နဘုလယ် စက်တော်ရာ ဘုရားသမိုင်း

နဘုလယ် စက်တော်ရာ ဘုရားသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့ နယ် " နဘုလယ်ရွာ " တွင်တည်ရှိပါသည်။ ဤ စက်တော်ရာဘုရားအား သွားရောက်ဖူးမြော်မည်ဆိုပါက ထားဝယ်မြို့ မှ မိုင်(၂၀) ကျော်ခန့် ကား ဆိုင်ကယ်များဖြင့် သွားရောက်ဖူးမြော်နိုင်ပါသည်။ * နဘုလယ် စက်တော်ရာ ဘုရားသမိုင်းမှာ * ±±±±±±±±±±±±±±±±±±±±±±±±±±±± ဝေမိဿကတောင် ( ကနန်းတောင် ) ဝယ် ဂဝံပတေ့ရသေ့ ဒူရကနတ်သား ကုမ္ဘဏ္ဍပ်နတ်ဘီလူး တို့ အား အသီးသီး ဗျာဒိတ်ထားတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် ညီတော် အာနန္ဒာ နှင့်တကွ ယခု "နဘုလယ်ရွာအနီး" သုဝဏ္ဏဂိရိ သုဝဏ္ဏ တောင်ကုန်း၌ ရပ်တော်မူပြန်လေ၏။ မှတ်ချက်/ ယခုထိုသမိုင်းကို ဖတ်ရှုနေသော မိတ်ဆွေသည် ဤနေရာဒေသကို မြတ်စွာဘုရားရှင်သည် အဘယ်သို့ အကြောင်းကြောင့် ရောက်လာသည်ကို မရှင်းလင်းနေပါက ကျွန်ုပ် မျှဝေပေးခဲ့ပြီးပြီဖြစ်သော် " ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင် ဘုရားများထဲက စေတီတစ်ဆူဖြစ်သော ကလိန်အောင် ဆုတောင်းပြည့် ရှင်ဆံတော် ဘုရားစေတီ သမိုင်းတွင် သွားရောက်ဖတ်ရှုပါက သိရပါလိမ့်မည်ဖြစ်ပါသည်။ ထိုနောက် မြတ်စွာဘုရားရှင်သည် အနာဂတံ ရွှေညဏ်တော်ဖြင့် သိတော်မူ၍ ပြုံးတော်မူ၏။ ညီတော် အာနန္ဒာ အားလျှောက်...