အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံသားများကို မြန်မာက ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်

အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံသားများကို မြန်မာက ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် ================================== အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ စ၍ မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ အပြည်ပြည် ဆိုင်ရာ လေဆိပ်များမှ ဝင်ရောက်လာသည့် အဆိုပါ နိုင်ငံသားများကို ဗီဇာကြေး အမေရိကန် ဒေါ်လာ (၅၀) နှင့် ရက်ပေါင်း (၃၀) အလည်အပတ် ဗီဇာ ပေးမည် ဖြစ်ကြောင်း သိရသည်။ ဆိုက်ရောက် ဗီဇာဖြင့် ဝင်ရောက်သူများ အနေဖြင့် အလည်အပတ် ဗီဇာ ကိုသာ ရရှိမည်ဖြစ်ပြီး ကန့်သတ် နယ်မြေများမှ လွဲ၍ ကျန်နေရာများတွင် သွားလာ လည်ပတ်ခွင့် ရှိကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများကို ဗီဇာ ကင်းလွတ်ခွင့်နှင့် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ဝင်ရောက်သည့် ဟောင်ကောင်၊ မကာအို အပါအဝင် တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ တို့ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့က စတင် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ Tachileik News Agency https://www.tachileik.net/2019/06/av.html ************ ~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~ အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံသားများကို မြန်မာကဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် https://www.tachileik.net/2019/06/av.html ************ အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် အဆိုပါနိုင်ငံသားများကို ဗီဇာကြေး အမေရိကန်ဒေါ်လာ (၅၀)နှင့် ရက်ပေါင်း (၃၀)အလည်အပတ်ဗီဇာပေးမည်ဖြစ်ကြောင်း သိရသည်။ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်သူများအနေဖြင့် အလည်အပတ်ဗီဇာကိုသာ ရရှိမည်ဖြစ်ပြီး ကန့်သတ်နယ်မြေများမှလွဲ၍ ကျန်နေရာများတွင် သွားလာလည်ပတ်ခွင့်ရှိကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်သည့် ဟောင်ကောင်၊ မကာအိုအပါအဝင် တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာတို့ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့က စတင်ခွင့်ပြုပေးထားခြင်းဖြစ်သည်။ Tachileik News Agency ⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱

Comments

Popular posts from this blog

ရှေဟောင်းသမိုင်းဝင်း တန်းခိုးကြီးသော ခြေရာတော်ဘုရား

ဘုလယ်ခြေတော်ရာဘုရား ခေါင်းလောင်းစာ သမိုင်း

ဆင်တုန်းမနွယ် သက်စောင့်ဆေး