုအတူတကွ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ငါတို့ဒေသနေလူထုအတွက်
ပိုကောင်းမယ် လို့မြင်တယ်။”78ဟု အဆိုပါ အုပ်စုထဲမှ ရွာသားတစ်ဦးက ပြောဆိုသည်။ အဆိုပါအုပ်စု၏
မှတ်ချက်သည် စီမံကိန်းဆက်လက်အကောင် အထည်ဖော်ရန်ကို အလေးသာပြီး နဘုလယ်ဒေသရှိ
သြဇာပါဝါရှိသော သူတို့၏ လျော်ကြေးလုပ်ငန်းစဉ်အပေါ် အမြင်ကို ထင်ဟပ်နေသည်။
ပြောင်းရွှေ့နေရာချထားခြင်း
၂၀၁၃ ခုနှစ်တွင် စီမံကိန်းကို ဆိုင်းငံ့ပြီးကတည်းက ပြောင်းရွှေ့နေရာချထားခြင်း လုပ်ငန်း
အစီအစဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်ပြောဆိုမှု မရှိသလောက်ဖြစ်သွားသည်။ စီမံကိန်း ဆိုင်းငံ့ထား
သဖြင့် ပြောင်းရွှေ့နေရာချထားရေးနှင့်ပတ်သက်ပြီး လုပ်ကိုင်စရာမရှိသဖြင့် ဆက်သွယ်ပြောဆိုစရာ
မရှိတော့ခြင်း ဖြစ်နိုင်သည်။ နောက်တစ်ချက်အနေဖြင့် စီမံကိန်းပြန်လည်စတင်လျှင်တောင်မှ အစော
ပိုင်းလုပ်ငန်းစဉ်များသည် နဘုလယ်ဒေသထက် အဝေးပြေးလမ်းမကြီးကို ပိုမိုအာရုံစိုက်မည်ဟု စီမံကိန်း
အကောင်အထည်ဖော်သူများမှ ပြောထားသည်။ ဆိုလျှင် နဘုလယ်ဒေသတွင် ပြောင်းရွှေ့နေရာချထားမှု
လုပ်ငန်းစဉ်များဖြစ်ပေါ်ရန် နှစ်အနည်းငယ် လိုသေးသည်။ စီမံကိန်းပြန်လည်စတင်မည်ဆိုလျှင်တော့
ပြောင်းရွှေ့နေရာချထားမှုနှင့် ပတ်သက်ပြီး အစီအစဉ်ရေးဆွဲမှုများ၊ လျော်ကြေးလုပ်ငန်းစဉ်များနှင့်
အတွက် ဆက်သွယ်ပြောဆိုမှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
မျက်မှောက်အခြေအနေတွင်တော့ ပြောင်းရွှေ့နေရာချထားမှုနှင့် ပတ်သက်ပြီး အနည်း
အကျဉ်းသာ သိကြသည်။ အထူးစီးပွားရေးဇုန်ဧရိယာ၏ မြောက်ဘက် ကမ်းရိုးတန်းအနီးတွင်
တည်ဆောက်ထားသော ဘ၀ါ ပြန်လည်နေရာချထားရေး နေရာကို မူဒူးမှ ပြောင်းရွှေ့လာသော ရွာသူ
ရွာသား များအတွက် မူလက လျာထားခဲ့သည်။ အခုအချိန်အထိတော့ ထိုအကြောင်းနှင့် ပတ်သက်၍
မည်သည့်အချက်အလက်မှ ထွက်ပေါ်လာခြင်းမရှိသေးပါ။ ဆီအုန်းစိုက်ခင်းအနီးတွင် ပြန်လည်နေရာ
ချထားမည့်နေရာကို တည်ဆောက်သွားမည်ဟု ကြားသိရကြောင်း ခမောင်းချောင်းရွာသူရွာသားများက
ပြောသည်။ ၀က်ချောင်းရွာသူရွာသားများကတော့ ပြောင်းရွှေ့နေရာချထားရေးနှင့် ပတ်သက်ပြီး
သေသေချာချာ ဘာမှမကြားရကြောင်းနှင့် သူတို့အနေဖြင့် မဖြစ်မနေပြောင်းရမည်ဆိုလျှင် ပြန်လည်
နေရာချထားသည့် နေရာကို ပုဂေါဇွန်းနှင့်ရလိုင်ရွာများအနီးတွင် တည်ဆောက်ရန် လိုလားကြသည်။
ထိန်ကြီးနှင့် ပရဒတ်ရွာသူရွာသားများကလည်း အလားတူ မှတ်ချက်ပြုသည်။ ငပိဒတ်ကျေးရွာသည်ကား
ပြောင်းရွှေ့နေရာချထားခံရမည့် ရွာစာရင်းတွင်တော့ မပါဝင်ပါ။ သို့သော် အထူးစီးပွားရေးဇုန်မှ
စွန့်ပစ်ပစ္စည်းများ စွန့်ထုတ်ရာ အဓိကလမ်းကြောင်းဖြစ်သည့် ချောင်းကမ်းပါးပေါ်တွင်တည်ရှိပြီး
အထူးစီးပွားရေးဇုန်ကြီး လည်ပတ်လာလျှင် မပြောင်းပေးရင်တောင်မှကိုယ့်ဘာသာ ပြောင်းရရွှေ့ရမည့်
အခြေအနေရှိသည်။
ရွာသူရွာသားများ၏ မှတ်ချက်များအရ ပြောင်းရွှေ့နေရာချထားရေးသည် အများစုအတွက်
တော့ အကောင်အထည် မမြင်ရသေးသည့် အဆိုပြုချက်များသာ ဖြစ်ပုံရသည်။ ပြောင်းရွှေ့မှု
လက်ခံရမလား၊ ထိပ်တိုက်ရင်ဆိုင် ငြင်းဆန်ရမလား ဆုံးဖြတ်ရန်အတွက် မရေမရာ အခြေအနေသာ
ရှိသေးပြီး ကြိုတင်ပြင်ဆင်ရန်အတွက်လည်း သေချာရေရာမှု နည်းပါးလျက်ရှိသည်။ ရွာသူရွာသား
အများစုကတော့ မပြောင်းချင်သည့် ဆန္ဒကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ကြသလို တကယ်ပြောင်းရမည်
ဆိုလျှင်လည်း တုန့်ပြန်တိုက်ပွဲဝင်ရန် ဆန္ဒရှိကြသည်။ ပြောင်းရွှေ့နေရာချထားမှုကြောင့် ၄င်းတို့၏
အသက်မွေးဝမ်းကြောင်းကို သက်ရောက်မှုရှိပြီး စိန်ခေါ်မှုများကြုံတွေ့ရနိုင်ကြောင်း နားလည်း
သဘောပေါက်ထားကြသည်။ ဘ၀ါကဲ့သို့သော ပြောင်းရွှေ့နေရာချထားသည့် နေရာကို လက်ခံမည်
မဟုတ်သလို ၄င်းတို့၏ လူမှုရေးနှင့်ယဉ်ကျေးမှု ဘ၀ပုံစံများကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက်
ပြောင်းရွှေ့နေရာချထားမှုအား ခြိမ်းခြောက်မှု တစ်ခုအနေဖြင့် ရှုမြင်ကြသည်။ အထူးသဖြင့် ယဉ်ကျေးမှုနှင့်
လူမှုဘ၀နေထိုင်မှု ဓလေ့များသည် နဘုလယ်တွင်တည်ရှိသော စေတီပုထိုးများတွင် ဗဟိုပြုနေသော
ကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ရွာအတွင်းရှိ လူအချို့ကတော့ အခြေအနေအကြောင်း
ပြောင်းရွှေ့နေရာချထားခြင်း 
ကြောင်းကြောင့် ပြန်လည်နေရာချထားမှုကို လက်ခံကြလိမ့်မည်ဟု ရွာသူရွာသားအများစုက
ဝန်ခံကြသည်။ အကျိုးဆက်အနေဖြင့် အငြင်းပွားမှုများ၊ အမြင်မတူ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်
လာမည်ဟု မှန်းဆကြသည်။
“ငါတို့ညှိတဲ့ နှုန်းကို သူတို့လက်ခံရင်တော့ တစ်မျိုးပေါ့။
လက်မခံနိုင်ဘူးဆိုရင်တော့ ဘာမှလာမလုပ်နဲ့ လို့ ပြောချင်တယ်”
ငပိဒတ်ရွာသားတစ်ဦး
ဝက်ချောင်းရွာတွင်ပြုလုပ်သော အုပ်စုဖွဲ့ဆွေးနွေးမှုတွင် ထိုအချက်များက ထင်ဟပ်နေသည်။
“ငါတို့ မပြောင်းချင်ဘူး။ ခြံကထွက်တာနဲ့ ငါတို့စားသောက်လို့ရတယ်။ သုံးစွဲလို့ရတယ်။
လှုတန်းလို့ရတယ်” 79 ဟု ခြံသမားတစ်ဦးက အားမာန်အပြည့်ဖြင့်ပြောသည်။ ထို့အပြင် ဘ၀ါသို့လုံးဝ
မပြောင်းနိုင်ကြောင်းကိုလည်း သူတို့က ထပ်ပြောသည်။ “ငါတို့ကို ပင်လယ်ကမ်းရိုးတန်းဘက်ပို့ရင်
ဒီကလူတွေက လုံးဝလက်ခံမှာ မဟုတ်ဘူး” ဘ၀ါမှ ၄င်းတို့ စိုက်ပျိုးလုပ်ကိုင်ရာ လယ်နှင့်ခြံများဆီသို့
ပုံမှန်လာရောက်လုပ်ကိုင်ဖို့ အလွန်ဝေးကွာကြောင်း သူတို့က ဆိုသည်။ အခြားရွာမှ ရွာသူရွာသားများကဲ့သို့
သူတို့ကလည်း ဘ၀ါရှိ အိမ်များ၏ အရည်အသွေး ညံ့ဖျင်းမှုအပေါ် စိုးရိမ်သောကကို ဖွင့်ဟကြသည်။
“ငါတို့နေဖို့အတွက် အိမ်က သူတို့ဆောက်ပေးစရာမလိုပါဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့ဆောက်တဲ့
အိမ်တွေမှာ မနေရဲဘူး။ အိမ်တွေက ပြိုကျနေတာ။ ငါတို့က လုံခြုံစိတ်ချရတဲ့ အိမ်မှာပဲ နေချင်တာ။
ငါတို့ဘာသာ ငါတို့ဆောက်ပြီးနေကြမယ်” လယ်သမားတစ်ဦးက ပြောသည်။ ဘ၀ါရှိ အိမ်များသည်
အရည်အသွေးကောင်းပြီး ကြံ့ခိုင်လျှင်တောင်မှ အသက်မွေးဖို့အတွက် အခွင့်အလန်းမရှိကြောင်း
သူတို့ကဆိုသည်။ “ငါတို့ ပြောင်းရမယ်ဆိုရင် ပုဂေါဇွန်း တို့ ရေဖြူတို့လို နီးနီးနားနားပဲ ဖြစ်သင့်တယ်။”
80ဟု ရွာသားတစ်ဦးက ပြောသည်။
နောက်ထပ်မရှင်းမလင်း ဖြစ်နေသည့်အချက်ကား ဘ၀ါသည် ၀က်ချောင်းမှ
ပြောင်းရွှေ့နေရာချထားခံရမည့် သူများအတွက်လား ၊သို့မဟုတ် နဘုလယ်ရှိ အခြားရွာများမှလည်း
ဘ၀ါသို့ ပြောင်းရွှေ့ ရမလားဟူသည့် မေးခွန်းဖြစ်သည်။ လက်ရှိအချိန်အထိတော့ဘ၀ါသည် ပြောင်းရွှေ့
နေရာချထားခံရသူများအတွက် မကောင်းတဲ့အငွေ့အသက်တွေရှိသော နေရာအဖြစ် တနည်းအားဖြင့်
နာမည်ဆိုးဖြင့် ကျော်ကြားနေပြီး မည်သူမှ မသွားချင်သော နေရာအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
ပရဒတ်တွင်ပြုလုပ်သော အုပ်စုဖွဲ့ဆွေးနွေးမှု တစ်ခုတွင် စီမံကိန်းအား အတိုင်းအတာတစ်ခုအထိ
သဘောတူလက်ခံသော လယ်သမားအုပ်စုမှ ဘ၀ါကို လုံးဝလက်သင့်မခံနိုင်သော ပြောင်းရွှေ့
နေရာချထားရာ နေရာအဖြစ် တစ်သံတည်းထွက်ကြသည်။ “အရမ်းခက်တယ်။ ဘ၀ါက သစ်ပင်
တောင်မရှိဘူး။ အဲဒီနေရာကိုပြောင်းရရင် အားလုံးကို ၀ယ်စားရလိမ့်မယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။
79FGD, Wetchaung, 21/9/17, male.
80 Ibid. 
81 IDI, Paradut, 9/10/17, male.
82Ibid.
83FGD, Hteingyi, 26/9/17, male.
ဖြည့်စွက်ချက် ၃ - ပြောင်းရွှေ့နေရာချထားမှု မျက်မှောက်အခြေအနေ
စီမံကိန်းအစီအစဉ် အချိန်နှင့် အမျှအပြောင်းအလဲ ဖြစ်လျက်ရှိပြီး စီမံကိန်းကြောင့်
ပြောင်းရွှေ့နေရာချထားခံရမည့် သူဦးရေ မှာ ၂၀၀၀၀ မှ ၄၀၀၀၀ အထိရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
လက်ရှိအချိန်အထိတော့ မိသားစုအနည်းငယ်သာ ပြောင်းရွှေ့နေရာချထားခံခဲ့ရပြီး အများစုမှာ
ချာခမ်းဟုခေါ်သော တံငါရွာကလေးမှဖြစ်သည်။ ချာခမ်းမှာ အထူးစီးပွားရေးဇုန်ဧရိယာအတွင်းရှိ
သုညကီလိုမီတာ အမှတ်အသားရှိသည့် နေရာအနီးတွင် တည်ရှိခဲ့သည်။ ချာခမ်းရွာသားအများစုမှာ
အခုအချိန်တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေကြပြီး
အချို့မှာ ထိန်ကြီးအပါအ၀င် နဘုလယ်ဒေသအတွင်း နေရာများသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အချို့မှာ
ချာခမ်းနေရာဟောင်းအနီး စီပွားရေးသမားတစ်ဦး၏ မြေပေါ်တွင် နေထိုင်ခွင့်တောင်းပြီး ဆက်လက်
ခိုကပ်နေထိုင်နေကြသည်။ တရားဝင်ပြောင်းရွှေ့နေရာချထားသည့်နေရာဖြစ်သော ဘ၀ါတွင် မိသားစု
တစ်စုသာ နေထိုင်သည်။
အချို့သောရွာသားများမှာ ပြောင်းရွှေ့နေရာချထားမှုကို အတိုက်အခံလုပ်မည့် ဆန္ဒ
အတော်လေး ပြင်းပျကြသည်။ ပရဒတ်မှ ခြံသမားတစ်ဦးမှ ထိုအချက်ကို ထောက်ခံပြောဆိုသည်။
“ငါတို့က ဒေသခံတွေ၊ ငါတို့ရွာ၊ ငါတို့အိမ်၊ ငါတို့ ဘိုးစဉ်ဘောင်ဆက်နေလာတာ၊ ဒါတွေကို အရွှေ့မခံဘူး။
”81ဟု သူကဆိုသည်။ သူ၏ စိုးရိမ်သောကများတွင် ပြောင်းရွှေ့နေရာချမှု လုပ်ငန်းစဉ်အား တိတိကျကျ
သေသေချာချာ မသိရှိခြင်း၊ နေရာသစ်တွင် လက်ရှိအခြေအနေနှင့် မည်သို့ကွဲပြားသွားနိုင်မလဲဆိုတာကို
မသိရှိခြင်း တို့လည်းပါဝင်သည်။ “သူတို့ ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဘာမှ
မသေချာ မရေရာဘူး။ ဘယ်နေရာကို ပြောင်းရမလဲ။ လက်ရှိငါတို့နေရတဲ့ ဘ၀နဲ့ အတူတူဖြစ်မလား၊
နေရာအသစ်မှာ ငါတို့လယ်သမားတွေအတွက် အခုလို လုပ်ကိုင်စားသောက်ဖို့ အခြေအနေပေးပါ့မလား။”
အနိမ့်ဆုံးလိုအပ်ချက်များဖြစ်သည့် လူမှုစီးပွား ဘ၀အခြေခံလိုအပ်ချက်များ ကင်းမဲ့နေမည့် ပြန်လည်
နေရာချထားသည့် နေရာတွင် သူကဲ့သို့သောသူတွေအတွက် မည်ကဲ့သို့ဆက်လက်လုပ်ကိုင်
စားသောက်ရမည်ကို မတွေးရဲ။ “ရွာသူရွာသားတွေက ပြောင်းဖို့ရွှေ့ဖို့ သဘောတူမှာမဟုတ်ဘူး။
တတ်နိုင်သလောက်တော့ခုခံမှာပဲ။ ဒီနေရာက ပြောင်းရမယ်ဆိုရင် ငါတို့လိုတဲ့အရာတွေကို ဘယ်လို
လုပ်မလဲ။ ငါတို့ဘ၀လုံခြုံမှုအတွက် အာမခံချက်ပေးနိုင်လား။ အဲဒီမှာ ဘာမှမရှိဘူး။ စိုက်ဖို့မြေမရှိဘူး။
လယ်မရှိဘူး။ ငါတို့မပြောင်းဘဲ အရင်ကလို ဆက်လက်ရှင်သန်ရပ်တည်လို့ရရင် မပြောင်းတာက
ပိုကောင်းတယ်” 82
သူကဲ့သို့ ရွာသူရွာသားအားလုံးက ပြောင်းရွှေ့ရန် ဆန့်ကျင်ကြသည်တော့မဟုတ်။
အချို့ကတော့ သူတို့လိုချင်သည့်ပုံစံရလျှင် ပြောင်းမည်ဟုဆိုကြသည်။ ထိန်ကြီးမှ လယ်သမားတစ်ဦးက
“အခုလက်ရှိအခြေအနေ အဆင့်အတန်းထက် ပိုကောင်းမယ် ပိုမြင့်မယ်ဆိုမှ ပြောင်းမယ်။ ဒါကို
ဘယ်သူမှ တာဝန်မယူဘူးဆိုရင်တော့ မပြောင်းဘူး” ဟု စီမံကိန်းအကောင်အထည်ဖော်သူများက
ပြောင်းရွှေ့နေရာ ချထားမှုကို ကိုင်တွယ်နေပုံကို ရည်ညွှန်းပြီး ပြောဆိုသည်။83 စီမံကိန်းအကောင်အထည်
ပြောင်းရွှေ့နေရာချထားခြင်း 
ဖော်သူများက တာဝန်ယူမှုရှိမရှိ မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်မည် စသည့်တို့သည် သုတေသန
တလျှောက် လူတွေကြား အများဆုံးတွေ့ရသော စိုးရိမ်မှုများဖြစ်သည်။ တာဝန်ယူမှုနှင့်ဆိုင်သော
ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆကို လူတွေ့မေးမြန်းမှုများနှင့်အုပ်စုဖွဲ့ ဆွေးနွေးမှုများတွင် ထပ်ခါထပ်ခါ
တွေ့ရသည်။ ရွာသူရွာသားများအနေဖြင့် ငွေကြေးလျော်ကြေး နှင့် ဆုံးဖြတ်ချက်ချရာတွင်ပါဝင်ခွင့်
စသော နိုင်ငံရေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ လုပ်ပိုင်ခွင့်တွေအပြင် စီမံကိန်းကို မှန်မှန်ကန်ကန် ကိုင်တွယ်
စေလိုသော၊ စီမံကိန်းအကောင်အထည်ဖော်သူများအနေဖြင့် ရိုးရိုးသားသားဖြင့် သာတူညီမျှ နည်း
လမ်းဖြင့် ဆောင်ရွက်စေလိုသော၊ မျှမျှတတဖြစ်စေလိုသော ဆန္ဒများကိုလည်း တွေ့ရသည်။ ထိုကဲ့သို့
သော ကျင့်ဝတ်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းအရာများသည် နိုင်ငံရေး နှင့်ရုပ်ဝတ္ထုဆိုင်ရာ
အကြောင်းအရာများနှင့် သီးခြားစီဖြစ်တည်နေခြင်းမဟုတ်ဘဲ အပြန်အလှန် ဆက်စပ်လျက်ရှိသည်။
အချို့သော ရွာသူရွာသားများ၏ ပြောဆိုချက်အရ ပြန်လည်နေရာချထားမှုတွင် ဘာတွေ
ပါသလဲ ဆိုတာကို မသိရှိဘဲ သူတို့ရဲ့ မျှော်လင့်ချက် စိုးရိမ်ချက်တို့ကို အသေအချာ မပြောပြနိုင်ကြောင်း
တွေ့ရသည်။ ပရဒတ်မှ လယ်သမားတစ်ဦးကတော့ “သူတို့က ပြန်လည်နေရာချထားမယ့်နေရာ
သတ်သတ်မှတ်မှတ်မရှိသေးဘူး။ ဒီတော့ ဘယ်နေရာကို ငါတို့ကြိုက်တယ် ဘယ်နေရာကို မကြိုက်ဘူး
မပြောနိုင်ဘူး” ဟု ပြောသည်။ 84 “ပြောင်းဖို့ရွှေ့ဖို့ ဘာမှမပြောနိုင်ဘူး။ ဒါကို တစ်ယောက်တည်းက
ဆုံးဖြတ်လို့မရဘူး။ ၀ိုင်းဝန်းဆုံးဖြတ်ကြရမယ်။” 85ဟု ၀က်ချောင်းရွာမှ လယ်သမားတစ်ဦးကပြောသည်။
ဆုံးဖြတ်ချက်ချရာတွင် အများစုမှ ပါဝင်ရန်လိုအပ်ကြောင်း နားလည်သဘောပေါက်နေကြသည်ကို
ကြည့်ခြင်းအားဖြင့် ပြောင်းရွှေ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်တာ ဖြစ်ကောင်းဖြစ်နိုင်သည်ဆိုသော
ထုတ်ဖော်မပြောသည့် ပူပန်မှုကိုလည်း တွေ့ရသည်။ လက်ရှိအချိန်ထိတော့ ပြောင်းရွှေ့နေရာချထားမှုနှင့်
ပတ်သက်ပြီး ပြောစရာနည်းနည်းပဲရှိသည်။
အထက်ပါ လယ်သမားနှစ်ဦးမှ ပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီး မတင်မကျ ဖြစ်နေချိန်တွင်
ခမောင်းချောင်းမှ အုပ်စုတစ်စုကတော့ အခြေခံလိုအပ်ချက်တွေ ပြည့်မှီလျှင် ပြောင်းပေးမည်ဟု
ရှင်းလင်းပြတ်သားစွာဆိုသည်။ “ပြောင်းရင် တစ်ရွာလုံး ပြောင်းရမှာပဲ။ အများကြီးတော့ မမျှော်လင့်ဘူး။
ရင်လောက်မှန်းမှ ဒူးလောက်ရတယ်ဆိုတာလဲ ရှိတယ်လေ။” 86တရားဝင် ပြောင်းရွှေ့နေရာချထားရေး
လုပ်ငန်းစဉ်ဖြင့် ညှိနှိုင်းဆွေးနွေးကြမည်ဆိုလျှင်လည်း ရွာသူရွာသားများအနေဖြင့် မျှော်မှန်းတာတွေ
အကုန်လုံး ရလိမ့်မည် မဟုတ်ဟု သူမက ဆိုသည်။ မဖြစ်ရင်လည်း အံ့သြစရာမရှိဟု သူမကဆိုသည်။
ငွေရေးကြေးရေး အာမခံချက်ရှိလျှင် ပြောင်းရွှေ့ရေး လုပ်ငန်းစဉ်ကို လက်ခံဖို့သူမရဲ့ သဘောထားကို
ပြောရင်း “ဒါက လောဘကြီးတာမဟုတ်ဘူးနော်။ ငါ့မှာ ခြံလည်းများများစားစားမရှိဘူး”
ထိုအုပ်စုသည် စီမံကိန်းကို ထောက်ခံသည့်အုပ်စုအဖြစ် ယူဆရသည်။အခြားသော
လယ်သမားတစ်ဦးမှလည်း “ပြောင်းဖို့ဖြစ်လာရင် တအားကြီးပြောင်းချင်တယ် ဆိုတာတော့ မဟုတ်ဘူး။
ငါတို့ရွာ ငါတို့အိမ်တွေ ခြံတွေ ပြောင်းရမယ့်အထဲမှာ ပါရင်တော့ အတိုက်အခံလုပ်ပြီးလည်း မပြောဘူး။
ငါတို့ကို ကောင်းကောင်းမွန်မွန် ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်ပေးရင် ပြောင်းပေးမှာပဲ။ ငြင်းလို့လည်း
84IDI, Paradut, 30/8/17, male.
85IDI, Wetchaung, 31/10/17, female.
86FGD, Kamaungchaung, 13/10/17, female. 
မရဘူးလေ” ဟု ပြောသည်။87 ထိုမှတ်ချက်တစ်ခုတည်းတွင်ပင် အဓိပ္ပါယ်က အမျိုးမျိုး သက်ရောက်
နေသည်။ သင့်လျော်သောအခြေအနေ (ကောင်းကောင်းမွန်မွန် ဖြစ်သင့်ဖြစ်ထိုက်တာလုပ်ပေးရင်)
ပြောင်းမည် အတိုက်အခံမလုပ်ဟု ဆိုသော်လည်း (မလုပ်ပေးရင် အတိုက်အခံလုပ်မည်ဟု အဓိပ္ပါယ်
သက်ရောက်သော်လည်း) တစ်ဆက်တည်း အတိုက်အခံလုပ်လို့မရဘူး ဟုလည်း ပြောဆိုသည်ကို
တွေ့ရသည်။ ထိုသို့အလွယ်တကူ လက်လျှော့သည့် လေသံမျိုး နဘုလယ်ဒေသအတွင်း အခြားရွာသူ
ရွာသားများတွင်တော့ မတွေ့ရပါ။ စီမံကိန်းကိုလည်း ထောက်ခံသလို သူ့မှတ်ချက်အရ မပြောင်း
ချင်ဘူးဟုလည်း ပြောပြန်သည်။ မပြောင်းချင်ဘူးဆိုတာက စီမံကိန်းကို ကန့်ကွက်သည့် သဘောအနေဖြင့်
အခြားသူများ မြင်ကောင်းမြင်နိုင်မည်ဖြစ်သည်။ စီမံကိန်းကို အတိအလင်းထောက်ခံပြီး ပြောင်းလည်း
မပြောင်းချင်ဘူးဟု မှတ်ချက်ပေးသူကား ဤသုတေသနအတွင်း သိပ်မတွေ့ရပါ။
အထက်ပါမှတ်ချက်များသည် အနေအထားအမျိုးမျိုးကို ထင်ဟပ်နေသည်။ ပြောင်းရွှေ့
နေရာချထားမှုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည့် အနေအထား၊ လိုချင်တာရမှ (အခြေအနေ
အတိုင်းအတာ တစ်ခုအထိရမှ) ပြောင်းရွှေ့ရေးကို လက်ခံမည့် အနေအထား၊ သိပ်အများကြီး
မမျှော်လင့်ဘဲ ပြောင်းရွှေ့နေရာချထားမှုကို အလွယ်အကူလက်ခံမည့် အနေအထား စသဖြင့် တွေ့ရသည်။
ထိုကဲ့သို့သော အနေအထားများအရ ပြန်လည်နေရာချထားရေး အစီအစဉ်အပေါ် အပြင်းအထန်
ကန့်ကွက်သည့် အသံများ အချို့သော ဆွေးနွေးပွဲများတွင် ပေါ်ထွက်လာသည်မှာ အံ့သြစရာ မဟုတ်ပါ။
ထိုင်းနိုင်ငံတွင် ဆယ်နှစ်ကျော် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ဖူးသော မူဒူးမှ လူငယ်ခြံသမားတစ်ဦးက
“ကျွန်တော်တို့ရွာမှာ လူအများကြီးမရှိဘူး။ ဒါပေမယ့် ညှိဖို့တော်တော်ခက်တယ်။ သုံးပုံ တစ်ပုံလောက်ကပဲ
ပြောင်းရွှေ့ချင်တယ်။ မပြောင်းချင်တဲ့သူတွေက အခြားနေရာမှာ ခက်ခဲမှာကို စိုးရိမ်ကြတယ်။
ပြောင်းချင်တဲ့သူတွေအတွက်ရော နေရာသစ်မှာ အဆင်ပြေပါ့မလား။ သူတို့လူနေမှုအဆင့်အတန်းက ပို
ကောင်းလာမလား။ကျွန်တော်သိချင်တယ်'88ပြောင်းရွှေ့နေရာချထားသည် ချက်ချင်းလက်ငင်းဖြစ်လာမှာ
မဟုတ်သလို ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည်။ “အခြားနေရာတစ်ခုကို ပြောင်းမှာက
တစ်ရွာတည်းမဟုတ်ဘူး။” သူကဆက်လက်ရှင်းပြသည်။ “ပြောင်းရမှာက စုစုပေါင်း ခြောက်ရွာ ဆိုတာ
အချိန်တော့ ယူရလိမ့်မယ်။ လွယ်လည်းမလွယ်ဘူး။ လူတွေအများကြီးနဲ့ညှိနှိုင်းဆွေးနွေးကြရမှာဆိုတော့
အငြင်းပွားတာတွေလည်း အများကြီးဖြစ်လိမ့်မယ်။”
ပြောင်းရွှေ့နေရာချထားမှုကြောင့် ထားဝယ်တို့၏ အထင်ကရအဖြစ် သတ်မှတ်တန်ဖိုးထားကြ
သည့် ရိုးရာပွဲလန်းသဘင်များအပါအ၀င် နဘုလယ်ဒေသ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ပွဲတော်များအပေါ်
ကြီးစွာသော သက်ရောက်မှုရှိမည်ကို အခြားရွာသားများကဲ့သို့ သူကလည်း စိုးရိမ်ကြောင်းပြောပြသည်။
“ကျွန်တော်တို့ပြောင်းရရင် နဘုလယ်ခြေရာတော် ဘုရားပွဲလိုမျိုး ၊ ကျွဲမင်းပွဲတော်လိုမျိုး ပြန်မြင်ရဖို့
မသေချာတော့ဘူး။ ရိုးရာပွဲတွေ နတ်ပွဲတွေလည်း ရှိတော့မှာ မဟုတ်ဘူး” 89ထိန်ကြီးရွာမှ လယ်သမား
တစ်ဦးကတော့ နဘုလယ်၏ ၀ိသေသလက္ခဏာကို ထိန်းသိမ်းရန် အရေးကြီးသည့် အမြင်ကို
ပြောဆိုသည်။ “ငါကတော့ ဘ၀ါမြို့သစ်စီမံကိန်းကို လက်မခံဘူး။ နဘုလယ်နာမယ် ပျောက်သွားမှာ
မလိုလားဘူး။ ငါတို့က နဘုလယ်သားတွေ။”90မူဒူးရွာတွင်လည်း အသက်အတော်အတန်ကြီးပြီဖြစ်သည့်
အမျိုးသမီးတစ်ဦးကဗုဒ္ဓခြေတော်ရာ ဘုရားအကြောင်းပြောသည်။ “ဒါကရှေးဟောင်းဘုရား။ တန်ခိုးကြီး
တယ်။ ငါတို့ ပြောင်းရမယ်ဆို ဒါတွေက ထားခဲ့ရမှာ” 91ထိုကဲ့သို့ အရေးပါသည့် ရှေးဟောင်းသမိုင်းဝင်
87FGD, Kamaungchaung, 13/10/17, male.
88 FGD, Mudu, 3/10/17, male.
89Ibid.
90FGD, Hteingyi, 26/9/17, male. 



ငိမ်ငြိမ်ဖြင့် အသက်မွေးနေနိုင်သူ၊ လက်ရှိအချိန်ထိ စီမံကိန်း၏ ဆိုးကျိုးများကို မြင်တွေ့ခံစားရသူ ၊
ရပ်ရွာအတွင်း အချမ်းသာဆုံးမဟုတ်သော အလယ်အလတ်တန်းစား အုပ်စုများကတော့ ပြောင်းရွှေ့
နေရာချထားခြင်းကို သဘောတူလက်ခံဖို့ ဖြစ်နိုင်ချေ အနည်းဆုံးသူများဖြစ်သည်။ ထိုအုပ်စုအတွက်တော့
လျော်ကြေးသည် သိပ်ပြီးအရေးစိုက်စရာ မဟုတ်၊ လက်ရှိတည်ငြိမ်နေသော အသက်မွေးဝမ်းကြောင်းကို
စွန့်လွှတ်လိုက်ရလျှင် ဖြစ်ပေါ်လာမည့် နိမ့်ကျမှုများကိုလည်း ရှင်းရှင်းလင်းလင်း သဘောပေါက်လျက်
ပြောင်းရွှေ့ရမည့် နေရာအသစ်တွင် အသက်မွေးဝမ်းကြောင်းကို ပြန်လည်စတင်ရန်အတွက် လိုအပ်သော
အထောက်အကူ အဆက်အသွယ်များကလည်း မရှိသည့် အခြေအနေတွင်ရှိသဖြင့် ပြောင်းရွှေ့ရေးကို
ကန့်ကွက်ကြမည်ဖြစ်သည်။
ပြောင်းရွှေ့နေရာချထားမှုကို စနစ်တစ်ခုအဖြစ် နားလည်းသဘောပေါက်ရန်လိုအပ်သည်။
၎င်းသည် နိုင်ငံရေးနှင့် စီးပွားရေး စနစ်များအတွင်းရှိ လူအုပ်စုများအပေါ် ပိုမိုသက်ရောက်ပြီး တစ်ဦးတည်း
ထီးတည်းနေထိုင်သူများအား များစွာ သက်ရောက်မည်မဟုတ်ပေ။ ထိုစနစ်များသည် တနည်းအားဖြင့်
အချို့သော သူများကို ပိုမိုချမ်းသာလာစေပြီး အချို့သောသူများကို ပိုမိုဆင်းရဲသွားစေသည်။ အရင်းရှင်
စနစ်ဖွံ့ဖြိုးစအချိန် အထူးသဖြင့် ဈေးကွက်နှင့်ချိတ်ဆက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများ
ခေတ်စားလာသောအခါ နဘုလယ်အတွင်းရှိ လူ့အဖွဲ့အစည်းအကြား ဥစ္စာဓန ပါဝါအနိမ့်အမြင့်များ
ပိုမိုဖြစ်ပေါ် စေပြီး ထိုအချက်ကပင် အထူးစီးပွားရေးဇုန် အပေါ် သက်ရောက်မည်ဖြစ်သည်။94
လူတန်းစားအခြေအနေနှင့် ပြောင်းရွှေ့ရန်ဆန္ဒတို့အကြား ဆက်နွယ်မှုရှိသည်ဆိုသည့်
အယူအဆများကို တွေ့ဆုံမေးမြန်းမှုများနှင့် ဆွေးနွေးမှုများကလည်း ပိုမိုအားကောင်းစေသည်။
ခြံ၍ပြောရလျှင် အချမ်းသာဆုံး ရွာသူရွာသားများက လိုချင်သည့်အချက်များရလျှင် (အခြေအနေပေးလျှင်)
ပြောင်းချင်သည့် ဆန္ဒရှိကြသည်။ မြေအများကြီးပိုင်ဆိုင်သူများနှင့် ရွာအုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူများ
သည် အဆိုပါအုပ်စုတွင် ပါဝင်နိုင်ချေရှိပြီး စီမံကိန်းကို အတိအလင်းထောက်ခံကြသည်။ အချမ်းသာ
ဆုံးတွင်လည်းမပါ အဆင်းရဲဆုံးလည်း မဟုတ်သော လူလတ်တန်းစားများကတော့ ပြောင်းရွှေ့နေရာ
ချထားမှုကို ဆန့်ကျင်ကန့်ကွက်သည့် မှတ်ချက်များအပါအ၀င် စီမံကိန်းအပေါ် ဝေဖန်သည့် မှတ်ချက်
များသာ တောက်လျှောက်ပေးလာခဲ့သည်။
အဆင်းရဲဆုံးရွာသားအုပ်စုတွင် ပါဝင်သူများကိုတော့ ပြောင်းရွှေ့နေရာချထားခြင်းအား
အကောင်းမြင်သလား ဆိုတာတော့ ခွဲခြားဖို့ ပိုခက်သည်။ အကောင်းဘက်ကကြည့်လျှင် ပြောင်းရွှေ့
ခြင်းဖြင့် ၄င်းတို့ လက်ရှိကြုံတွေ့နေရသော လူမှုဘ၀အခြေအနေများမှ လွတ်မြောက်နိုင်ချေရှိသည့်
အခွင့်အလန်းတစ်ခုအနေဖြင့် ယူဆလို့ရသည်။ ရွာတစ်ရွာတွင် ငွေကြေးပြည့်စုံပြီး သြဇာရှိသူများက
ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်နီးစပ်သော သူများကဲ့သို့ စီမံကိန်းအပေါ် ထောက်ခံမှုကို အတိအလင်း
ပြသသည်။ 95 အဆိုပါရွာတွင် စီမံကိန်းနှင့် ပတ်သက်ပြီး ဝေဖန်ကန့်ကွက်သည့် သဘောထားမှတ်ချက်များ
ပေးသူကတော့ လူလတ်တန်းစားအုပ်စုမှ မဟုတ်။ ရပ်ရွာအတွင်း အဆင်းရဲဆုံးဟုဆိုသော အုပ်စုမှ
ဖြစ်သည်။ သူ့အတွက်တော့ နေရာအသစ်သည် သူနှင့်သူ့မိသားစု၏ အသက်မွေးဝမ်းကြောင်းကို
လက်ရှိမူလအနေအထားသို့ ပြန်လည်ထူထောင်ရန် ရုန်းကန်ရမည်ဖြစ်သောကြောင့်ဖြစ်သည်။
94For more on how the rise of cash crop agriculture can shape intimate class relations that lead
to dispossession, see Tania Murray Li (2014), Land’s End: Capitalist Relations on an Indigenous
Frontier, Durham, Duke University Press.
95Anonymity precaution. 
ထိုင်းမှာ သွားရောက်အလုပ်လုပ်ဖူးသော မူဒူးမှ ခြံသမားတစ်ဦး၏ မှတ်ချက်ကတော့
အချို့သော အကြောင်းအရာများကို ပိုရှင်းသွားစေသည်။ မူဒူးရွာရှိ အချမ်းသာဆုံးသူများထဲတွင်
မပါဝင်သလို အဆင်းရဲဆုံးအုပ်စုမှလည်း မဟုတ်သဖြင့် သူသည် အလယ်အလတ်တန်းစား အုပ်စုထဲတွင်
ပါဝင်သူဖြစ်သည်။ “ခြံကနေ ၀င်ငွေမရသူတွေကတော့ ပြောင်းချင်ကြတယ်။ ဒီမှာနဲ့ဟိုမှာ သိပ်မကွာ
ဘူးလေ။ ဒါပေမယ့် ချမ်းသာတဲ့သူတွေက ဒီမှာ မြေတွေအများကြီးရှိတယ်။ သူတို့စီးပွားရေးအခြေအနေက
အဆင်ပြေတယ်။ ဒီလိုလူတွေ သူတို့မြေတွေကို စွန့်ပြီး အခြားနေရာကိုသွားရင် လယ်မြေတို့ ခြံမြေတို့
ပြန်ရှာလို့မရတော့ဘူး”96 သူ့မှတ်ချက်စကားကို ကြည့်လျှင် လူတန်းစားနှင့် ပြောင်းရွှေ့ရန် ဆန္ဒတို့အကြား
ဆက်နွယ်မှုများကို တွေ့နိုင်သည်။ အောက်ခြေလူတန်းစားတွေအတွက် မြေနှင့်ပတ်သက်ပြီး နှောင်တွယ်မှု
ချည်နှောင်မှု ပိုနည်းသဖြင့် နေရာအသစ်သို့ပြောင်းလျှင် သူတို့၏ အသက်မွေးမှုကို များများစားစား
မထိခိုက်ဟု မှတ်ယူကြသည်။ တကယ်တော့ မြေယာမဲ့အလုပ်သမားများ ၊ သစ်တောထွက်ပစ္စည်းများအပေါ်
မှီခိုရှင်သန်ကြရသူများအပြင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူများ၊ စားသောက်ဆိုင်များ၊ အလှပြင်
ဆိုင်ဖွင့်ထားသူများလည်း ရှိသည်။ ထိုသို့ဆိုလျှင် ပြောင်းရွှေ့ရန် အစီအစဉ်ကို လက်ခံကြသူများနှင့်
လူတန်းစားအုပ်စုများအကြား ဆက်နွယ်မှုကား မေးခွန်းထုတ်စရာဖြစ်လာပြန်သည်။ ထိုနေရာတွင်
အဆင်းရဲဆုံးအုပ်စုတွင် မည်သူတွေကိုထည့်သွင်းမည်လဲ၊ ထိုသူတို့မှ အဘယ်ကြောင့် စီမံကိန်းကို
ထောက်ခံနေကြသလဲ ဆိုတာက မရှင်းမလင်းဖြစ်နေဆဲဖြစ်သည်။
မူဒူးမှ ခြံသမားတစ်ဦးက နောက်ထပ်အချက်တစ်ခုကို ထောက်ပြသည်။ မြေပိုင်ရှင်များ
အထူးသဖြင့် ချမ်းသာသူများတွင်လည်း ပြောင်းရွှေ့နေရာချထားရေးနှင့်ပတ်သက်ပြီး ပူပန်သောကများ
ရှိကြောင်း သူကဆိုသည်။ “သူတို့အနေနဲ့ နေရာအသစ်မှာ အသက်မွေးဝမ်းကြောင်းကို ပြန်လည်
တည်ဆောက်နိုင်မယ်လို့ ထင်လား။ အသက်မွေးဖို့ မြေကို ဘယ်လိုရှာဖွေကြမလဲ။” သူ့မှတ်ချက်က
ချမ်းသာသောအုပ်စုတွင်လည်း အချို့က စီမံကိန်းကို ဆန့်ကျင်နိုင်ချေရှိကြောင်း ဖော်ပြနေသည်။
နောက်တစ်ချက်မှာ ပြောင်းရွှေ့ ပြီးနောက် သူတို့၏ မြေယာအခြေပြု အသက်မွေးဝမ်းကြောင်းကို
ပြန်လည်တည်ဆောက်ဖို့အတွက် ရုန်းကန်ရမည့်သူများမှာ အချမ်းသာဆုံးသူများသာမက လူလတ်
တန်းစားများပါ ပါဝင်သည်။ လူလတ်တန်းစားဟု ဆိုရာတွင် မြေပိုင်ပြီး ထိုမြေမှ အသက်မွေးရန်
အကျိုးအမြတ်ရနေသူများ ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှုး၊ ကုန်သည်ပွဲစား စသည်တို့နှင့် မနီးစပ်သူများ
ဖြစ်သည်။ အခြားသော အုပ်စုဖွဲ့ဆွေးနွေးမှုများအတွင်း အထူးသဖြင့် ခမောင်းချောင်းရွာတွင် (ပရဒတ်၊
မူဒူးနှင့် ထိန်ကြီးလည်းပါဝင်သည်) အချမ်းသာဆုံးနှင့်သြဇာပါဝါ အရှိဆုံးရွာသူရွာသားများသည်
စီမံကိန်းနှင့် ပတ်သက်ပြီး တိတိကျကျဆိုရင်လျှင် ပြောင်းရွှေ့ရန် မယုံရဲရဲ ယုံရဲရဲ ဖြစ်နေကြသည်။
သို့သော်ငြား မြေပေါ်အမှီပြုသည့် လူလတ်တန်းစားအုပ်စုကတော့ စီမံကိန်းပြန်စမစကို အဆိုပါ
အချမ်းသာဆုံးလူအုပ်စုကဲ့သို့ စိတ်ဝင်တစားရှိကြသည်မဟုတ်ပေ။
အတိုချုပ်ဆိုရလျှင် ရပ်ရွာများအတွင်းရှိ လူမှုဖွဲ့စည်းတည်ဆောက်မှု ပုံစံရှိ အပေါ်ပိုင်းနှင့်
အလယ်ပိုင်း အုပ်စုများတွင် ပြောင်းရွှေ့နေရာချထားရေးနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းသော ရပ်တည်
ချက်များ ရှိကြောင်းတွေ့ရသည်။ အဆင်းရဲဆုံးအုပ်စုများတွင်တော့ ပြောင်းရွှေ့နေရာချထားမှုကို
လက်ခံမည် မခံဘူးဆိုသည့် ရှင်းလင်းသော ရပ်တည်ချက်ကိုတွေ့ရန် ခက်ခဲသည်။
96 FGD, Mudu, 17/10/17, male.
ပြောင်းရွှေ့နေရာချထားခြင်း 
97See for example The Myanmar Times (22/4/18), “Dawei SEZ Is for the Few, Not the Many,” The
Myanmar Times, available at https://www.mmtimes.com/news/dawei-sez-few-not-many.html (last
accessed 25/4/18).
အလုပ်အကိုင်
နိဒါန်း
မြန်မာအစိုးရဘက်မှ စီမံကိန်းအကောင်အထည် ဖော်သူများကတော့ အထူးစီးပွားရေး
ဇုန်ကြောင့်ဒေသနေ လူထုများ အကျိုးကျေးဇူးများမည်ဟုပြောဆိုသည်။ အထူးသဖြင့် စီမံကိန်း ဧရိယာ
အတွင်း အလုပ်အကိုင်အခွင့်အလန်းများစွာကို ဖန်တီးပေးလိမ့်မည်ဟု ဆိုသည်။ အလုပ်အကိုင်
ဖန်တီးပေးမည်ဆိုသည့်အချက်သည် မြန်မာအစိုးရ၏ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရခြင်း၏
အဓိကအကြောင်းပြချက်ဖြစ်သည်။97အထူးစီးပွားရေးဇုန်သည် ထားဝယ်ဒေသမှ လူတွေအတွက်
ဘယ်လို ကောင်းသည် ဘာကြောင့်ကောင်းသည်ဟု အစိုးရအနေဖြင့် အစဉ်တစိုက်ပြောဆိုရာတွင်
အလုပ် အကိုင်သည် ဗဟိုချက်နေရာတွင် တည်ရှိသည်။ သို့သော်လည်း အထူးစီးပွားရေးဇုန်
စီမံကိန်းသည် ဒေသနေလူထုအတွက် ရေရှည်အကျိုးဖြစ်ထွန်းသော အရည်အသွေးမြင့် အလုပ်အကိုင်များ
ဖန်တီး ပေးနိုင်မည်ဆိုသော ထင်ရှားသည့် သက်သေအထောက်အထားကား ကင်းမဲ့လျက်ရှိသည်။
ထားဝယ် အနီးအနားမှ ဒေသနေလူထုအမြောက်အများသည် မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် သွားရောက်
အလုပ် လုပ်ကိုင်လျက်ရှိရာ ထိုအကြောင်းပြချက်သည် နဘုလယ်ရွာသူရွာသားများအတွက်တော့
နားဝင်ချို လှသည်။ ဆိုရလျှင် စီမံကိန်းသည် ရွှေ့ပြောင်းအလုပ်သမားများကို အိမ်ပြန်ခေါ်နိုင်မည်ဟု
ရွာသူရွာသား အများစုက ယုံကြည်ကြသည်။ မိသားစုတွေ စုစုစည်းစည်းဖြင့် ပြန်လည်ပေါင်းဆုံနိုင်ပြီး
ထားဝယ်ဆိုသည့် လူမှုဝန်းကျင်ကို ပြန်လည်တည်ဆောက်နိုင်မည်ဟု မျှော်လင့်ကြသည်။
မိမိတို့အနေဖြင့် အခြားသော စက်မှုဇုန်စီမံကိန်းနှစ်ခု၏ အခြေအနေများကို နှိုင်းယှဉ်ခြင်း
အားဖြင့် အချို့သောရလာဒ်များကို ကောက်ချက်ချနိုင်မည်ဖြစ်သည်။ တစ်ခုမှာ အရှေ့တောင်အာရှ၏
အကြီးမားဆုံးသော စက်မှုဇုန်ဖြစ်သည့် ထိုင်းနိုင်ငံ အရှေ့ဘက်ရှိ ရေနံဓာတုစက်ရုံများဖြင့် ဖွဲ့စည်းထား
သော မတ်တဖွတ် စက်မှုဇုန်ဖြစ်ပြီး နောက်တစ်ခုမှာ ရန်ကုန်မြို့အနီးတည်ရှိသော သီလ၀ါအထူး
စီးပွားရေးဇုန်ဖြစ်သည်။ သီလ၀ါသည် မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်လျက်ရှိသော တစ်ခုတည်းသော
အထူးစီးပွားရေးဇုန်ဖြစ်သည်။ အဆိုပါ နေရာနှစ်ခုလုံးတွင် ရွှေ့ပြောင်းခံရပြီး အရင်းအမြစ်များလက်လွှတ်
ဆုံးရှုံးရသော တနည်းအားဖြင့် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအတွက် အလုပ်အကိုင်အခွင့်အလန်း
အနည်းငယ်သာရှိကြောင်း တွေ့ရသည်။ မတ်တဖွတ်တွင် ဒေသခံများကို အလုပ်ပေးခြင်းအား
ကာလအတန်ကြာ တရားမ၀င် ကန့်သတ်ထားခဲ့ကြောင်း ဒေသနေလူထုနှင့်ပြည်သူ့လူ့အဖွဲ့အစည်းများမှ
အစီရင်ခံခဲ့ကြသည်။ အကြောင်းမှာ ဇုန်အတွင်း အမှန်တကယ်ဖြစ်ပျက်နေတာတွေကို ဒေသနေလူထုအား
ပေးမသိစေချင်သောကြောင့် ဖြစ်သည်။ ဒေသနေလူထုကို အလုပ်ခန့်ပါက ပြဿနာပိုများပြီး အတိုင်
အတောပိုထူသောကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။မတ်တဖွတ်စက်မှုဇုန်အတွင်းရှိ အလုပ်
သမားအများစုမှာ အခြားဒေသမှ အလုပ်သမားများဖြစ်ပြီး ကျွမ်းကျင်လုပ်သားများကိုသာ အလုပ်ခန့်ထား
ကြောင်း ဒေသနေလူထုခေါင်းဆောင်များနှင့် ပြည်သူ့လူ့အဖွဲ့အစည်းများမှ ဖော်ထုတ်ကြသည်။ 
98 This claim is frequently raised in cross-border and regional discussions of SEZs in Myanmar,
Thailand, and the Mekong region more broadly.
99 FGD, Thilawa, 20/1/18, mixed; FGD, Thilawa, 21/1/18, male.
100 See S.H. Alatas (1977), The Myth of the Lazy Native: A Study of the Image of the Malays,
Filipinos, and Javanese from the 16th to the 20th Century and Its Function in the Ideology of Colonial
Capitalism, London, Routledge; Jan Breman (1990), labor Migration and Rural Transformation in
Colonial Asia, Amsterdam, Free University Press; Tania Murray Li (2011), “Centering Labor in the
Land Grab Debate,” Journal of Peasant Studies 38(2):281-298; Li (2014); and Ann Laura Stoler
(1986), Capitalism and Confrontation in Sumatra’s Plantation Belt, 1870-1979, Ann Arbor, University of
Michigan Press. Li (2011: 286) and (2014: 170) provide the main citations here.
မတ်တဖွတ်နှင့် ထားဝယ်ကဲ့သို့သော စီမံကိန်းများတွင် ကျွမ်းကျင်လုပ်သားများသာ လိုအပ်မည်ဖြစ်သည်။
98 သီလ၀ါတွင် လည်း လူပေါင်း ၃၀၀ ကျော်ပြောင်းရွှေ့ခဲ့ပြီး အများဆုံး ၁၇ ယောက်အထိသာ
ဇုန်အတွင်းတွင် အလုပ်ရကြောင်း သိရသည်။ ရွှေ့ပြောင်းခံကြရသူများမှာ မပြောင်းခင်ကအလုပ်အကိုင်
အခွင့်အလန်းများရရှိမည် ကတိက၀တ် ရှိခဲ့သော်လည်း မရခဲ့ကြကြောင်း ပြောဆိုကြသည်။
ရရှိသောအလုပ်များမှာလည်း သန့်ရှင်းရေး နှင့် လုံခြုံရေး ကဲ့သို့သော လူကြိုက်နည်းသည့်
နိမ့်ပါးသောရာထူးနေရာ များသာဖြစ်သည်။ သီလ၀ါတွင် အလုပ်သမားအများအပြားလိုအပ်သော ထုတ်
လုပ်ရေးလုပ်ငန်းများတွင်တောင်မှ ဒေသခံများ အလုပ်မရကြဘဲ ရွှေ့ပြောင်းအလုပ်သမားများနှင့်
ကျွမ်းကျင်ပညာရှင်များ၊ စီမံခန့်ခွဲနိုင်သည့် နည်းပညာ ရှင်များအတွက်သာ အလုပ်အကိုင်ရှိသည်ကို
တွေ့ရှိရသည်။99
သမိုင်းမှတ်တမ်းမှတ်ရာများကလည်း စီမံကိန်းအကောင်အထည်ဖော်သူများ ကြွေးကြော်နေ
သော အလုပ်အကိုင်ဖန်တီးပေးရေး အယူအဆကို သံသယ၀င်စေသည်။ ကိုလိုနီခေတ်မှ လက်ရှိ
ကာလအထိ အရှေ့တောင်အာရှရှိ သီးနှံတစ်မျိုးသာစိုက်ပျိုးသည့် စိုက်ခင်းကြီးများ၊ ပြည်ပကိုကုန်ပစ္စည်း
များတင်ပို့သည့် စက်ရုံကြီးများ စသည့် လုပ်သားအင်အားအများအပြားလိုအပ်သော စီးပွားရေးလုပ်ငန်းစီ
မံကိန်းများတွင် အများအားဖြင့် ရွှေ့ပြောင်းအလုပ်သမားများဖြင့် လုပ်ဆောင်ကြသည်။ 100ရွှေ့ပြောင်း
အလုပ်သမားများမှ တောင်းဆိုသော လုပ်ခလစာများသည် ပုံမှန်အားဖြင့် နည်းပါးကြပြီး ကိုင်တွယ်
ထိန်းချုပ်ရန်လည်း လွယ်ကူသောကြောင့် ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းများက
ဒေသနေလူထုကို အပျင်းထူသော၊ ပညာမတတ်သော၊ စက်ရုံအလုပ်နှင့် မကိုက်ညီသော လူတန်းစား
အဖြစ် မြင်ကြသည်။
ထားဝယ်တွင်လည်း စီမံကိန်းတည်ဆောက်စဉ် ကာလအတွင်း ရေတို အလုပ်အကိုင်
အခွင့်အလန်းများ ရုတ်ချည်းတိုးပွားလာနိုင်သော်လည်း ပြောင်းရွှေ့ခံရမည့်သူများ (သို့မဟုတ်)
ဒေသနေလူထုအနေဖြင့် တည်ငြိမ်သော၊ ရေရှည်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်ရရှိရေး အာမခံချက်ပေးဖို့
ခက်လိမ့်မည်။ အရင်းအနှီးများပြီး နည်းပညာကိုအခြေပြုသော ရေနံဓါတုစီမံကိန်း (petrochemical
project ) များတွင် လုပ်သားလိုအပ်မှုမှာ များစွာနည်းပါသလို နည်းပညာမြင့် ကျွမ်းကျင်ပညာရှင်များသာ
လိုအပ်သည်။ သီလ၀ါအထူးစီးပွားဇုန်တွင် ဒေသနေလူထုကို အလုပ်အကိုင်အမြောက်အများ ဖန်တီး
ပေးရန် ပျက်ကွက်ခဲ့သလို ထားဝယ်တွင်လည်း ကွဲပြားသောရလာဒ် ရရှိလာစရာ အကြောင်းမမြင်သေးပါ။
အလုပ်အကိုင်
101 See for example Partha Chatterjee (2008), “Democracy and Economic Transformation in India,”
Economic and Political Weekly 43(16):53-62; Li (2011, 2014); and Kalyan Sanyal (2007), Rethinking
Capitalist Development: Primitive Accumulation, Governmentality, and Post-Colonial Capitalism.
အာရှနှင့်အာဖရိကတ၀ှမ်းရှိ ကျေးလက်ဒေသများတွင် အကြီးစားမြေသိမ်းဆည်းမှုများကြောင့်
ကျေးလက်မြေယာလုပ်သားများမှာ သူတို့၏ မြေယာများကို လက်လွှတ်ဆုံးရှုံးနေရသည်။ ပြောင်းရွှေ့
နေရာချထားခံရသော လယ်သမားများ၏ အနည်းငယ်သော ရာခိုင်နှုန်းကသာ စက်မှုလုပ်ငန်းများတွင်
ပုံမှန် ၀င်ရောက်လုပ်ကိုင်နိုင်သည်။ မျက်မှောက်အခြေအနေတွင် ကမ္ဘာ့ဈေးကွက်အပြောင်းအလဲနှင့်
အတူ ကြုံရာကျပန်းလုပ်ကိုင်ရသည့် (စာချုပ်စာတမ်းဖြင့်မဟုတ်ဘဲ နီးစပ်ရာနေရာများတွင် အဆင်ပြေ
သလို လုပ်ကိုင်ရသည့်လုပ်သား)သည် စက်မှုလုပ်ငန်းများမှ လုပ်သားများ (စာချုပ်ဖြင့် တရားဝင်
ခန့်အပ်သည့်လုပ်သား)ပမာဏ ထက်တိုးတက်လာနေသည်။ လယ်သမားများမှာ ၄င်းတို့၏ မြေယာ
လက်လွတ်ဆုံးရှုံးမှုနှင့်အတူ ကြုံရာအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်ကြရသည်။ ပညာရှင်များကတော့
ထိုအခြေအနေကို ဖယ်ထုတ်ခြင်းတစ်ရပ်အဖြစ် မြင်ကြသည်။ အရှေ့တောင်အာရှနှင့်တောင်အာရှ
နိုင်ငံများတွင် ဖွံဖြိုးရေးအပေါ် ရှုမြင်သုံးသပ်မှုများနှင့် အတူ လယ်ယာမှ စက်မှုသို့၊ လယ်သမားမှ
လုပ်သားသို့ ဆိုသည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး လယ်ယာမြေများကို စွန့်ခွာလျက်ရှိသည်။
101ထိုလမ်းကြောင်းသည် လယ်သမားများအား ၄င်းတို့၏ လယ်မြေများကို ပိုမိုလက်လွတ်ဆုံးရှုံးစေပြီး
စက်မှုလုပ်ငန်းများတွင်လည်း (တရားဝင်စာချုပ်စာတမ်းဖြင့် ခိုင်မာသော) အလုပ်အကိုင်ရရှိရန်
ခက်ခဲလာနေသည် တွေ့ရသည်။
အစောပိုင်း အထူးစီးပွားရေးဇုန် စီမံကိန်းအလုပ်အကိုင်အခြေအနေ
အချက်အလက်ရရှိမှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြောင်းအရာများကဲ့သို့
နဘုလယ်ဒေသ ရွာအသီးသီးတွင် အလုပ်အကိုင်နှင့်ပတ်သက်ပြီး မတူကွဲပြားသော ပုံစံများရှိသည်။
ငပိဒတ်၊ မူဒူးနှင့်ထိန်ကြီး ရွာသူရွာသားများသည် စီမံကိန်းမရပ်ဆိုင်းမီ အစောပိုင်းကာလများတွင်
စီမံကိန်းတွင် အလုပ်လုပ်ရန် အခွင့်အလန်းရှိခဲ့ကြသည်။ ပရဒတ်၊ ၀က်ချောင်းနှင့်ခမောင်းချောင်းတွင်မူ
ရွာသူရွာသားများအနေဖြင့် အလုပ်အကိုင်နှင့် ပတ်သက်သောရှုထောင့်မှ ဆွေးနွေးကြစဉ် အတွေ့အကြုံ
များများစားစားမရှိကြောင်း သုတေသနကာလအတွင်းတွေ့ရသည်။ အစောပိုင်းစီမံကိန်းလုပ်ငန်းများတွင်
ဝက်ချောင်းနှင့်ခမောင်းချောင်းမှ သွားရောက်လုပ်ကိုင်မည့် ရွာသူရွာသားများ နည်းပါးသည်။
အီတာလျံကုမ္ပဏီ ရုံးခန်းနှင့် စက်ပစ္စည်းများ တည်ရှိရာ အထူးစီးပွားရေးဇုန်၏ အချက်အချာနေရာနှင့်
ထိုနှစ်ရွာသည် ဝေးကွာပြီး စီမံကိန်းအစောပိုင်းကာက အလုပ်သမားများအား ငှားရမ်းလုပ်ကိုင်သည့်
နေရာနှင့် လည်း အလှမ်းကွာသည်။ ပရဒတ်၊ ငပိဒတ် ၊ ထိန်ကြီးနှင့် မူဒူးရွာတို့မှာ ပိုနီးသည်။
စီမံကိန်းအစောပိုင်းကာလ သွားရောက်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများကား အမျိုးစုံ
လှသည်။ လစာကောင်းကောင်းဖြင့် အလုပ်ရရန် စီမံကိန်း က အရေးကြီးကြောင်းအချို့ ကဆိုသည်။
ထိန်ကြီးရွာမှ အသက်အတန်ကြီးသော ရွာသားတစ်ဦးက “ရွာကနေ စီမံကိန်းဆိုဒ်ထဲ နေ့ဆိုင်းသွား 
102FGD, Hteingyi, 24/10/17, male.
103FGD, Hteingyi, 24/10/17, mixed.
104FGD, Ngapidat, 28/9/17, male.
105 FGD, Hteingyi, 24/10/17, male.
106 FGD, Hteingyi, 24/10/17, male.
လုပ်တဲ့လူငယ်လေးတွေ စည်းကမ်းပိုကောင်းလာကြတယ်” ဟု ၂၀၀၉ မှ ၂၀၁၂ အတွင်း စီမံကိန်း
အစောပိုင်းကာလ အခြေအနေကို ပြောပြသည်။ 102 အခြားတစ်ဦးကတော့ အဆိုးမြင်သည်။ အလုပ်အတူ
တူလုပ်ရပြီး ထိုင်းအလုပ်သမားများက မြန်မာအလုပ်သမားများထက် လုပ်ခလစာပိုရသည်ကို သူက
ထောက်ပြသည်။ ခွဲခြားဆက်ဆံခံနေရသည်ကို သူကမြင်သည်။ ထိန်ကြီးရွာမှရွာသားက ဆက်ပြော
သည်မှာ “ထိုင်းအလုပ်သမားက တစ်လ လစာ ငါးသိန်းလောက်ရတဲ့အချိန် မြန်မာအလုပ်သမားက
တစ်သိန်းခွဲပဲရတယ်။ အလုပ်ကအတူတူပဲ။ ဒါပေမယ့် လစာကတော့ လုံးဝကို ကွာခြားတယ်”103
ငပိဒတ်ရွာတွင် ငါးမဖမ်းသမားတစ်ဦးမှလည်း သူ၏အတွေ့အကြုံကို အလေးပေးပြောဆိုသည်။
စီမံကိန်းအကောင်အထည်ဖော်သူများမှ ဒေသအလုပ်သမားများကို ဦးစားပေးအလုပ်ခန့်မည်ဟု
ပြောဆိုသော်လည်း လက်တွေ့တွင် အထူးသဖြင့် အလုပ်ကြမ်းအလုပ်များအတွက် ငှားရမ်းသော
အလုပ်သမားအများစုမှာ မြန်မာပြည်အထက်ပိုင်းမှ ရွှေ့ပြောင်းလုပ်သားများသာ ဖြစ်သည်ဟု
သူကထောက်ပြသည်။ “တကယ်လို့ အလုပ်ရှိရင် ဒေသကလူတွေကို အရင်ဦးစားပေးမယ်။
ဒေသကလူတွေ မလုပ်မှ အခြားနေရာက လူတွေကို ငှားမယ်လို့ အစကပြောတယ်။ ဒါပေမယ့်
တကယ်အလုပ်ခန့်တော့ ရွာခံတွေ ကိုဦးစားမပေးဘူး ။ သွားပြောတဲ့ သူနည်းနည်းလေးပဲ အလုပ်ရတယ်”
104
ရွှေ့ပြောင်းလုပ်သားများ ပြန်လာရေးမျှော်လင့်ချက်
သုတေသနပြုလုပ်သော ရွာအားလုံးနီးပါးမှ ရွာသူရွာသားများမှာ ထိုင်းနိုင်ငံတွင် အများဆုံး
သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး မလေးရှားတွင် အလုပ်လုပ်နေသူများလည်းရှိသည်။ အကယ်၍
စီမံကိန်း ပြန်စလျှင် ပြည်ပတွင် လုပ်ကိုင်စားသောက်နေကြသော သူတို့၏ မိသားစု သူငယ်ချင်းများ
ပြန်လာကြမည်ဟု မျှော်လင့်နေကြသည်။ လက်ရှိ နဘုလယ်ဒေသတွင်း အလုပ်အကိုင်အခြေအနေသည်
နိုင်ငံခြားတွင် သွားရောက်မလုပ်ကိုင်ဘဲ ဖူလုံသော လူနေမှုဘ၀ကို မရရှိနိုင်ဟု နားလည်ယူဆကြသည်။
ထိုအချက်ကို ထိန်ကြီးရွာတွင် ပြုလုပ်သော ဆွေးနွေးမှုတွင် တောက်လျှောက်တွေ့ရသည်။
စီမံကိန်း ပြန်လည် စတင်လျှင် “ထိုင်းမှာ အလုပ်သွားလုပ်စားနေတဲ့ သူတွေပြန်လာလိမ့်မယ်။ သူတို့
မိသားစုတွေနဲ့ ပြန်ပြီးပေါင်းစည်း ကြရမယ်” 105 ဟု ခြံသမားတစ်ဦးက ပြောသည်။ ပဲခူးမြို့မှ ရွှေ့ပြောင်း
လာသည့် စီမံကိန်းဧရိယာအတွင်း လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသည့် ရွာသား
တစ်ဦးကလည်း ဆက်လက်ရှင်းပြသည်။ “ထိုင်းမှာက သူတို့အတွက် အလုပ်ရှိတယ်လေ။ ဒီမှာက
စားဖို့တောင် အနိုင်နိုင်ဆိုတော့ နှစ်တိုင်း နှစ်တိုင်း ထိုင်းကို တဖြည်းဖြည်းနဲ့ သွားနေကြတာပဲ။” 106ဟု
နဘုလယ်ကို ရောက်လာပြီးကတည်းက သူ့အတွေ့အကြုံကို ပြောပြသည်။
အလုပ်အကိုင်
ရွှေ့ပြောင်းအလုပ်သမားများ ပြန်လာလိမ့်မည်ဆိုသည့် ယုံကြည်ချက်ကိုစွဲကိုင်လျက်
ပြန်လာနိုင်မည့် အခြေအနေကို မျှော်လင့်ကြသည်။ ပရဒတ်ရွာသားများကလည်း စီမံကိန်းပြန်စလျှင်
ရွှေ့ပြောင်းအလုပ်သမားများ အိမ်ပြန်လာကြမည်ကို ယုံကြည်ကြောင်း ပြောဆိုသည်။ ဆိုင်ကယ်ပြင်သည့်
အလုပ်ကို လုပ်သည့် ရွာသားတစ်ဦးကမူ ထိုသို့ပြန်လာဖို့ဆိုလျှင် လုပ်ခလစာတိုးပေးဖို့လိုကြောင်း
ထောက်ပြသည်။ “စီမံကိန်းပြန်စလို့ လူတွေအလုပ်ရရင် လစာကတော့ မြင့်မှဖြစ်မယ်။ ဒါမှ ထိုင်းမှာ
အလုပ်လုပ်နေတဲ့ သူတွေ ပြန်လာမှာ” 107 သူက ပြောသည်။ အခြား ခြံသမားတစ်ဦးကလည်း အထူး
စီးပွားရေးဇုန် ရှိလျှင် လူတွေ အခြားကိုထွက်သွားဖို့ လိုမည် မဟုတ်သော်လည်း ထိုကဲ့သို့သော
ဇုန်များသည် အန္တရာယ်ကင်းဖို့တော့ လိုကြောင်းပြောသည်။ သူ၏ သားသမီးအချို့မှာ ထိုင်းနိုင်ငံတွင်
သွားရောက်အလုပ်လုပ်နေကြသည်။ “ ငါ့သားနဲ့ သမီးက ဒီမှာ ဘာအလုပ်မှ မရှိဘူး။ ဒါကြောင့် အခြား
နိုင်ငံမှာ အလုပ်သွားလုပ်နေကြရတယ်။ ဒီမှာ စက်မှုဇုန်တွေရှိပြီး အန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်လို့ရရင်
တခြားသွားစရာအကြောင်းမရှိဘူး” 108
မူဒူးရွာသူရွာသားများကလည်း အလုပ်မရှိသည့် အပေါ် စိုးရိမ်မှုများကို ထပ်မံပြောဆိုကြသည်။
သမီးများ ထိုင်းတွင် သွားရောက်အလုပ်လုပ်နေသည့် ရွာသားတစ်ဦးမှ “ဟိုမှာဘာလို့ အလုပ်သွားလုပ်
သလဲဆိုတော့ ဒီမှာ အလုပ်မရှိဘူးလေ။ သူတို့က ဒီမှာ အမေနဲ့ အတူတူနေချင်ကြတယ်။ ဒါပေမယ့်
ဒီပြန်လာရင် သူတို့အတွက် ဘာအလုပ်မှ မရှိဘူးလေ”109ဟု ဆိုသည်။ ရွာအုပ်ချုပ်ရေးမှုးတစ်ဦးမှလည်း
စီမံကိန်းသည် အလုပ်အကိုင်မရှိသည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု သူ၏ အမြင်ကို နောက်ပိုင်းတွေ
ပြောဆိုသည်။ “အလုပ်ရှိရင် ထိုင်းကလူတွေ ပြန်လာကြလိမ့်မယ် ။ ကုမ္ပဏီတွေက အလုပ်ပေးဖို့ပဲလိုတယ်။
လစာကတော့ ထိုင်းမှာရတာနဲ့ သိပ်ကွာမှာမဟုတ်ဘူး။ နည်းနည်းကွာရင်တောင် ဒီပြန်လာပြီး
လုပ်ကြလိမ့်မယ်” သူက ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။ 110
ထိုင်းနိုင်ငံတွင် နှစ်အတော်ကြာသွားရောက်လုပ်ကိုင်ပြီး ပြန်လာကြသည့် လူငယ်တစ်စုဖြင့်
ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတစ်ခုတွင်မူ ကျေးရွာအုပ်ချုပ်ရေးမှုး၏ အမြင်နှင့် မတူသော ရှုထောင့်မှ
ဆွေးနွေးသည်။ ထိုင်းနိုင်ငံတွင် ဆယ်နှစ်ခန့် သွားရောက်အလုပ်လုပ်ကိုင်ဖူးသည့် လူငယ်တစ်ဦးက
အတွေ့အကြုံရတာပဲ အဖတ်တင်ကြောင်းဆိုသည်။ ရရှိသောအခွင့်အလန်းနှင့် လစာများသည်
စာရွက်စာတမ်းကြေး နှင့် ရဲတွေ၏ အနိုင်ကျင့်နှောင့်ယှက်မှုတွေအတွက် တော်တော်ရုန်းကန်ခဲ့ရကြောင်း
သူကဆိုသည်။ ထိုကဲ့သို့သော စိန်ခေါ်မှုများသည် ထိုင်းတွင်သွားရောက်လုပ်ကိုင်သူများ ကြုံတွေ့
ရလေ့ရှိသော စိန်ခေါ်မှုများဖြစ်သည်။ သူ့အတွေ့အကြုံကို ပြန်တွေးရင်း “ဟိုမှာက ကြိုးစားရင်
ကြိုးစားသလောက် ဖြစ်ထွန်းတယ်။ ကြိုးစားပမ်းစားရှာရင် တစ်ရက်ကို ဘတ် ၃၀၀ (၉ဒေါ်လာခွဲ) ကနေ
၃၁၀ အထိရတယ်။ လုပ်ရင် လုပ်သလောက်ရတယ်။ ဆယ်နှစ်လောက်ဆို တော်တော်စုမိပြီ” ဟု
သူကဆိုသည်။ 111“ထိုင်းမှာက လျှပ်စစ်မီးရှိတော့ အရိပ်ထဲမှာပဲ လုပ်ကြရတာများတယ်။ ဒီမှာက
နေပူကြီးထဲမှာလုပ်ကြရတာ” ဟု ဆွေးနွေးပွဲရှိ အခြားသူများပြောသလို သူကလည်းပြောသည်။ ထို့အပြင်
107IDI, Paradut, 30/8/17, male.
108 IDI, Paradut, 9/10/17, male.
109 IDI, Mudu, 17/10/17, female.
110 FGD, Mudu, 17/10/17, male. 
111FGD, Mudu, 3/10/17, male.
112 Ibid.
113FGD, Ngapidat, 28/9/17, female.
114 Ibid.
115 FGD, Ngapidat, 28/9/17, male.
ထိုင်းတွင် မြန်မာမှာလို ပညာအရည်အချင်း ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတွေ မည်သူမှ
မတောင်းကြောင်း သူကထပ်ပြောသည်။ “ဒီမှာတော့ ပညာမတတ်ရင် အလုပ်ရှာရတာ မလွယ်ဘူး။
ဒါကြောင့်ပြန်လာဖို့ ဆို တော်တော်လေး စဉ်းစားကြတယ်။ လူနည်းစုလောက်ပဲ ပြန်လာလိမ့်မယ်လို့
ထင်တယ်။ အတော်များများကတော့ပြန်လာကြမှာ မဟုတ်ဘူး ” ဟု သူ့အမြင်ကို ထုတ်ပြောသည်။
“ဒီမှာတော့ လူတွေကမေးနေကြတာပဲ၊ သိလား။ ရေနက်ဆိပ်ကမ်းမှာ လူခေါ်နေပြီလား။ ပြန်မစသေးဘူး
လားလို့။” 112
ငပိဒတ်ကျေးရွာမှ အုပ်စုတစ်စုကတော့ စီမံကိန်းပြန်စလျှင် အလုပ်ပြန်ရမရ သံသယဖြင့်
အတွေးပွားနေကြသည်။ အထူးသဖြင့် စီမံကိန်းအစောပိုင်းကာလများတွင် ကတိပေးသလောက်
မဟုတ်ခဲ့သော်လည်း ငပိဒတ်ရွာသားအချို့အလုပ် ရခဲ့ကြသည်။ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သော
အမျိုးသမီးနှစ်ဦးက မတူညီသော အမြင်များကို ဖွင့်ဟခဲ့ကြသည်။ အမျိုးသမီးတစ်ဦးက “စီမံကိန်းပြန်စရင်
ထိုင်းမှာ အလုပ်သွားလုပ်နေသူတွေ ပြန်လာလိမ့်မယ်။ မိသားစုနဲ့ ကလေးတွေနဲ့ခွဲပြီး ဘယ်သူမှ
မနေချင်ကြဘူး” ဟု သူမက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ သူမ၏အဆိုအရ ရွာသားတစ်ဝက်
လောက်မှာ ထိုင်းတွင် လုပ်ကိုင်စားသောက်နေကြသည်ဟုဆိုသည်။ 113ငပိဒတ်ကျေးရွာတွင် ပြုလုပ်ေ
သာအခြားဆွေးနွေးမှုတစ်ခုတွင် စီမံကိန်းအစပိုင်းကာလများတွင် ငပိဒတ်ရွာသားများမှာ အလုပ်တွေ
အများကြီး ရကြသည်ဟု သူမကဆိုသည်။ စီမံကိန်းပြန်စလျှင် အလားတူပြန်ဖြစ်မည်ဟု သူမက
မျှော်လင့်သည်။ “အရင်ကဆို ငါတို့ရွာကို ဦးစားပေးတယ်။ တစ်ရွာလုံးနီးပါး အလုပ်ရကြတယ်။ ဒါကြောင့်
စီမံကိန်းပြန်စလျှင်လည်း ငါတို့ရွာကို ပြန်ပြီးဦးစားပေးမယ်လို့ မျှော်လင့်တယ်” အခြားအမျိုးသမီး
တစ်ဦးမှလည်း သူမ၏သားများသည် စီမံကိန်းတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း ပြောပြသည်။ သို့သော်
စီမံကိန်းဆိုင်းငံ့သွားသောအခါ ၄င်းတို့ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ပြောင်းရွှေ့သွားကြသည်။ “လွန်ခဲ့တဲ့
ငါးနှစ်က သားတွေ ဆိုက်ထဲမှာ အလုပ်လုပ်ကြတယ်။ စီမံကိန်းရပ်သွားတော့ ထိုင်းမှာ အလုပ်သွား
လုပ်နေကြတယ်”114
ရွာသူရွာသားများ၏ မှတ်ချက်အတော်များများအရ စီမံကိန်းလုပ်ငန်းနှင့် ထိုင်းနိုင်ငံသို့
ရွှေ့ပြောင်းလုပ်ကိုင်သူ တိုးများလာခြင်းအကြား တိုက်ရိုက်ဆက်စပ်မှုမရှိဟု ဆိုကြသည်။ ၄င်းတို့၏
မိသားစုဝင်များနှင့် မိတ်ဆွေများသည် လွန်ခဲ့သော နှစ်များအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်
လုပ်ကိုင်နေကြသည်ဟု ဆိုသော်လည်း စီမံကိန်းသည် ပြောင်းရွှေ့မှုကို ဖြစ်စေသည်ဟု တိုက်ရိုက်ပြော
ဆိုနိုင်ခြင်းမရှိဟု ဆိုသည်။ ငပိဒတ်ရွာသားတစ်ဦးကတော့ စီမံကိန်းနှင့် ရွှေ့ပြောင်းအလုပ်သမားကြား
အဆက်အစပ်ကို ပြောပြသည်။ စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသူများ စီမံကိန်း ရပ်ဆိုင်းသောအခါ
ဝင်ငွေရရှိဖို့ ထိုင်းနိုင်ငံသို့ သွားရောက်ကြကြောင်း သူကဆိုသည်။ 115 စီမံကိန်းကြောင့် မဟုတ်လျှင်လည်း
ထိုင်းနိုင်ငံသို့ သွားကောင်းသွားနိုင်သည်။ သို့သော် ရွာသားများ၏အဆိုအရ စီမံကိန်းဝင်ရောက်လာ
သောအခါ အလုပ်အကိုင်များ ပွင့်လန်းလာပြီး ပိုမိုမြင့်မားသော ၀င်ငွေနှင့် လူနေမှုပုံစံများကို
မျှော်လင့်လာကြသည်။ စီမံကိန်းမရှိတော့သည့်အခါ ထိုကဲ့သို့ မျှော်မှန်းချက်များ ပြည့်မီရန်ခက်လာပြီး
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြရတော့သည

ဖြည့်စွက်ချက် ၄ - ထားဝယ်မှ ရွှေ့ပြောင်းအလုပ်သမားများနှင့်
ဘန်ကောက်တွင် အုပ်စုဖွဲ့ဆွေးနွေးခြင်း
နဘုလယ်ဒေသအတွင်း အထူးစီးပွားရေးဇုန်နှင့်အလုပ်အကိုင် အဆက်အစပ်
ဆွေးနွေးမှုများ ပြုလုပ်ခဲ့စဉ် အများဆုံးကြားရသည့် အကြောင်းမှာ ထိုင်းနိုင်ငံတွင်သွားရောက်
လုပ်ကိုင်နေသူတွေ အကြောင်းဖြစ်သည်။ ၄င်းတို့၏ လုပ်ခလစာနှင့် အလုပ်ခွင်အခြေအနေ၊
ရွှေ့ပြောင်းရသည့် အကြောင်းရင်း၊ အကယ်၍ စီမံကိန်း ပြန်စလျှင် ရွာသို့ပြန်မပြန်
စသည့်အကြောင်းအရာတို့ကား တ၀ဲလည်လည်ဖြစ်နေသည့် မှတ်ချက်များ ပင်ဖြစ်သည်။
ထို့ကြောင့် သုတေသနအဖွဲ့အနေဖြင့် ထားဝယ်မှ ရွှေ့ပြောင်းအလုပ်သမားများနှင့်
ဘန်ကောက်တွင် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ 118ရွှေ့ပြောင်းအလုပ်သမား သုံးယောက်အား
တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး ဘန်ကောက်မြို့လယ်ရှိ ဈေးများတွင် အလုပ်လုပ်နေကြသူများ
ဖြစ်သည်။ သူတို့မှာ လူငယ်အမျိုးသားများ ဖြစ်ကြပြီး သုံးယောက်စလုံးသည် ထိုင်းနိုင်ငံတွင်
ဆယ်နှစ်ကျော် နေထိုင်လုပ်ကိုင်လာကြသူများ ဖြစ်သည်။ ထိုတွေ့ဆုံမှုသေးသေးလေးသည်
ထားဝယ်မှ ထိုင်းနိုင်ငံတွင် လုပ်ခလစာ နည်းပါးစွာဖြင့် လာရောက်လုပ်ကိုင်နေကြသော
ထောင်ချီသည့် ရွှေ့ပြောင်းအလုပ်သမားအားလုံးကို ကိုယ်စားပြုမည်တော့ မဟုတ်ချေ။
ထားဝယ်မှ ရွှေ့ပြောင်းလုပ်သားအများစုသည် ဘန်ကောက်အပြင်ဘက် မဟာချိုင်ရှိ
ပင်လယ်ထွက်ကုန်များ ထုပ်ပိုးသည့်စက်ရုံကဲ့သို့သော စက်ရုံများတွင် အလုပ်လုပ်
ကိုင်နေကြသည်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမား သုံးဦးက အထူးစီးပွားရေးဇုန် ဆက်လက်
အကောင်အထည်ဖော်စေရန် အားသန်သည်။ သူတို့ သုံးယောက်စလုံးက ထားဝယ်သို့
ဘာဖြစ်ဖြစ် မကြာမီပြန်တော့မည်ဟုဆိုသည်။ အထူးစီးပွားရေးဇုန်တွင် ၀င်ရောက်
လုပ်ကိုင်ခြင်းထက် သူတို့ စုဆောင်းထားငွေများဖြင့်ကိုယ်ပိုင်စီးပွားရေး ပြန်လုပ်မည်ဟု
ပြောဆိုသည်။ အထူးစီးပွားရေးဇုန်အား သူတို့၏ အလုပ်အကိုင်အခွင့်အလန်းနေရာအဖြစ်
မမြင်ကြသော်လည်း အခြားသော ရွှေ့ပြောင်းအလုပ်သမားအနေဖြင့် စိတ်ဝင်တစား
ရှိကြမည်ဟု သူတို့ကယူဆသည်။ သူတို့သုံးဦးထက်မှအသက်အကြီးဆုံး တစ်ယောက်မှ
ထိုင်းနိုင်ငံသို့၂၀၀၄ ခုနှစ်ကတည်းက ရောက်ရှိခဲ့သည်။ သူကတော့ ရွာပြန်ဖို့
အဆင်သင့် ဖြစ်နေပြီ ဟုပြောသည်။ အထူးစီးပွားရေးဇုန်ကြောင့် သူတို့ဒေသအတွက်
လိုအပ်သော အလုပ်အကိုင်တွေရရှိလာမည်ဟု ပြောဆိုသည်ကို အခြားသူတို့ကလည်း
ခေါင်း တငြိမ့်ငြိမ့်ဖြင့် လက်ခံကြသည်။ အခြားတစ်ယောက်ကလည်း သဘော
တူကြောင်း ပြောသည်။ လူတွေအလုပ်လိုနေကြတယ်ဟု သူက ရှင်းပြသည်။ မဟာချိုင်
အပါအ၀င် ဘန်ကောက်ရှိ ရွှေ့ပြောင်းအလုပ်သမားများအကြား အထူးစီးပွားရေး
ဇုန်အကြောင်း ဆွေးနွေးနေကြကြောင်း သူကပြောဆိုသည်။ စီမံကိန်းအကြောင်းကို
လူတွေက ဆိုရှယ်မီဒီယာတွေ ကတဆင့် လေ့လာနေကြသလို အချို့ကလည်း
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကဲ့သို့သော အထူးစီးပွားရေးဇုန်၏ဆိုးကျိုးများကို
လေ့လာနေကြသည်။ သို့သော် ထိုသုံးယောက်ကတော့ စီမံကိန်းနှင့်ပတ်သက်ပြီး
ရွှေ့ပြောင်းလုပ်သားတွေ စီမံကိန်းကြောင့် ရွာပြန်ရမည်ဟု အကောင်းမြင်ကြသည်။
118 FGD, Bangkok, 29/1/18, male.
အလုပ်အကိုင်

အလုပ်အကိုင်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ
အထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလန်းအပေါ် များစွာ
မျှော်လင့်နေကြသော်လည်း (ထိုမျှော်လင့်ချက်ကား မှန်ချင်လည်းမှန်မည်။ မှားချင်းလည်း
မှားမည်။) အဆိုပါ အလုပ်အကိုင်များသည် မည်သို့ ဖြစ်လာမလဲ မည်သူတွေအတွက်လဲ
စသဖြင့်စိုးရိမ်ပူပန်မှုများကို ရွာသားများက ထုတ်ဖော်ပြောဆိုကြသည်။ အလုပ်အကိုင်က
ဒေသနေလူထုအတွက်ဖြစ်မှာလား ။ အခြားနေရာက ရွှေ့ပြောင်းလာသူတွေ (ထားဝယ်သူ
ထားဝယ်သားတွေ မဟုတ်ဘဲ မြန်မာပြည်အထက်ပိုင်းကဲ့သို့သော အခြားနေရာမှ
ပြောင်းရွှေ့လာသူများ)အတွက်လား ဆိုသည့် အဓိကအချက်တစ်ခုကား ဆွေးနွေးခဲ့ပြီး
ဖြစ်သည်။ စီမံကိန်း စတင်အကောင်ဖော်ခဲ့စဉ်ကာလက မြန်မာအလုပ်သမားနှင့် ထိုင်း
အလုပ်သမားများအကြား လုပ်ခလစာ ခွဲခြားဆက်ဆံသည့် အချက်အပေါ် ရွာသူရွာသား
များ၏ မကျေမနပ် ဖြစ်နေသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသည်။ ငပိဒတ်ရှိ
အလုပ်သမားအသင်းမှ ခေါင်းဆောင်တစ်ဦးက စီမံကိန်းပြန်လည်စတင်လျှင်
သူတို့ပြုလုပ်မည့်အစီအစဉ်ကို ပြောပြသည်။ “စီမံကိန်းပြန်စရင်တော့ အလုပ်သမား
အားလုံး လုပ်ခလစာ တန်းတူရအောင် သမဂ္ဂအနေနဲ့ ကူညီပေးမယ်” ဟု ဆိုသည်။
119နောက်ထပ်မံထောက်ပြသည့် အချက်ကား အလုပ်သမားများအတွက် သယ်ယူ
ပို့ဆောင်ရေးဖြစ်သည်။ အထူးကျယ်ပြန့်လှသော အထူးစီးပွားရေးဇုန် ဧရိယာအတွင်း
တစ်နေရာမှ တစ်နေရာသို့ မည်ကဲ့သို့သွားရောက်မလဲ ဆိုသည့် စိုးရိမ်ချက်ကိုလည်း
ပြောဆိုကြသည်။ ”ငါတို့အလုပ်သမားတွေ အလုပ်ကနေ အိမ်ကို သွားဖို့လာဖို့ ခက်တယ်။
အစိုးရအနေနဲ့ ပိုပြီးအဆင်ပြေမယ့် သက်တောင့်သက်သာဖြစ်မယ့် အစီအစဉ်တွေ
လုပ်ပေးရင်တော့ ကောင်းမယ်” ဟုဆိုသည်။ 120 ၀က်ချောင်းရွာမှာ ခြံသမား
တစ်ဦးကလည်း ဖြစ်နိုင်ချေရှိသော ပြောင်းရွှေ့နေရာချထားမှုနှင့် ချိတ်ဆက်ပြီး
အလားတူပြောသည်။ “အဆင်ပြေရင်တော့ ကောင်းတာပေါ့၊ ဒီရွာကနေ အခြားနေရာကို
ပြောင်းလိုက်ရရင် အလုပ်သွားဖို့ပိုခက်လိမ့်မယ်။ အလုပ်ကဒီမှာ ငါတို့က အခြား
တစ်နေရာဆိုရင် ဘယ်လို ရှာဖွေစားသောက်ကြမလဲ။ ပိုခက်ခဲမှာပေါ့” 121
အထူးသဖြင့် ခြံသမားများအနက် အနည်းစုသာ အထူးစီးပွားရေးဇုန်မှာ
အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင် စားကြကြောင်း တွေ့ရသည်။ သုတေသနပြုလုပ်ရာတွင်
ပါဝင်ခဲ့သော ခြံသမားများမှာ သက်လတ် ပိုင်းများနှင့် သက်ကြီးပိုင်းများဖြစ်သည်။
119IDI, Ngapidat, 28/9/17, male.
120 Ibid.
121 IDI, Wetchaung, 31/10/17, female. 


အသက်အရွယ်အပိုင်းအခြားနဲ့ ပတ်သက်ပြီး သီလ၀ါတွင်လည်း အလားတူ စိုးရိမ်မှုများရှိ
သည်။ သက်ကြီးပိုင်း လယ်သမားများအတွက် အထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင်အခွင့်အလန်း
အနည်းငယ်သာရှိကြောင်း နားလည်ကြသည်။အဆိုပါ အချက်ကပင်လျှင် စီမံကိန်းနှင့်ပတ်သက်ပြီး
အများစု စိုးရိမ်သည့်အချက်ဖြစ်သည်။ သို့သော်လည်း အုပ်စုဖွဲ့ဆွေးနွေးမှုတစ်ခုတွင် လယ်သမားများက
သူတို့၏ သားသမီးများအတွက် အထူးစီးပွားရေးဇုန်မှ အလုပ်အကိုင်အခွင့်အလန်းများ ဖန်တီးပေး
နိုင်မည်ဟု မျှော်လင့်ကြသည်။124
ကျားမကဏ္ဍ
နိဒါန်း
မြန်မာနိုင်ငံတွင် အကြီးစားဖွံဖြိုးရေးစီမံကိန်းကြီးများနှင့် စက်မှုလုပ်ငန်းများအကြောင်း
ဆွေးနွေးကြရာတွင် အစိုးရ၊ ပြည်သူ့လူ့အဖွဲ့အစည်းနှင့် ပညာရှင်များအကြား လူမှုလိင်ကဏ္ဍအား
အသေးစိတ်လေ့လာဆွေးနွေးမှု နည်းပါးကြသည်။ မြေယာသိမ်းဆည်းမှု၊ ပြောင်းရွှေ့နေရာချထားမှုနှင့်
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့သည် ထားဝယ်ရှိ ပြည်သူ့လူ့အဖွဲ့အစည်းများ အမြဲတစေ
ထုတ်ဖော်ပြောဆိုကြသော စိုးရိမ်ပူပန်မှုတို့ဖြစ်သည်။ လူမှုလိင်ကဏ္ဍနှင့် ပတ်သက်၍ ကြီးကြီးမားမား
မဟုတ်ရင်တောင်မှ အစဉ်တစိုက်လေ့လာနေသော သုတေသနများလည်းရှိသည်။ ကျားမရေးရာ
တန်းတူညီမျှရေး ကွန်ယက် Gender Equality Network (GEN) မှ ထုတ်ဝေသော ထားဝယ်
အထူးစီးပွားရေးဇုန်အပါအ၀င် ဒေသတွင်း စက်မှုလုပ်ငန်းများနှင့်ကျားမကဏ္ဍအကြား ဆက်နွယ်မှုများကို
လေ့လာထားသည့် မူဝါဒေရေးရာစာတမ်းတစ်စောင် နှင့် ထားဝယ်အမျိုးသမီးသမဂ္ဂ၏ ကျွန်မတို့ဘဝ
ရောင်းရန်မဟုတ် အစီရင်ခံစာတို့သည် လူမှုလိင်နှင့် ပတ်သက်ပြီး ဆွေးနွေးပြောဆိုစရာ အချက်များ ကို
အထောက်အကူပြုသည်။125
ကျားမ ကဏ္ဍသည် သတင်းအချက်အလက် ရရှိမှု ၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်
အခွင့်အလန်း စသည့် အကြောင်းအရာများနှင့် အချင်းချင်း တွယ်ယှက်ဆက်စပ်လျက်ရှိသည်။ဤအခန်း
တွင် အကြောင်းအရာ တစ်ခုချင်းစီနှင့် စက်မှုဖွံ့ဖြိုးရေး၏ ကျားမ ရှုထောင့်နှင့် သြဇာပါဝါ အာဏာ
တို့အကြား အဆက်အစပ်တို့ကို ခြုံငုံမိစေရန် ကြိုးစားထားသည်။ 
126 IDI, Mudu, 17/10/17, female; IDI, Mudu, 17/10/17, female; IDI, Wetchaung, 31/10/17, female.
127IDI, Mudu, 17/10/17, female.
128 FGD, Hteingyi, 24/10/17, female; KII, TWU, 10/11/17, female.
129FGD, Hteingyi, 24/10/17, male.
ကျားမ ကဏ္ဍနှင့်သတင်းအချက်အလက်ရရှိမှု
အစောပိုင်းတွင် ဖော်ပြထားခဲ့သလို နဘုလယ်ဒေသတွင် သတင်းအချက်ရရှိမှုသည် ရပ်ရွာ
အတွင်း သြဇာပါဝါ ဓနဥစ္စာ အနိမ့်အမြင့် နှင့် ကျားမကဏ္ဍတို့ အပေါ် များစွာမူတည်နေသည်။ အာဏာနှင့်
ဝင်ငွေ ပိုရှိသော အများအားဖြင့် အမျိုးသားများသည် သတင်းအချက်အလက် ပိုမိုရရှိကြသည်။
ပါဝါနှင့်ဝင်ငွေနိမ့်ပါသူများ အထူးသဖြင့် အမျိုးသမီးများတွင် သတင်းအချက်အလက်ရရှိမှု နည်းပါကြ
သည်။ အချို့သောရွာသူရွာသားများကတော့ အချက်အလက်များသည် သူ့အလိုအလျောက် စုစည်း
လည်ပတ်ကြကြောင်းဆိုသည်။ မူဒူးနှင့်ဝက်ချောင်းကျေးရွာများတွင် ပြုလုပ်ခဲ့သော လူတွေ့မေးမြန်းမှုများ
တွင် ယေဘုယျအားဖြင့် အမျိုးသမီးအတော်များများက စီမံကိန်းနှင့်ပတ်သက်သော အချက်အလက်များကို
စိတ်မ၀င်စားကြကြောင်း ဖြေဆိုကြသည် 126 နှစ်အတော်ကြာရပ်ဆိုင်းလျက်ရှိသောကြောင့်လည်း
ပါသည်။ အမျိုးသားများသည် အမျိုးသမီးများထက် စီမံကိန်းနှင့် ပတ်သက်သော အချက်အလက်များကို
လေ့လာ လိုက်စားဖို့ အားသန်ကြသည်ဟု အမျိုးသမီးများက ဆိုသည်။ အဆိုပါအချက်အရ ကျားမ
အကြား သတင်းအချက်ရရှိမှု ကွာခြားမှုသည် စိတ်ဝင်စားမှုအဆင့် ကွာခြားမှုကြောင့် ဖြစ်နိုင်သည်။ 127
ရွာသူရွာသားမျာ၏ မှတ်ချက်များအရ တရားဝင်သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့်
အလွတ်သဘော အချက်အလက်ဖြန့်ဝေခြင်းတွင်လည်း မညီမျှသည့်ပတ်ဝန်းကျင်အခြေအနေရှိကြောင်း
ဆိုသည်။ တရားဝင် ပြုလုပ်သော အစည်းအဝေးများတွင် ဥပမာအားဖြင့် ရွာအုပ်ချုပ်ရေးမှုးက
ဦးဆောင်ဖိတ်ကြားသည့် စီမံကိန်းညှိနှိုင်းအစည်းအဝေးများတွင် အမျိုးသမီးများထက် အမျိုးသားများက
ပိုမိုတက်ရောက်ကြသည်။ 128လူမှုရေး လုပ်ငန်းများမှ တစ်ဆင့်ဖြစ်စေ၊ တခါတရံ ပွဲစားကဲ့သို့သော
လူများမှ တဆင့်ဖြစ်စေ၊ အများပြည်သူမသိရှိသော စီမံကိန်းအချက်အလက်များ လက်ဆင့်ကမ်း
ဖြန့်ဝေခြင်းဖြစ်စေ အလွတ်သဘော သတင်းအချက်အလက်များ ဖြန့်ဝေရာတွင်လည်း အမျိုးသားများက
အမျိုးသမီးများထက် အချက်အလက်များ ပိုမိုရရှိပုံရသည်။
ရွာသူရွာသားများ၏ အသိပညာ အနိမ့်အမြင့်ကလည်း အကျိုးနှင့်အပြစ်ကို ဖြစ်စေသည်။
ထိန်ကြီးရွာသားတစ်ဦး၏ အဆိုအရ “ဟိုသွားဒီသွား ဟိုဝင်ဒီထွက် လုပ်နိုင်တဲ့ သူက လျော်ကြေးပိုရတယ်”
ဟု သတင်းအချက်အလက်ရရှိမှု နှင့် လျော်ကြေးအကြောင်းကို ပြောပြသည်။ အုပ်ချုပ်ရေးအပိုင်းတွင်
ဖြစ်စေ၊ လူမှုရေး ၊ ဘာသာရေး လုပ်ငန်းများတွင်ဖြစ်စေ ၊ စီးပွားရေးလုပ်ငန်းအရဖြစ်စေ ရပ်ထဲရွာထဲ
ကျားမကဏ္ဍ
လူတောတိုးနိုင်သည့် သူများက အချက်အလက်များ ပိုမိုရရှိသည့် သဘောဖြစ်သည်။ “အိမ်မှာ
နေတဲ့သူကတော့ လျော်ကြေးဘယ်လိုညှိရမှန်းမသိဘူး။” ထိုအချက်များကား လူမှုလိင် (ကျားမကဏ္ဍ)နှင့်
မည်သို့ မည်မျှ အဆက်အစပ်ရှိမည်ကို အဖြေရှာကြရမည်ဖြစ်သည်။129ဘယ်သူတွေက ဟိုသွားဒီသွား
လုပ်နိုင်တယ် ဘယ်သူတွေက ဟိုသွားဒီသွားမလုပ်နိုင်ဘူးဆိုသည့်အချက်မှာလည်း ဆွေးနွေးငြင်းခုံစရာ
ဖြစ်သည်။ သို့သော်လည်း အာဏာပါဝါ လုပ်ပိုင်ခွင်ပုံစံနှင့် လူမှုလိင် (ကျားမကဏ္ဍ) အနိမ့်အမြင့်ကြား
အဆက်အစပ်ရှိသည်ကိုကား သံသယရှိစရာ မလိုပါ။ လူကြားထဲ လူရိုသေရှင်ရိုသေဖြစ်သူ အများစုမှာ
အမျိုးသားများဖြစ်သည်။ ထိုသူတို့မှာ သတင်းအချက်အလက် ပိုမိုရရှိကြသည်။ ထိုမှတဆင့်
လျော်ကြေးလုပ်ငန်းစဉ် အတွက် အကျိုးအမြတ်များကို ရရှိကြသည်။
“ထိုင်းမှာဆို ယောင်္ကျားရော မိန်းမရော အလုပ်သွားလုပ်လို့ရတယ်။ ဒီမှာက
ယောင်္ကျားပဲ အလုပ်ရှိတယ်။ မိန်းမက အလုပ်မရှိဘူး”
ထိန်ကြီးရွာသားတစ်ဦး

အခြားသောအရင်းအမြစ်များကို အခြေပြုသော (Desk research)နှင့်လူတွေ့မေးမြန်းမှုများကလည်း
အဆိုပါ တွေ့ရှိချက်များကို ခိုင်မာအောင် ပံ့ပိုးလျက်ရှိသည်။ ထားဝယ်အမျိုးသမီး သမဂ္ဂ၏ သုတေသနအရ
“ဒေသနေလူထုမှာ စီမံကိန်းနှင့်ပတ်သက်သော အချက်အလက်များများစားစား မရရှိကြပါ။
ထိုအခြေအနေတွင် အမျိုးသမီးများမှာ အမျိုးသားထက် အချက်အလက်ရရှိမှု နည်းပါးသည်ကိုတွေ့ရသည်။
အဓိကအားဖြင့် စီမံကိန်းနှင့် ပတ်သက်သော တွေ့ဆုံပွဲများကို အမျိုးသားများသာ တက်ရောက်ကြသည်။
အမျိုးသမီးများက ဘူဒိုဇာများ သူတို့မြေများကို လာရောက်ရှင်းလင်းမှ စီမံကိန်းအကြောင်း သိကြသည်”
130 စီမံကိန်းများနှင့် ပတ်သက်သောအချက်အလက်များကို တွေ့ဆုံပွဲများမှတဆင့် ဖြန့်ဝေကြသည်ဟု
ဆိုသော်လည်း အမျိုးသမီးများ အစည်းအဝေးတက်ဖို့ အားမပေးကြသလို မျှော်လည်း မမျှော်လင့်ကြပါ။
စီမံကိန်းနှင့် ပတ်သက်ပြီး အမျိုးသမီးများ အချက်အလက် မရရှိကြောင်းကို ပရဒတ်မှ ခြံသမားတစ်ဦး၏
မှတ်ချက်ပြုရာတွင် မြေအသိမ်းခံရမှ စီမံကိန်းအကြောင်း ကြားဖူးသည်ဟု ဆိုသည်။ “စီမံကိန်းစတုန်းက
ဘယ်သူ့ကို မှ အကြောင်းမကြားဘူး။ သူတို့တွေ (ကုမ္ပဏီ) ၀ုန်းဆိုရောက်လာပြီး မြေတွေဝယ်ကြတယ်။
အချို့ကို သိန်း ၂၀ ပေးတယ်။ အချို့ကို သိန်း ၃၀ ပေးတယ်။ အချို့ကို သိန်း ၅၀ ပေးတယ်။” 131
130TWU (2014: ii).
131 IDI, Paradut, 9/10/17, female. 
132 FGD, Ngapidat, 28/9/17, female.
133KII, TWU, 10/11/17, female.
134FGD, Kamaungchaung, 19/12/17, male.
135 KII, TWU, 10/11/17, female.
ကျားမ ကဏ္ဍ နှင့်အသက်မွေးဝမ်းကြောင်း
အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်၍ အထူးစီးပွားရေးဇုန်သည် အမျိုးသားနှင့် အမျိုးသမီးကို
ခြားနားစွာ သက်ရောက်မှု ရှိမရှိ ရွာသူရွာသားများက ချက်ချင်းတော့ မပြောကြပါ။ သို့သော် ခရုကောက်
သည့် အသက်မွေးဝမ်းကြောင်းကို အမျိုးသမီးအများစုက လုပ်ကိုင်ကြပြီး မြေယာဝယ်ယူသိမ်းဆည်းမှု
များနှင့် ဒီရေတောများသို့ သွားလာခွင့် ပိတ်ပင်ခံရခြင်းကြောင့် ခရုကောက်သည့် အလုပ်ကို
များစွာထိခိုက်စေသည်။ စီမံကိန်းပြန်လည်စတင်လျှင် ရှပ်ခရုများ ရှားပါးသွားမည်ကို ရွာသူရွာသားများက
စိုးရိမ်ကြသည်။ “ စီမံကိန်း ပြန်စရင် ရှပ်ခရု ဂဏန်းတွေ ပျောက်ကွယ်သွားတော့မယ်။ ဒါတွေရှာစားပြီး
ငါတို့ရှင်သန်လာကြတာ။ ဒါတွေမရှိတော့ရင် ဘာနဲ့စားကြမလဲ” ဟု ငပိဒတ်မှ အမျိုးသမီးတစ်ဦးက
ပြောသည်။132
ခရုကောက်သည့်အလုပ်မှလွဲ၍ အမျိုးသမီးများနှင့် ဆက်နွယ်သော အခြားအသက်မွေးမှု
အကြောင်းများကိုတော့ ရွာသူရွာသားများက ပြောဆိုကြခြင်းမရှိပါ။ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ကြသူ
များတွင် အမျိုးသမီး နှင့်အမျိုးသား အတူတကွ လုပ်ကိုင်ကြပြီး အလုပ်တာဝန်များလည်း
ခွဲဝေရယူကြသည်။ အမျိုးသားများအနေဖြင့် သီးနှံများ စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းကဲ့သို့သောအလုပ်
တာဝန်များအပြင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြရသည်။
အမျိုးသမီးများမှာ သီးနှံများကို အမျိုးအစားခွဲခြင်း၊ ထုတ်ပိုးခြင်း နှင့်တခါတရံ ရောင်းချခြင်း တို့ကိုလုပ်
ကိုင်ရသည်။133ထိုအကြောင်းအရာက ကျားမ ကဏ္ဍအကြား အလုပ်ခွဲခြားထားခြင်းကို ခြံသမားများက
ရှင်းပြခြင်းဖြစ်သည်။ 134စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်ချေရှိသော ကျားမကဏ္ဍ ထိခိုက်လွယ်မှု နှင့်
အမြတ်ထုတ်မှုများ ကို အသေးစိတ် သုတေသနလုပ် လေ့လာရန် လိုအပ်ပါသေးသည်။ ကလေးထိန်း
ချက်ပြုတ် သန့်ရှင်းရေး ကဲ့သို့သော အိမ်ထောင်မှု အလုပ်တာဝန်များကို အဆိုပါ ပုံစံတွင်
ထည့်သွင်းထားခြင်းမရှိပါ။ အမျိုးသမီးများမှာ ထိုကဲ့သို့သော လုပ်ငန်းတာဝန်များ ယူကြရပြီး
အများအားဖြင့်တော့ ထိုလုပ်ငန်းတာဝန်များကို အလုပ်အဖြစ် အသိအမှတ်ပြုခြင်း မခံရပါ။ အကယ်၍
ပြောင်းရွှေ့နေရာချထားမှုများ ဖြစ်ပေါ်လာလျှင် နေရာအသစ်တွင် ကြုံတွေနိုင်ချေရှိသော စီးပွားရေးနှင့်
မိသားစုအရေး ၀န်ထုပ်ဝန်ပိုးများကြောင့် ထိုလုပ်ငန်းတာဝန်များအတွက် ပိုမိုအခက်ကြုံလာမည်ကို
စိုးရိမ်ကြသည်။135
ကျားမကဏ္ဍ
မြေယာနှင့် ၀င်ငွေအပေါ် ထိန်းချုပ်နိုင်မှု ကလည်း နဘုလယ်ရှိ အသက်မွေးဝမ်းကြောင်း
အလေ့အကျင့်နှင့် ကျားမကဏ္ဍ အကြား နှီးနွယ်မှုများကို ဖြစ်ပေါ်စေသည်။ မြေအသုံးချခွင့် နှင့်
မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းများကို အမျိုးသားများ၏ အမည်ဖြင့်သာ ပြုလုပ်ကြလေ့ရှိပြီး
သေဆုံးတာဖြစ်ဖြစ် ကွဲကြကွာကြတာဖြစ်ဖြစ် မြေယာမှတ်ပုံတင်ကဲ့သို့သော ပိုင်ဆိုင်မှုများကို အမျိုးသား
မှ အမျိုသမီးအမည်သို့ ပြောင်းလျှင် ပုံမှန်ထက်ခက်ခဲ့ကြသည်။ (စီမံကိန်းစတင်ကတည်းက
နဘုလယ်ဒေသတွင် ပုံစံ ၇ ထုတ်မပေးတော့ပါ)။ အမျိုးသမီးအားလုံးကတော့ မြေပိုင်ဆိုင်မှုအပေါ်
ထိုသို့ခွဲခြားမှုအပေါ် ပြောဆိုကြခြင်း မရှိသော်လည်း အမျိုးသမီးတစ်ဦးကတော့ ထိုအချက်ကို
ငြင်းဆိုခဲ့သည်။ အသေးစိတ်မေးမြန်းမှုများနှင့် အခြားသုတေသနရလာဒ်များအရ မြေကို အများအားဖြင့်
အမျိုးသားများက ပိုင်ဆိုင် ထိန်းချုပ်သည်မှာ မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသည်ဟုဆိုသည်။
ထို့အပြင် လျော်ကြေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သော အချက်အလက်များကို အမျိုးသားများက
ပိုရရှိပြီး လျော်ကြေးအပေါ် ညှိနှိုင်းဆွေးနွေးမှုနှင့်ဆုံးဖြတ်ချက်ချရာ ကဏ္ဍများတွင် အမျိုးသားများက
ပိုမိုပါဝင်ကြကြောင်း သိရသည်။ ရလာဒ်အနေဖြင့် လျော်ကြေးပေးလျှင် ငွေကြေးလက်ခံရရှိသူများမှာ
အများအားဖြင့် အမျိုးသားများသာဖြစ်သည်။
ထားဝယ်အမျိုးသမီးသမဂ္ဂမှ ပြုလုပ်ခဲ့သော သုတေသနတွင်လည်း အလားတူတွေ့ရှိချက်များကို
တွေ့ရသည်။ မြေယာနှင့်သက်ဆိုင်သော စာရွက်စာတမ်းများတွင် သူတို့၏ အမည်များမပါရှိခြင်းက
နဘုလယ်ရှိ အမျိုးသမီးများမှာ ၄င်းတို့၏ မြေများအပေါ် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်မှ
ဖယ်ထုတ်ထားခြင်း ခံရနိုင်ချေရှိသည်။136အမျိုးသမီးများက နိမ့်ပါးသော လျော်ကြေးအပေါ် သဘော
မတူသော်လည်း သူတို့၏ အမျိုးသားက လက်ခံဖို့ ဆုံးဖြတ်လိုက်လျှင် သူတို့အနေဖြင့် ဘာမှ
မတတ်နိုင်ကြောင်း ဆိုသည်။ လျော်ကြေးပေးလျှင်လည်း ပုံမှန်အားဖြင့် အမျိုးသမီးများထက်
အမျိုးသားများက လျော်ကြေးကို ထုတ်ယူကြကြောင်း ဆိုသည်။ “အမျိုးသမီးအနည်းစုသာ လျော်ကြေးကို
လက်ခံရရှိသေးတယ်။ အများအားဖြင့်တော့ လျော်ကြေးကို အမျိုးသားတွေလက်ထဲ ထည့်ပေးတာ
များတယ်။ ဘာလို့လဲဆိုတော့ မြေတွေကသူတို့နာမယ်နဲ့လေ။” အချို့သော အမျိုးသားများသည်
ထိုရရှိသော လျော်ကြေးများကို အိမ်မှ မိသားစုဝင်များနှင့်တိုင်ပင်ခြင်းမရှိဘဲ သုံးဖြုန်းလိုက်ကြကြောင်း
တွေ့ရသည်။ ပညာရေးအခွင့်အလန်း သည်လည်း အမျိုးသားနှင့်အမျိုးသမီးများ အကြား မညီမျှကြောင်း
ထားဝယ်အမျိုးသမီး သမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ နဘုလယ်တွင် ယောင်္ကျားလေးများသည်
မိန်းကလေးများထက် အတန်းပညာကို ပိုမိုသင်ယူခွင့်ရကြသည်။ ထို့အပြင် ပြောင်းရွှေ့နေရာချထားသည့်
အခြေအနေတွင် အမျိုးသားများသည် အမျိုးသမီးများထက် အသက်မွေးဝမ်းကြောင်းအပြောင်းအလဲကို
လက်ခံကျော်လွှားဖို့ ပြင်ဆင်ခွင့်ရကြသည်။137
136TWU (2014: 13-14).
137TWU (2014: 16-17). 
138IDI, Paradut, 30/8/17, male.
139FGD, Hteingyi, 24/10/17, male.
140 IDI, Mudu, 17/10/17, female.
141FGD, Mudu, 3/10/17, male.
142 Ibid.
143 FGD, Bangkok, 29/1/18, male.
144 FGD, Ngapidat, 28/9/17, female.
ကျားမကဏ္ဍ နှင့်အလုပ်အကိုင်
နဘုလယ်ဒေသတွင် ပြုလုပ်သော လူတွေ့မေးမြန်းမှုများနှင့်အုပ်စုဖွဲ့ ဆွေးနွေးမှုများတွင်
လူမှုလိင် (ကျားမကဏ္ဍ) နှင့်ပတ်သက်သော မှတ်ချက်များကို အသေးစိတ်ဆွေးနွေးခွင့် အများကြီး
မရခဲ့သော်လည်း အလုပ်အကိုင်အကြောင်းဆွေးနွေးစဉ် အတော်များများက အလုပ်အကိုင်နှင့်
ကျားမကဏ္ဍ အဆက်အစပ်တို့ကို အားတက်သရောဆွေးနွေးကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံတွင်
သွားရောက်လုပ်ကိုင်ကြသူများတွင် အမျိုးသားနှင့်အမျိုးသမီးအချိုးအစားကို ရွာသားအများစုက
မပြောနိုင်ကြပါ။ သို့သော် အမျိုးသမီးများအတွက် ရွာတွင်အလုပ်ရဖို့ ပိုခက်ကြောင်း အများစုကဆိုသည်။
ပရဒတ်မှ ဆိုင်ကယ်ပြင်သမားကတော့ “အဓိကအလုပ်မရှိတာက အမျိုးသမီးတွေပဲ။
အမျိုးသားတွေအတွက် အလုပ်နည်းနည်းရှိသေးတယ်” ဟု ပြောသည်။ 138ထိန်ကြီးတွင်ပြုလုပ်သော
အုပ်စုဖွဲ့ဆွေးနွေးမှုတစ်ခုတွင် ရွာသားတစ်ဦးက “ထိုင်းမှာဆို ယောင်္ကျားရော မိန်းမရော အလုပ်သွား
လုပ်လို့ရတယ်။ ဒီမှာက ယောင်္ကျားပဲ အလုပ်ရှိတယ်။ မိန်းမက အလုပ်မရှိဘူး”။139 ထိန်ကြီးမှာ
အမျိုးသမီးတွေလုပ်နိုင်တာ နည်းနည်းပဲရှိသည်ဟု သူကဆိုသည်။ မူဒူးမှ ရွာသားနှစ်ဦးကလည်း
သူ့အဆိုကို အားဖြည့်သည်။ခြံသမားတစ်ဦးကတော့ ထိုင်းတွင် စက်ရုံတွေပေါသဖြင့် နဘုလယ်က
အမျိုးသမီးအများအပြား သွားရောက် လုပ်ကိုင်ကြကြောင်းပြောသည်။ “အမျိုးသမီးတွေ အများကြီးပဲ
ပြောင်းသွားကြတာ။ စက်ရုံတွေက အမျိုးသမီးတွေပဲ ခန့်တယ်။” 140 “ဒီမှာက လုပ်စရာ အလုပ်မရှိဘူး။
တကယ်အလုပ်လုပ်တဲ့သူတွေကလည်း အားလုံးနီးပါးထိုင်းရောက်နေပြီ” ဟု ထိုင်းနိုင်ငံတွင် နှစ်
အတော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ လူငယ်တစ်ဦးကဆိုသည်။ 141
အထက်ပါမှတ်ချက်များအရ အလုပ်အပေါ်မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုပြီး နားလည်
သဘောပေါက်သလဲဆိုသည့် အချက်ကို အလေးပေးဆွေးနွေးရန် အရေးကြီးသည်။ ရွာသူရွာသားများနှင်
့ဆွေးနွေးချက်များအရ အိမ်မှုကိစ္စများကို အလုပ်ဟု မမှတ်ယူကြသည်ကိုတွေ့ရသည်။ နဘုလယ်တွင်
သာမက မြန်မာပြည်အနှံအပြားတွင် အမျိုးသမီးများ၏ လုပ်နိုင်စွမ်းနှင့်အလုပ်တို့ကို ချိုးနှိမ်ကြသည်။
“အမျိုးသမီးနဲ့အမျိုးသားတွေ လုပ်ရတာ မတူဘူး။ အမျိုးသမီးတွေက ပေါ့ပေါ့ပါးပါးအလုပ်တွေပဲရတာ”
ဟု မူဒူးမှ လူငယ်တစ်ဦးကဆိုသည်။ 142ထိုင်းတွင် အမျိုးသမီးတွေ အများကြီးဘာကြောင့် အလုပ်သွား
လုပ်နေကြသလဲဟု မေးခွန်းအပေါ် “ထိုင်းမှာက လုပ်ငန်းခွင် အခြေအနေ ပိုကောင်းတယ်” ဟု သူ၏
အမြင်ကို ပြောသည်။ ကိုယ်ဝန်ရှိလျှင်တောင်မှ ပေါ့ပေါ့ပါးပါးလုပ်ရသော အလုပ်များဖြင့်ဝင်ငွေကို
ထိန်းထားနိုင်သည်ဟု သူက ဥပမာပေးသည်။
ကျားမကဏ္ဍ
ကျားမကဏ္ဍ
145 FGD, Kamaungchaung, 19/12/17, male.
ရွှေ့ပြောင်းအလုပ်သမားများနှင့်နောက်ထပ် သက်ဆိုင်နေသည့်အရာတစ်ခုမှ ငွေလွှဲဖြစ်
သည်။ အမျိုးသား နှင့် အမျိုးသမီးများ အကြား ငွေလွှဲသည့် ပုံစံမတူကြောင်း ရွာသူရွာသားများက
မှတ်ချက်ပေးသည်။ အမျိုးသမီးများက သူတို့၏ မိသားစု အသက်မွေးဝမ်းကြောင်းကို ထိန်းထားနိုင်ဖို့
ဝင်ငွေကို အိမ်ပြန်ပို့ကြသည်။ အမျိုးသားများကတော့ ရရှိသော ၀င်ငွေကို မိန်းမယူဖို့ ၊
အိုးသစ်အိမ်သစ်ထူထောင်ဖို့ ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စုကြသည်။ (ဘန်ကောက်တွင် ပြုလုပ်သော
ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံရာတွင်လည်း အလားတူဖြေကြားခဲ့သည်။) 143မည်သို့ပင်ဆိုစေ
ငပိဒတ်မှ အမျိုးသမီးနှစ်ဦး ကတော့ သူတို့မိသားစု၏ စားဝတ်နေရေးတစ်ခုလုံးကို ထိုင်းနိုင်ငံတွင်
သွားရောက်အလုပ်လုပ်နေကြသော သူတို့၏ သားများဆီမှ လွှဲသောငွေအပေါ်တွင် မှီခိုနေရကြောင်း
ပြောဆိုသည်။ 144 နဘုလယ်တွင် အမျိုးသမီးများအတွက် အလုပ်အကိုင် ပိုမိုခက်ခဲချိန်တွင် အမျိုးသမီး
အများစုသည် ပြည်ပမှ လွှဲလိုက်သော ငွေအပေါ်တွင်သာ မှီခိုစားသောက်နေကြသည်။
စီမံကိန်းပြန်လည်စတင်လျှင် အလုပ်အကိုင်အခွင့်အလန်းရှိမရှိ သို့မဟုတ် အလုပ်အကိုင်
မည်မျှရရှိနိုင်မည် ဆိုသည့်အချက်သည် စီမံကိန်းအကောင်အထည်ဖော်သူများက အထူးစီးပွားရေး
ဇုန်ပထမအဆင့်တွင် မည်ကဲ့သို့သော စက်ရုံများတည်ဆောက်မည် ဆိုသည့်အချက်ပေါ် မူတည်နေသည်။
လုပ်သားအများစု လိုအပ်သော အသေးစားထုတ်လုပ်ရေး လုပ်ငန်းများတွင် အမျိုးသမီးအများအပြား
အလုပ်လုပ်ကိုင်လျက်ရှိသည်။ လုပ်သားအများစု လိုအပ်သော ကုန်ထုတ်လုပ်ငန်းများကို အထူးစီးပွားရေး
ဇုန် ပထမအဆင့်တွင် အာရုံစိုက်လျှင် နဘုလယ်ရှိ အမျိုးသမီးများအတွက် အလုပ်အကိုင်များ
ရရှိကြမည်ဖြစ်သည်။
အကြီးစားစက်မှုလုပ်ငန်းများတွင်ကား ကျွမ်းကျင်လုပ်သားများသာ အလုပ်ရမည်ဖြစ်ပြီး
အထူးသဖြင့်လုပ်သား လိုအပ်မှုလည်း နည်းပါးသည်။ အထူးစီးပွားရေးဇုန်အစီအစဉ်တွင် ထိုအကြီးစား
စက်ရုံများမှာ အဓိကအနေဖြင့် ပါဝင်နေသည်။ ရွာသူရွာသားများအနေဖြင့်တော့ သူတို့ဒေသတွင်
အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် မည်သည့် စက်ရုံကိုမဆို လက်ခံနိုင်ပုံရသည်။
တချိန်တည်းမှာပင် အထူးစီးပွားရေးဇုန်အတွင်းမှ စက်ရုံများတွင် အလုပ်လုပ်မည်ဆိုလျှင်
ကျွမ်းကျင်မှုနှင့် နည်းပညာများလိုအပ်သဖြင့် နဘုလယ်ဒေသနေလူထုမှာ ထိုလိုအပ်ချက်များ
မပြည့်မီမှာကို စိုးရိမ်ကြသည်။145အထက်တွင်ဆိုခဲ့သလို အမျိုးသမီးများမှာ အမျိုးသားများထက်
ယေဘုယျအားဖြင့် အတန်းပညာ နိမ့်ပါးကြသဖြင့် စီမံကိန်း ပြန်စလျှင် အမျိုးသားများမှာ အမျိုးသမီး
များထက် အခွင့်အရေး ပိုရှိကြောင်း တွေ့ရသည်။ ထိုအချက်ကပင်လျှင် စီမံကိန်းပြန်စလျှင် အမျိုးသား
များက အမျိုးသမီးများထက် ရွာပြန်လာချင်သည့် အကြောင်းရင်းဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အထူးစီးပွားရေးဇုန်ကြောင့် အလုပ်အကိုင်အမြောက်အများ ဖန်တီး
ပေးနိုင်မည်ဆိုသည့် အဆိုသည် အကန့်အသတ်ရှိကြောင်း သက်သေအထောက်အထားများဖြင့်
မီးမောင်းထိုးပြသင့်သည်။ မတ်တဖွတ်၊ သီလ၀ါ နှင့် အခြားဒေသတွင်းရှိ အလားတူစီမံကိန်းများကို
ကြည့်လျှင် မျက်မှောက်ကာလရော အတိတ်တွင်ပါ အလုပ်အကိုင်အခွင့်အလန်းသည် ဒေသနေလူထုထက်
အခြားဒေသမှာရွှေ့ပြောင်းလာသောလုပ်သားထုအပေါ်တွင်သာ တည်မှီနေကြောင်းတွေ့ရသည်။
ဖြည့်စွက်ချက် ၅ - မျက်မှောက်ခေတ် စက်မှုလုပ်ငန်းနှင့်လူမှုလိင်
(ကျားမကဏ္ဍ)
သူတို့ဒေသတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပြည်ပသို့ ရွှေ့ပြောင်း
အလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်ကြသည်ဟု နဘုလယ်ရွာသူရွားသားများက
ဆိုသည်။ အကြောင်းမှာ အလုပ်လုပ်နိုင်သည့် အရွယ်အမျိုးသမီးများအတွက် အလုပ်
မရှိသောကြောင့် ဟုဆိုသည်။ အထူးစီးပွားရေးဇုန်ကြောင့် အလုပ်အကိုင်များ ဖန်တီးနိုင်လျှင်
အထူးသဖြင့် ထိုင်းနှင့်မလေးရှားတို့တွင် လစာနည်းနည်းဖြင့် တရားမ၀င် သွားရောက်
လုပ်ကိုင်နေသည့် အမျိုးသမီးများအတွက် အကျိုးဖြစ်ထွန်းမည်ဟု အကြံပြုကြသည်။
ဤနေရာတွင် မဖြစ်မနေဖော်ပြရမည့်အချက်မှာ မြန်မာအစိုးရအနေဖြင့် အလုပ်အကိုင်
မြောက်များစွာကို ဖန်တီးပေးမည့် စီမံကိန်းတစ်ခုဟု သတင်းလွှင့်နေသော်လည်း ထားဝယ်
အထူးစီးပွားရေးဇုန်၏ အဓိက ကဏ္ဍတွင် လုပ်သားအများအပြားလိုအပ်သော အသေးစား
ထုတ်ကုန်လုပ်ငန်းနှင့် စက်ရုံများမပါဝင်ပါ။ အထူးစီးပွားရေးဇုန်၏ ကနဦးအဆင့်မှ လွဲ၍
စီမံကိန်း၏ အခြေအနေမှာ မရှင်းမလင်းဖြစ်နေဆဲ။ အထူးစီးပွားရေးဇုန်၏ အဓိက
အာရုံထားသည်ကား ရင်းနှီးမြှပ်နှံမှုပမာဏ ကြီးမားသည့် ရေနံဓါတုနှင့်ဆက်စပ်သည့်
အကြီးစားစက်မှုလုပ်ငန်းများ ဖြစ်သည်။ ထိုစက်ရုံများကား လုပ်သားလိုအပ်မှု နည်းပါး
သလို အရည်အသွေးမြင့် ကျွမ်းကျင်လုပ်သားများသာလိုအပ်သည်။ အထူးစီးပွားရေး
ဇုန်တွင် စက်ရုံတွေ အများကြီးဆောက်ပြီး အလုပ်အကိုင်များဖန်တီးကာ ရွှေ့ပြောင်း
အလုပ်သမားများ (အမျိုးသမီးများ)ကို အိမ်ပြန်လာစေမည်ဟု အမြင်ကား လွဲမှား
လျက်ရှိသည်။
ထပ်ပြောရလျှင် ထားဝယ်အထူးစီးပွားရေးဇုန်မှ လိုအပ်သည်မှာ ရွာသူရွာသား
များ၏ မြေသာဖြစ်သည်။ ရွာသူရွာသားများ၏ လုပ်အားမဟုတ်။ အဘယ်ကြောင့်ဆိုသော်
စီမံကိန်း၏ ဦးတည်ရာကို ခြုံငုံကြည့်လျှင် လုပ်သားအမြောက်အများ လိုအပ်သော
ကုန်ထုတ်စက်ရုံများထက် ရေနံဓါတုစက်ရုံကို အလေးပေးကြောင်း တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် မြေယာသိမ်းဆည်းခံရပြီး ပြောင်းရွှေ့နေရာချထားခံရသော သူတွေ
အတွက် အလုပ်အကိုင်အနည်းငယ်တော့ မျှော်လင့်လို့ရသည်။ မျက်မှောက်ကာက
တောင်အာရှ နှင့်အရှေ့တောင်အာရှ တ၀ှမ်းတွင် ဒေသနေလူထုမှာ သူတို့၏ မြေယာ
များကို လက်လွှတ်ဆုံးရှုံးနေရပြီး စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သယံဇာတတူးဖော်မှုများ
အတွက် ၄င်းတို့ ပုံမှန်လုပ်ကိုင်နေသော အခြေအနေကို စွန့်လွှတ်နေရပြီး ပြောင်းရွှေ့
နေရာချထားခံနေရသည်။ ဤသို့ဖြင့် လယ်သမားများနှင့် မြေယာပေါ် အမှီုပြု
အသက်မွေးသူများသည် ကြုံရာကျပန်းအလုပ်များဆီသို့ ပြောင်းရွှေ့လုပ်ကိုင်
နေကြရပြီး informal economics တွင် အမျိုးသမီးများနှင့် အမျိုးသားများအကြား
ကွာခြားမှုမြင့်မားသည်။ informal economies တွင် ကျားမကဏ္ဍ နှင့်ဆင်းရဲမွဲတေမှု
အကြား အဆက်အစပ် ကြီးမားစွာရှိကြောင်း သုတေသနရလာဒ်များအရ တွေ့ရသည်။
ကျားမကဏ္ဍ ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Martha Chen ၏ ရေးသားချက်ကို
ကိုးကားပြီး “informal economies တွင် အမျိုးသမီးများသည် ကုန်သည်နှင့်ထုတ်လုပ်
ကျားမကဏ္ဍ
သူများ(သို့မဟုတ်) နေ့စား ၊ ကန်ထရိုက်အလုပ်သမား ဖြစ်နိုင်ချေရှိသည်။ လုပ်ငန်းတစ်ခုတည်း
တွင်တောင်မှအမျိုးသား နှင့်အမျိုးသမီးတို့၏ အခန်းကဏ္ဍများက တခါတလေ မတူညီကြ
ကြောင်း ဆိုသည်။ အမျိုးသားများက အစားအစာနှင့် မသက်ဆိုင်သော အလုပ်ကြီးအကိုင်ကြီး
များတွင် လုပ်နိုင်ချေပိုများပြီး အမျိုးသမီးများကတော့ အစားအစာနှင့်ဆိုင်သော သေးငယ်သော
အလုပ်များကို လုပ်ကိုင်နိုင်ချေ ပိုများသည်။ အမျိုးသားရော အမျိုးသမီးပါ လုပ်ခလစာ
နည်းပါးကြသည်။ တပြိုင်နက်တည်း အမျိုးသားနှင့်အမျိုးသမီးအကြား လုပ်ခလစာကွာခြား
မှုလည်း ပိုများသည်။ သို့သော်လည်း အမျိုးသားများသည် ရာထူးမြင့် လစာမြင့် သည့်နေရာ
များတွင် ရှိသော်လည်း အမျိုးသမီးအများစုကတော့လစာနည်းနည်းဖြင့် (ကျပန်းနေ့စား
အလုပ်သမား၊ စက်ရုံအလုပ်သမား သို့မဟုတ် အိမ်အကူ စသည့်အောက်ခြေအလုပ်များ)
လုပ်ကြသည်။146
ထို့အပြင် ကျေးလက်ဒေသများတွင် ထားဝယ်အထူးစီးပွားရေးဇုန်ကဲ့သို့သော
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုတို့ကို မြှင့်တင်ခြင်းနှင့် ထိန်းချုပ်ခြင်းအားဖြင့် အမျိုးသမီးများ
လွှမ်မိုးမှုရှိနေသော စီးပွားရေး အလေ့အကျင့် အ၀န်းအ၀ိုင်းတို့ကို လျော့သွားအောင် ၊
ကျဉ်းမြောင်းသွားအောင် ပြုလုပ်ရာ ရောက်ကြောင်း သုတေသနများအရ သိရသည်။
ဥပမာအားဖြင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းလေးများ၊ အသေးစား စိုက်ပျိုးရေးနှင့်ငါးဖမ်း
လုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်နေမှုကို အကန့်အသတ်ဖြစ်သွားနိုင်သည်။147
ထိုကဲ့သို့အသော အခြေအနေက အမျိုးသမီးများကို အလုပ်နှင့်ပတ်သက်ပြီး မရေရာသော
အနိမ့်အမြင့် အခြေအနေများ ဖြစ်စေသည်။ အရှေ့တောင်အာရှရှိ ကျေးလက်ဒေသများနှင့်
နယ်စပ်များရှိ အထူးစီးပွားရေးဇုန်များတွင် အလုံးအရင်းဖြင့် ရင်းနှီးပါဝင်သူများ (largerscale
actors) ကိုသာ ဦးစားပေးပြီး ကျေးလက်နေလူထုမှာ နေရာမှ ဖယ်ပေးလိုက်ရပြီး
စည်းအပြင်ဘက်ရောက်သွားသည့် အခြေအနေများကို ပညာရှင်များနှင့်တက်ကြွလှုပ်ရှား
သူများအနေဖြင့် ရိပ်မိသဘောပေါက်ပြီးသားဖြစ်သည်။ 148
146 Aung (2012).
147 Kyoko Kusukabe, Prak Sereyvath, Ubolratana Suntornratana, and Napaporn
Sriputinibondh (2008), “Gendering Border Spaces: Impact of Open Border Policy
between Cambodia-Thailand on Small-scale Women Fish Traders,” African and
Asian Studies 7(1):1-17.
148 Mekong Migration Network (MMN) (2013), Migration in the Greater Mekong
Subregion: Resource Book: In-depth Study: Border Economic Zones and Migration,
Chiang Mai, MMN. Available at http://www.mekongmigration.org/finalised%20
BEZ%20pdf%20file.pdf (last accessed 26/4/18). 
ပိုမိုကျယ်ပြန့်သောအခင်းအကျင်း
ကျားမကဏ္ဍသည် သတင်းအချက်အလက်ရရှိမှု၊ အသက်မွေးဝမ်းကြောင်း၊ အလုပ်
အကိုင်တို့နှင့် အချင်းချင်းဆက်စပ်လျက်ရှိကြောင်း ရွာသူရွာသားများနှင့် ဆွေးနွေးပွဲများတွင် ဖော်ညွှန်း
ခဲ့ပြီးဖြစ်သည်။ ထို့အပြင် နဘုလယ်တွင်သာမက အခြား နယ်ပယ် အသီးသီးတွင်လည်း ကျားမကဏ္ဍသည်
ပါဝါအာဏာ အနိမ့်အမြင့်တို့ဖြင့် ဆက်နွယ်နေကြောင်း မှတ်ချက်ပြုရမည်ဖြစ်သည်။ နဘုလယ်ဒေသတွင်း
ရွာများ အားလုံးတွင် ကုန်သွယ်ရေးလုပ်ငန်းများတွင်ဖြစ်စေ၊ ကျေးရွာ အုပ်ချုပ်ရေးတွင်ဖြစ်စေ၊ ဘာသာ
ရေး လူမှုရေးလုပ်ငန်းများ တွင်ဖြစ်စေ အမျိုးသားများကသာ ပုံမှန်အားဖြင့် အရေးပါသောနေရာများကို
ရယူထားသည်။ 149 ရွာသူရွာသားများ၏ နိုင်ငံရေး လူမှုရေး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်အများစုကို
အမျိုးသားများကသာ ချမှတ်ကြသည်။ ထိုအခြေအနေများကား အထူးစီးပွားရေးဇုန် အကြို ရှေ့ပြေးအခြေ
အနေများဖြစ်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်းသည် ထိုအခြေအနေကို ပိုနက်ရှိုင်းစေမည်ဖြစ်သလို
ကျားမကဏ္ဍ အကြား မညီမျှမှုတွေကို ပိုမိုဆိုးရွား စေမည်ဖြစ်သည်။ အထူးစီးပွားရေးဇုန်စီမံကိန်းသည်
သတင်းအချက်အလက်ရရှိမှု အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းများတွင် ကျားမကဏ္ဍ၏
မညီမျှမှုများကို တိုးပွားစေယုံသာမက အဆိုပါ ကျေးရွာများအကြားရှိ ပါဝါအဆက်အစပ်များကိုလည်း
ပြောင်းလဲစေနိုင်သည်။
ထို့အပြင် ကျားမကဏ္ဍ ရှုထောင့်သည် နဘုလယ်ဒေသရှိ အလုပ်အကိုင်အပေါ်
မျှော်လင့်ချက်များနှင့် ပတ်သက်သော မေးခွန်းများပေါ်ထွက်လာစေသည်။ အရှေ့တောင်အာရှတွင်
ကုန်ထုတ်လုပ်ငန်းများ ထွန်းကားချဲ့ထွင်လာသည်နှင့် တပြိုင်နက် စက်ရုံများတွင် လုပ်သားလိုအပ်မှုများ
ရှိလာသည်။ ထိုအခါ စီးပွားရေးလုပ်ငန်းရှင်များသည် အမျိုးသမီးများကို ရှာဖွေအလုပ်ခန့်ကြသည်။
အကြောင်းရင်းကား အမျိုးသမီးများသည် လုပ်ခလစာပိုနည်းသောကြောင့်ဖြစ်သည်။ဤသို့ဖြင့်
အမျိုးသမီးများ၏ လုပ်ခလစာကို လျှော့အတွက်ခံရပြီး အရည်အသွေးနိမ့်အလုပ်သမားများအဖြစ်
သတ်မှတ်ခံရသည်။ ထိုသို့ အမျိုးသမီးဟူသော သတ်မှတ်ချက်ကြောင့်လုပ်ခလစာ လျော့ပေးခြင်းသည်
အလုပ်ခွင်အပြင် အခြားသောနေရာများတွင်လည်း လူမှုလိင်ကြောင့် ဖြစ်ပေါ်လာသော ခွဲခြားမှုများ ၊
ပါဝါအပြောင်းအလဲများကို ဖြစ်ပေါ်စေပြီး ရလာဒ်အနေဖြင့် အမျိုးသမီးများကို ဆုံးဖြတ်ချက်ချရာနေရာများမှ
ဖယ်ထုတ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။150 ထိုသို့ ခွဲခြားဆက်ဆံသည့်ပုံစံ (အမျိုးသမီးများကို
လစာလျော့ပေး သည့်ပုံစံ)ကို နဘုလယ်ဒေသမှာ လိုချင်ပါသလား။ လက်ရှိ ကျားမကဏ္ဍ မညီမျှမှုများကို
ဆက်လက် ဖြစ်ပေါ် လာစေမည့် လစာနိမ့်၊ တန်ဖိုးနိမ့် ပြီး မလုပ်ချင်သော အလုပ်များကို လုပ်ရမည့်
အလုပ်မျိုးဆိုရင် ဘယ်လိုလဲ။ နဘုလယ်တွင် အလုပ်အကိုင်များ ဖန်တီးနိုင်ခြင်းဖြင့် သူတို့၏ မိသားစုများ
149 KII, TWU, 10/11/17, female; KII, DDA, 14/2/18, female.
150 See for example Jackie Pollock and Soe Lin Aung (2010), “Critical Times: Gendered Implications of
the Economic Crisis for Migrant Workers from Burma/Myanmar in Thailand,” Gender and Development
18(2):213-227. See also Soe Lin Aung (2012), “The Gendered Implications of Myanmar’s Neoliberal
Turn,” Gender Insights, Singapore, Institute for Southeast Asian Studies (ISEAS).
ကျားမကဏ္ဍ
151 FGD, Nabule, male. Anonymity precaution.
ပြန်လည်ပေါင်းဆုံ စုစည်းနိုင်ပြီး သူတို့၏ လူမှုရေးအသိုက်အမြုံ ကို ပြန်လည်တည်ဆောက်ရန်
ပြင်းပြသောဆန္ဒရှိကြကြောင်း ရွာသူရွာသားများ၏ မှတ်ချက်များအရ သိရသည်။ သို့သော်လည်း
အထူးစီးပွားရေးဇုန် စက်မှု လုပ်ငန်းများသည် လူမှုရေးအသိုက်အမြုံကို တစစီဖြစ်စေနိုင်သည်။
သုတေသနရလာဒ်အရ ရပ်ရွာ လူထုအလိုရှိသော အလုပ်အကိုင်အခွင့်အလန်းဆိုသည်မှာ လူမှုရေးနှင့်
ယဉ်ကျေးမှုကို ရေရှည် စဉ်ဆက်မပြတ် တိုးတက်စေနိုင်သော အခွင့်အလန်းမျိုးသာဖြစ်သည်။
နိဂုံး
ရပ်ရွာလူထု၏ မျှော်ရည်ချက်
နိဒါန်းတွင် ဒေါ်ထွေး ၊ ဦးဖြိုးတို့နှင့် စခဲ့သည်။ အခု ဦးမြင့်ကျော်နှင့်ဆုံးမည်။ သူကား
နဘုလယ်ဒေသအတွင်းမှ မြေယာမဲ့ လုပ်သားတစ်ဦးဖြစ်သည်။ ဦမြင့်ကျော်သည် ခဲမိုင်းရပ်သွား
သောကြောင့် အလုပ်မရှိတော့သဖြင့် အခြားရွာမှ ရွှေ့ပြောင်းလာသူဖြစ်သည်။ သူနှင့်သူ့မိသားစုသည်
အမျိုးသမီးကြီးတစ်ဦး ပိုင်ဆိုင်သော မြေပေါ်တွင် နေထိုင်သည်။ ဦးမြင့်ကျော်နှင့် သူ၏အမျိုးသမီးသည်
တောထဲမှ ထင်းကောက်ခြင်းနှင့်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးသည်။ ခြောက်သွေ့သော ရာသီတွင်
နေစွမ်းအင်မှ ရရှိသော လျှပ်စစ်မီးဖြင့် တစ်ရက်ကို ရုပ်ရှင် နှစ်ကားမှ သုံးကားအထိ ကြည့်လို့ရကြောင်း
သူကပြောသည်။ ရေတွင်းမှ သန့်ရှင်းကြည်လင်သော ရေကို လုံလုံလောက်လောက်ရရှိသည်။
သူကတော့ စီမံကိန်းနှင့် ပတ်သက်ပြီး အတော်လေး ဒွိဟဖြစ်နေသည်။ စီမံကိန်းကို ပြင်းပြင်းထန်ထန်
ဝေဖန်နေပြီး အထူးသဖြင့် လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး
သူ့အနေဖြင့် မည်ကဲ့သို့ ဖြစ်စေချင်သည်ကို ပြောသည်။ ရွာသူရွာသားများအနေဖြင့် အလုပ်အကိုင်၊
အခြေခံအဆောက်အဦ နှင့် လျော်ကြေးတို့အတွက် စီမံကိန်းကို ထောက်ခံနေသည်ကိုလည်း သူ့အနေဖြင့်
နားလည်ကြောင်းဆိုသည်။ သူ့အနေဖြင့်လည်း ရွာတွင် အလုပ်အကိုင်အခွင့်အလန်းများ ပေါ်ပေါက်
စေချင်ကြောင်းဆိုသည်။ 151
နောက်ဆုံးအနေဖြင့် ဦးမြင့်ကျော်၏ရွာထဲက အုပ်စုတစ်စုနှင့် တွေ့ဆုံသည်။ နံနက်ခင်း
တစ်ခုမှာ အတူတကွထိုင်ပြီး အထူးစီးပွားရေးဇုန် ပြန်လည်စတင်ရန် ရှိမရှိနှင့် ပြန်စရင် ဘယ်လိုဖြစ်လာ
မလဲဆိုတာကို ဆွေးနွေးကြသည်။ တစ်ဦးကတော့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူ၏အသက်
မွေးဝမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရသူတစ်ဦးဖြစ်သည်။
အခြားတစ်ဦးကတော့ အထူးစီးပွားရေးဇုန်အတွင်း လုံခြုံရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်နေပြီး အထက်
မြန်မာပြည်မှာ ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။ ပင်လယ်ကမ်းဘက်က ပြောင်းရွှေ့လာသော 
152 FGD, Hteingyi, 24/10/17, male.
လယ်သမားတစ်ဦးလည်း ပါသေးသည်။ သူမကတော့ ဆွေးနွေးပွဲ တစ်ခုလုံးကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါ။
သူတို့ရဲ့အဆိုအရ ယေဘုယျအားဖြင့်စီမံကိန်းကို အလိုရှိကြသည်။ အထူးသဖြင့် အလုပ်အကိုင်
အခွင့်အလန်းကြောင့် ဖြစ်သည်။ “စီမံကိန်းပြန်စရင်လည်း မြန်မြန်ပြန်စစေချင်တယ်။ မလုပ်ဘူးဆိုရင်
လည်း လုံးဝမလုပ်နဲ့တော့။ အခုလို ဆိုင်းငံ့ထားတာက ဒေသခံတွေအတွက် အရမ်းအထိနာတယ်။
ပြန်စရင်တော့ ဆင်းရဲသားတွေအတွက် ပိုကောင်းတာပေါ့” ဟု အဆိုပါ လုံခြုံရေး ၀န်ထမ်းကဆိုသည်။ 152
ဒါဆိုရင် ရပ်ရွာလူထုက ဘာလိုတာလဲ။ သူတို့ရဲ့ အမြင်နဲ့စိတ်ကူးတွေ အယူအဆနဲ့
မျှော်လင့်ချက်တွေက ဘာတွေလဲ။ အစီရင်ခံစာအရတော့ စီမံကိန်းကို လုံးလုံးလျားလျား ထောက်ခံသူ၊
ကန့်ကွက်သူ ရှားသည်။ သူတို့ရဲ့ အမြင်တွေက ရှုပ်ထွေးသည်။ သူတို့ရဲ့ မှတ်ချက်တွေမှာ ဝေခွဲမရတာတွေ
တခါတလေ ရှေ့နောက်မညီညွတ်တာတွေ တွေ့ရသည်။ ရွာသူရွာသားများအကြား အမြင်မတူတာတွေ
ခဏခဏတွေ့ရပြီး တခါတလေ တော်တော်လေး ပြင်းပြင်းထန်ထန် ငြင်းကြခုံကြသည်။
မည်သို့ပင်ဆိုစေ အချို့ ရွာသားများ၏ အဆိုကား ရှင်းသည်။ သုတေသနပုံစံသည် ကိန်း
ဂဏန်းဖြင့် စနစ်တကျချဉ်းကပ်သည့် ပုံစံမဟုတ်သော်လည်း အထူးစီးပွားရေးဇုန်အတွင်းမှ ရွာသူရွာသား
အများစုသည် အလုပ်အကိုင်၊ အခြေခံအဆောက်အဦနှင့် လျော်ကြေး တို့ကိုလိုလားကြကြောင်း
ရှင်းရှင်းလင်းလင်းသိရသည်။ သို့သော်ငြား လက်ရှိ မျက်မြင်ကြုံတွေ့နေရသည့် သက်သေ
အထောက်အထားများအရတော့ လျော်ကြေးသည် အဆိုးကျော့သံသရာကို လည်စေပြီး အခြေ
အဆောက်အဦတို့ကား ရွှေ့ပြောင်းခံရမည့် ရွာသားများအတွက်မဟုတ် စက်ရုံများနှင့် ရင်းနှီးမြှပ်နှံသူတို့
အတွက်သာဖြစ်သည်။ အလုပ်အကိုင်အများစုသည် အခြားမှလာရောက်ကြသော ရွှေ့ပြောင်းလုပ်သာများ၊
နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် မန်နေဂျာများ အတွက်သာဖြစ်သည်။ ရွာသူရွာသားများအကြားထို
အကြောင်းအရာများကို အသိအမြင်ဖွင့်ပေးရန်လိုသည်။ ထို့အပြင် ရပ်ရွာလူထု၏ ပကတိအမြင်နှင့်
သဘောဆန္ဒတို့ကို အကူအညီပေးရန် အားထုတ်ကြရမည်။
ရပ်ရွာနေ လူထုအမှန်တကယ်လိုလားသည့် အရာမှာ အထူးစီးပွားရေးဇုန်ဆိုတာထက်
၎င်းတို့လိုချင်ကြသော အလုပ်အကိုင်၊ ရုပ်ဝတ္ထုဖွံ့ဖြိုးမှု နှင့် စီးပွားရေး ဖူလုံရေးတို့ကို အထူးစီးပွားရေးဇုန်က
ဆောင်ကျဉ်းလာမည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ အထူးစီးပွားရေးဇုန်သည် အဆိုပါအရာများကို
ဆောင်ကျဉ်းလာမည် မဟုတ်ကြောင်း၊ ထိုမျှမက ရပ်ရွာနေလူထု၏ လှုမှုဘ၀ နှင့် အသက်မွေးဝမ်းကြောင်း
မလုံခြုံမှုတွေကို တိုးပွားလာစေမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်မရှိသော်လည်း ၄င်းတို့လိုချင်သော
အထက်ပါရလာဒ်များကို ရရှိနိုင်ကြောင်း ဒေသနေလူထုကို အသိအမြင်ပေးဖို့ တာဝန်ရှိသည်။
စီမံကိန်း ဆက်လက်အကောင်အထည်ဖော်သည်ဖြစ်စေ၊ မဖော်သည်ဖြစ်စေ အစိုးရနှင့်
စီမံကိန်း အကောင်အထည်ဖော်သူများ အနေဖြင့် အတိတ်ကဖြစ်ပေါ်ခဲ့သော ပြဿနာအခက်အခဲများကို
ဖြေရှင်းရန် အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားရမည်ဖြစ်သည်။ ထိခိုက်ခံစားကြရသော ဒေသနေ
လူထုအတွက် လိုအပ်သည့်ကုစားမှုများကို တာဝန်သိသိဖြင့် တာဝန်ယူဖြေရှင်းရန် လိုအပ်ပေသည်။
တနည်းအားဖြင့် သုတေသနတလျှောက် ရပ်ရွာနေလူထုသည် အောက်ပါအချက်တို့ကို တောင်းဆိုကြ
နိဂုံး
သည်။
ရှင်းလင်းသော စနစ်ကျသော တန်းတူညီမျှဖြစ်သော သတင်းအချက်အလက်ရရှိရန်
ပွင့်လင်းသော သာတူညီမျှ မျှတသော လျော်ကြေးလုပ်ငန်းစဉ်များ
မူလ ထက်ပိုမိုကောင်းမွန်သော (သို့မဟုတ်)နဂို လူမှုဘ၀အရည်အသွေးမရလျှင်
မပြောင်းရွှေ့ရန်
ဒေသနေရွာသူရွာသားများအား အကျိုးဖြစ်ထွန်းစေမည့် အလုပ်နှင့်အခြေခံ အဆောက်အဦ
များတွင် ရင်းနှီးမြှပ်နှံရန်
ထားဝယ်၏ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ရာထူးကြီးငယ်၊ လူတန်းစား၊
အသက်အရွယ် ကျားမကဏ္ဍ မရွေး အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရန်
အထက်ပါတောင်းဆိုချက်များကို ပြည့်မီရန်တော့ မလွယ်ကူနိုင်သော်လည်း လက်ရှိ
ဒီမိုကရေစီ အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမှုများအပေါ် သတိထားလုပ်ကိုင်နေသော အခင်းအကျင်း
တွင် စုပေါင်းလုပ်ဆောင်မှုဖြင့် အခွင့်အလန်းကောင်းများကို ဖန်တီးနိုင်မည်ဖြစ်သည်။
အခြားသော အလားအလာများ
မြန်မာနိုင်ငံကား သမိုင်းဝင်လှုပ်ရှားမှုတွေရှိသည်။ အခြားတစ်ဘက်တွင်တော့ အစိုးရသည်
အရင်စစ်အစိုးရ လက်ထက် ကျင့်သုံးလာခဲ့သော ဖွံ့ဖြိုးရေး အလေ့အကျင့် ပုံစံတို့ကို ဆက်လက်
ကိုင်စွဲသွားနိုင်သည်။ အပေါ်-အောက် ဆက်ဆံသည့်ပုံစံ၊ အရင်းအနှီးများစွာလိုအပ်သော သယံဇာတ
အရင်းအမြစ်များ ပျက်သုဉ်းစေမည့် စီမံကိန်းများကိုသာ စစ်အစိုးရအဆက်ဆက် အကောင်အထည်
ဖော်ခဲ့ပြီး အကျိုးအမြတ်များမှာလည်း ရေပေါ်ဆီလူတန်းစား လက်တစ်ဆုပ်စာ အတွက်သာဖြစ်သည်။
ကမ္ဘာ့ဘဏ်ကဲ့သို့ အချို့သော သမရိုးကျ ဖွံ့ဖြိုးရေးအင်စတီကျူးရှင်းများကလည်း အထက်ပါပုံစံကို
ပြောင်းလဲပစ်ဖို့ နည်းလမ်းများကို ပြောဆိုကြသည်။ အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မြန်မာ
အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပြည်သူ့လူ့အဖွဲ့အစည်းများကလည်း အဆိုပါ မူဘောင်အတွင်းမှ
အလုပ်လုပ်ကြသည်။ အဆိုပါ အခင်းအကျင်းတွင် ပြည်တွင်းပြည်ပမှရေပေါ်ဆီများကတော့ ကျေးလက်
လူ့ငမွဲတွေဆီက အရင်းအမြစ်သယံဇာတများကို ဂုတ်သွေးစုပ်ခြယ်လှယ် ထင်တိုင်းကြဲခွင့်ရနေဆဲ
ဖြစ်သည်။
မြန်မာ့ကျေးလက်နေလူထု၏ လူမှုဘ၀များနှင့် အသက်မွေးဝမ်းကြောင်းတို့ကို ကာကွယ်ဖို့
“စီမံကိန်းပြန်စရင်လည်း မြန်မြန်ပြန်စစေချင်တယ်။ မလုပ်ဘူးဆိုရင်လည်း
လုံးဝမလုပ်နဲ့တော့။ အခုလို ဆိုင်းငံ့ထားတာက ဒေသခံတွေအတွက်
အရမ်းအထိနာတယ်။
ထိန်ကြီးရွာသားတစ်ဦး 
ဆိုလျှင် အခြားဖြစ်နိုင်တန်ချေရှိသော မျှော်ရည်ချက်များကို ထုတ်ဖော်ဖို့ စစ်မှန်သော သန္နိဌာန်ချဖို့
အချိန်ရောက်ပြီဖြစ်သည်။ တနိုင်တပိုင် မွေးမြူရေးနှင့်ရေလုပ်ငန်း ၊ ဓလေ့ထုံးတမ်းနှင့် အညီသစ်တောကို
အသုံးပြုခြင်း စသော လုပ်သားအင်အားအများအပြားလိုအပ်သော အသေးစား လုပ်ငန်းအလေ့အထများကို
ကာကွယ်ထိန်းသိမ်းရန် ဆွေးနွေးပြောဆိုနေမှုများ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူ့လူ့အဖွဲ့အစည်းများနှင့်
ကျေးလက်နေပြည်သူများအကြား ပိုမိုများပြားလာသည်။ ထိုအလေ့အထသည် မြန်မာနိုင်ငံအတွင်းရှိ
လူအများစု၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာကျသလို ၄င်းတို့၏ အသက်မွေးကြောင်းကိုလည်း
ဖန်တီးပေးသည်။153 ထိုအလေ့အထသည် မြန်မာပြည်တွင်းမှ ရပ်ရွာလူထုအနေဖြင့် ၄င်းတို့၏
သဘာဝအရင်းအမြစ်များကို ၄င်းတို့ကိုယ်တိုင် စီမံအုပ်ချုပ်ပြီး ကိုယ်နှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးပုံစံကို ကို
ယ်တိုင်တည်ဆောက်နိုင်ခြင်းဖြင့် ရေရှည်တည်တံ့သော အနာဂတ်အလားအလာကို ဖန်တီးနိုင်မည်
ဖြစ်သည်။
အလုပ်အကိုင် ၊ အခြေခံ အဆောက်အဦ နှင့် ငွေကြေးဖူလုံမှု စသည့် ရပ်ရွာလူထု၏ ဆန္ဒများ
အမှန်တကယ်ဖြစ်ပေါ်လာဖို့ အဖြေရှာရမည် ဖြစ်သည်။
သုတေသနတွင် ဖော်ပြခဲ့သည့်အတိုင်း ပါဝါ အတန်းအစား အသက်အရွယ်နှင့်လူမှုလိင်
တို့အကြား ဆက်နွယ်မှုများအပါအ၀င် ထားဝယ်ရပ်ရွာနေလူထု၏ အသံများကို အလေးထားသောအားဖြင့်
အစိုးရ၊ ရင်းနှီးမြှပ်နှံသူများ နှင့်စီမံကိန်းတည်ဆောက်သူများသည် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်
ပတ်သက်ပြီး ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတို့ကို ပြန်လည်သုံးသပ်သင့်သည်။ ရပ်ရွာလူထုအခြေပြုခရီးသွား
လုပ်ငန်း၊ ရေရှည်တည်တံ့နိုင်သည့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းစသည့် အခြားသော ဖွံ့ဖြိုးမှု မဟာဗျူဟာ
နှင့်မူဝါဒများကို စဉ်းစားအကောင်အထည်ဖော်သင့်သည်။154 နှစ်ပေါင်းများစွာအတွင်း ပထမဆုံးလူထုမှ
ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရအနေဖြင့် အဆိုပါမဟာဗျူဟာနှင့်မူဝါဒများ
ရှေ့ဆက်နိုင်အောင် တွန်းအားပေးနိုင်သည်။ ရေရှည်အကျိုးမျှော် အောက်ခြေလူထုစည်းရုံးလှုံ့ဆော်မှု
များလည်း မရှိမဖြစ် လိုအပ်သည်။
အပေါ်မှအောက်သို့ စီးဆင်းသည့် ဖွံ့ဖြိုးရေးပုံစံများနှင့် ညစ်ညမ်းသော စီမံကိန်းအကြီးစားကြီး
များအစား ဒေသတွင်း လက်ရှိမှီတင်းနေထိုင်သူတို့၏ သဘာဝပတ်ဝန်းကျင် ၊အသက်မွေးဝမ်းကြောင်းတို့နှင့်
ကိုက်ညီသည့် အခြားသော မျှော်ရည်ချက်တစ်ခုကို ထားဝယ်လူ့အဖွဲ့အစည်းအတွက် ချမှတ်သင့်သည်။
ထားဝယ်မှ ပြည်သူ့လူ့အဖွဲ့အစည်းများ ကြွေးကြော်ကြသလို ထားဝယ်လူ့အဖွဲ့အစည်းအတွက်သာမက
မြန်မာတစ်နိုင်ငံလုံး အတွက် သစ်လွင်သော မျှော်ရည်ချက်များထားရှိပြီး ရေရှည်တည့်တံ့နိုင်သော
အနာဂတ် ကမ္ဘာကို တည်ဆောက်ကြရမည်ဖြစ်သည်။ 155
153 Cf. TNI (2015).
154 “Statement on Government Plans to Resume the Dawei Special Economic Zone (SEZ)
Project,” Dawei, Myanmar, 20/4/18, available at https://progressivevoicemyanmar.org/wp-content/
uploads/2018/02/Statement-on-government-plans-to-resume-the-DSEZ_200118_English.pdf (last
accessed 25/4/18).
155 Ibid. 




သေစိတ်သိလိုပါက  https://earthrights.org/wp-content/uploads/Communities-in-the-Balance_Mya_Version.pdf?fbclid=IwAR2tx8KV6Z7ZcxnGH8nFeHGnzsGQtB3GHc2H67VLLuaPSdEWjfNXjNULme0
ဝင်ဖတ်ပေးပါ











Comments

Popular posts from this blog

ရှေဟောင်းသမိုင်းဝင်း တန်းခိုးကြီးသော ခြေရာတော်ဘုရား

ဘုလယ်ခြေတော်ရာဘုရား ခေါင်းလောင်းစာ သမိုင်း

ဆင်တုန်းမနွယ် သက်စောင့်ဆေး